iMyanmarHouse.com - Best Property Website for Myanmar
×





Credit : News Watch

သက်ကိုနိုင် (ခ) ဇွဲထန်သည် ရုပ်ရှင်နှင့်ဗီဒိယို သရုပ်ဆောင်ဒေါ်မေသန်းနု (ခ) မသန်းသန်းဆင့်ကို ဂုဏ်သိက္ခာကျဆင်းအောင် အမြင်မှား၊ အထင်မှား ဖြစ်စေရန် ၎င်း၏လူမှုကွန်ရက် (facebook) မှနေ၍ ၂၃-၁-၂၀၁၈ ရက် နံနက် ၆ နာရီတွင် ပို့စ်တင်ထားမှုနှင့်ပတ်သက်ပြီး ပြန်လည်မတောင်းပန်ပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု မေသန်းနု၏ အကျိုးဆောင်တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက News Watch သို့ ပြောသည်။

”သက်ကိုနိုင် (ခ) ဇွဲထန်ရေးထားတာက ကျွန်တော်ရစရာရှိတဲ့ ငွေပမာဏကို ယခုလာမည့် တနင်္လာနေ့(သို့) အင်္ဂါနေ့တွင် လူကြီးစုံရာ အသိသက်သေများရှေ့တွင် မေသန်းနုမှ ပေးဆပ်ရန် ရှိငွေများကိုပေးပါမည်ဟု ၂၀ ရက်ညက ဆက်သွယ်လာပါသည်”လို့ မိမိသက်သာရာသက်သာကြောင်း ဒေါ်မေသန်းနုအမည်ကို ခုတုံးလုပ်ခဲ့တာကို အထောက်အထားအရသိရတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီ ၈ ရက်မတိုင်ခင် မတောင်းပန်ရင် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက ပြောသည်။

သက်ကိုနိုင် (ခ)ဇွဲထန်အား သိစေအပ်သည်မှာ မိမိ၏ အခက်အခဲပြဿနာအပေါ် မိမိဘာသာ ပြေလည်ရာပြေလည်ကြောင်း ဖြေရှင်းသင့်ကြောင်း၊ ဒေါ်မေသန်းနု၏အမည်ကိုသုံး၍ မိမိ၏ ပြဿနာ အခက်အခဲကို ခုတုံးလုပ်၍ မသုံးသင့်ကြောင်း၊ လူပုဂ္ဂိုလ်သိက္ခာ၊ လုပ်ငန်းသိက္ခာတို့ကို များစွာထိခိုက်ကြောင်း၊ ဒေါ်မေသန်း နု၏ဓာတ်ပုံများကိုသုံး၍ မမှန်မကန် ကြေညာခဲ့မှုများပြုလုပ်ခဲ့၍ ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အကယ်ဒမီဒေါ်မေသန်းနုကို ဖုန်းဆက်၍ မေးမြန်းရာ ဖုန်းကိုင်ခြင်းမရှိပေ။

Credit : News Watch

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top