iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းက ခ်စ္သူမ်ားနဲ႕က အြန္လိုင္းစာမ်က္ႏွာေပၚမွာ တက္လာတဲ့ သတင္းအမွားေတြနဲ႕ပတ္သက္ၿပီး ေျပာျပလိုက္တာ ျဖစ္ပါတယ္။

ခ်စ္သူမ်ားေန႕မွာ ေအးေသာင္းကို ေကာင္ေလး တစ္ေယာက္က ကိတ္မုန္႕ခြင့္ေကၽြးေနတဲ့ ပုံေလးေတြနဲ႕အတူ အဲ့ဒီေကာင္ေလးဟာ ေအးေသာင္းရဲ႕ ခ်စ္သူဆိုတဲ့ သတင္းေတြဟာ ျပန္႕ခဲ့ပါတယ္။

အဲ့ဒီသတင္းေတြနဲ႕ ပတ္သက္ၿပီး အဲ့ဒီေကာင္ေလးဟာ ေအးေသာင္းရဲ႕ ခ်စ္သူလားဆိုတဲ့ ေမးခြန္းေတြနဲ႕ ပရိသတ္ေတြရဲ႕ စိတ္ထဲမွာ ဒိြဟေတြျဖစ္ေနခဲ့ပါတယ္။

အမွန္ကေတာ့ အဲ့ဒီေကာင္ေလးဟာ ေအးေသာင္းရဲ႕ Fan ေတြထဲက တစ္ေယာက္ပါ။ သူမဟာ ပရိသတ္ေတြကို ရင္းရင္းႏွီး ႏွီးဆက္ဆံတဲ့ အႏုပညာရွင္တစ္ဦးျဖစ္တာေၾကာင့္ သူမခ်စ္သူဆိုၿပီး အထင္မွားသြားေစတာ ျဖစ္တာပါ။

အဲ့ဒီသတင္းေတြျပန္႕ခဲ့ေပမယ့္လည္း ေအးေသာင္းကေတာ့ စိတ္ဆိုးျခင္းမရွိဘဲ ေပ်ာ္လို႕ေတာင္ေနပါေသးတယ္။

“ေပါက္စီက ပရိသတ္ေတြနဲ႕ရင္းရင္းႏွီးႏွီးခ်စ္ခ်စ္ခင္ခင္ေနေတာ့ အဲ့လိုျဖစ္သြားတာ ေနမွာပါ။ တစ္ခ်ိုဳ႕က်ေတာ့လည္း ခ်စ္သူမဟုတ္ ဘူးဆိုတာ သိၾကပါတယ္။ မသိတဲ့သူေတြက်ေတာ့လည္း အထင္မွားသြားတာေနမွာပါ။ သတင္းေတြနဲ႕ ပတ္သက္ၿပီးေတာ့ ေပါက္စီ စိတ္ဆိုးတာေတာ့ မရွိပါဘူး။ ေပ်ာ္ေတာင္ေပ်ာ္တယ္။ ၿပီးေတာ့ အဲ့ပံုေတြတက္လာေတာ့လည္း ရယ္လည္းရယ္ရတယ္ ေပ်ာ္လည္းေပ်ာ္တယ္။”ဆိုၿပီး ေျပာျပခဲ့ပါတယ္။

အဲ့ဒီသတင္းနဲ႕ ပတ္သက္ၿပီး သူမရဲ႕ ခ်စ္သူကလည္း ဘာမွမေျပာသလို အဲ့ဒီသတင္းကို သိေတာင္သိေသးရဲ႕လားမသိဘူးဆိုၿပီး ေအးေသာင္းက Duwun Media ကိုေျဖဆိုခဲ့ေပးပါတယ္။

“ခ်စ္သူမ်ားေန႕မွာ ထူးထူးျခားျခားေတာ့ မရွိပါဘူး။အတူတူမုန္႕စားျဖစ္တယ္။ ဒီေလာက္ပါပဲ။ အလုပ္ေတြလည္း လုပ္ေနရေတာ့ေလ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

ေအးဝတ္ရည္ေသာင္းကေတာ့ လက္ရွိမွာ အႏုပညာလုပ္ရွားမႈေတြ ဆက္တုိက္ဆိုသလို လုပ္ကိုင္ေနၿပီး မတ္လပိုင္းမွာ ရုပ္ရွင္ဇာတ္ကားႀကီး တစ္ကား ရိုက္ကူးဖို႕ ရွိတယ္လို႕ ဆုိပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

သရုပ်ဆောင် အေးဝတ်ရည်သောင်းက ချစ်သူများနဲ့က အွန်လိုင်းစာမျက်နှာပေါ်မှာ တက်လာတဲ့ သတင်းအမှားတွေနဲ့ပတ်သက်ပြီး ပြောပြလိုက်တာ ဖြစ်ပါတယ်။

ချစ်သူများနေ့မှာ အေးသောင်းကို ကောင်လေး တစ်ယောက်က ကိတ်မုန့်ခွင့်ကျွေးနေတဲ့ ပုံလေးတွေနဲ့အတူ အဲ့ဒီကောင်လေးဟာ အေးသောင်းရဲ့ ချစ်သူဆိုတဲ့ သတင်းတွေဟာ ပြန့်ခဲ့ပါတယ်။

အဲ့ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အဲ့ဒီကောင်လေးဟာ အေးသောင်းရဲ့ ချစ်သူလားဆိုတဲ့ မေးခွန်းတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ထဲမှာ ဒွိဟတွေဖြစ်နေခဲ့ပါတယ်။

အမှန်ကတော့ အဲ့ဒီကောင်လေးဟာ အေးသောင်းရဲ့ Fan တွေထဲက တစ်ယောက်ပါ။ သူမဟာ ပရိသတ်တွေကို ရင်းရင်းနှီး နှီးဆက်ဆံတဲ့ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် သူမချစ်သူဆိုပြီး အထင်မှားသွားစေတာ ဖြစ်တာပါ။

အဲ့ဒီသတင်းတွေပြန့်ခဲ့ပေမယ့်လည်း အေးသောင်းကတော့ စိတ်ဆိုးခြင်းမရှိဘဲ ပျော်လို့တောင်နေပါသေးတယ်။

“ပေါက်စီက ပရိသတ်တွေနဲ့ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်နေတော့ အဲ့လိုဖြစ်သွားတာ နေမှာပါ။ တစ်ချိုု့ကျတော့လည်း ချစ်သူမဟုတ် ဘူးဆိုတာ သိကြပါတယ်။ မသိတဲ့သူတွေကျတော့လည်း အထင်မှားသွားတာနေမှာပါ။ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ပေါက်စီ စိတ်ဆိုးတာတော့ မရှိပါဘူး။ ပျော်တောင်ပျော်တယ်။ ပြီးတော့ အဲ့ပုံတွေတက်လာတော့လည်း ရယ်လည်းရယ်ရတယ် ပျော်လည်းပျော်တယ်။”ဆိုပြီး ပြောပြခဲ့ပါတယ်။

အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး သူမရဲ့ ချစ်သူကလည်း ဘာမှမပြောသလို အဲ့ဒီသတင်းကို သိတောင်သိသေးရဲ့လားမသိဘူးဆိုပြီး အေးသောင်းက Duwun Media ကိုဖြေဆိုခဲ့ပေးပါတယ်။

“ချစ်သူများနေ့မှာ ထူးထူးခြားခြားတော့ မရှိပါဘူး။အတူတူမုန့်စားဖြစ်တယ်။ ဒီလောက်ပါပဲ။ အလုပ်တွေလည်း လုပ်နေရတော့လေ” ဆိုပြီး ပြောပြခဲ့ပါတယ်။

အေးဝတ်ရည်သောင်းကတော့ လက်ရှိမှာ အနုပညာလုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး မတ်လပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ ဆိုပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top