iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Thit Htoo Lwin

၂၀၀၈ခုနှစ်ခန့်က ဂျာမန်ကင်ဆာရှာဖွေရေးစင်တာရဲ့ရှာဖွေတွေ့ရှိချက်အရ ပန်းသီး တစ်လုံးရဲ့အာနိသင်ဟာ ကျန်းမာရေးအတွက် အတော်လေးကို အထောက်အကူပြုနေတာကို တွေ့ရှိလာခဲ့ပါတယ်။

သူတို့ရဲ့စမ်းသပ်မှုမှာ တစ်နေ့ကို ပန်းသီးတစ်လုံးထက်ပိုစားသူများက လုံးဝကို မစားသုံးသောလူများထက် ကျန်းမာရေးမှာ ခေါင်းတစ်လုံးသာနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ထပ်မံတွေ့ရှိချက်ကတော့ ပါးစပ်ကင်ဆာ ၊ ရင်သားကင်ဆာ ၊ ကျောက်ကပ်ကင်ဆာ ၊ လည်ချောင်းကင်ဆာ ၊ အူမကြီးကင်ဆာစတဲ့ ကင်ဆာအမျိုးမျိုးရဲ့ဒဏ်ကိုလည်း လျော့ပါးသွားစေနိုင်အောင် ပန်းသီးက လုပ်ဆောင်ပေးနိုင်ပါတယ်။

Cornell တက္ကသိုလ်ရဲ့စစ်ဆေးရှာဖွေမှုအရ ပန်းသီးတစ်လုံးရဲ့အခွံမှာ Antioxidant ပါဝင်မှုမြင့်မားတာကြောင့် အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရင်သားကင်ဆာရောဂါအန္တရာယ်မှ အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ပန်းသီးတစ်လုံးမှာ Antioxidant ဓါတ်များများပါဝင်လေ ကင်ဆာဆဲလ်တွေကို ကိုယ်အတွင်းမပျံနိုင်အောင် တားဆီးပေလေလေပါပဲ။

ဒါကြောင့် ပန်းသီးဟာ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ပေးနိုင်တဲ့ အသီးဝလံဖြစ်နေလို့ နေ့စဉ်စားသုံးဖို့ လိုအပ်တာပဲ ဖြစ်ပါတော့တယ်။

Credit : Thit Htoo Lwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top