iMyanmarHouse.com - Best Property Website for Myanmar
×

အဆီက်သြားျခင္းအားျဖင့္ သင္အျမဲတမ္း အိမ္မက္မက္ခဲ့တဲ့ ခႏၶာကုိယ္ပုံစံကုိ ရေစႏုိင္ပါတယ္။ သုိ႔ေသာ္ အဆီခ်ၿပီးတဲ့ေနာက္ ၎ကုိဆက္လက္ ထိန္းသိမ္းထားဖုိ႔ရာ နည္းလမ္း စနစ္တက် မရွိခဲ့ဘူးဆုိရင္ အလြယ္တကူ ျပန္ဝလာႏုိင္ပါတယ္။ အစားအေသာက္ႏွင့္ ေလ့က်င့္ခန္းစတဲ့ အဓိက ၂ခ်က္ကုိ သုံးၿပီးသင့္ရဲ႕ အိမ္မက္မက္ခဲ့ရတဲ့ ခႏၶာကုိယ္ကုိ ထိန္းသိမ္းထားပါ။ သင္ဟာ အဆီခ်ၿပီးတဲ့ေနာက္မွာ ဘာေတြစားသင့္တယ္ ဆုိတာကုိ ၾကည့္ၾကပါစို႔။

အသီးအႏွံႏွင့္ အသီးအရြက္မ်ားကုိ ပုိမုိ စားေသာက္ပါ။

အသီးအႏွံ ႏွင့္ အသီးအရြက္မ်ားဟာ ခႏၶာကုိယ္မဝေအာင္ ဆက္လက္ထိန္းသိမ္းလုိသူမ်ားအတြက္ အမွန္တကယ္ကုိ တန္ဖုိးရွိတဲ့ အစားအေသာက္ေတြပဲ ျဖစ္ပါတယ္။ သင္စားတဲ့ အစားအေသာက္ေတြထဲမွာ ေရာင္ျခယ္ ဓာတု ပစၥည္းေတြ၊ အသီးအႏွံေတြႏွင့္ အသီးအရြက္ စတဲ့ အာဟာရဓာတ္ေတြပါဝင္ျခင္းဟာ သင့္ရဲ႕ ခႏၶာကုိယ္ကုိ လွပေစရုံသာမကပဲ က်န္းမာေရးေကာင္းတဲ့ ဘဝကုိလည္း ပုိင္ဆုိင္ရရွိမွာျဖစ္ပါတယ္။ အသီးအႏွံ ႏွင့္ အသီးအရြက္ေတြထဲမွာ ပါတဲ့ ဓာတ္တုိးဆန္႔က်င္ ပစၥည္းေတြႏွင့္ ဗီတာမင္ဓာတ္ ေတြဟာ သင့္ရဲ႕ အေရျပားေအာက္က အဆီပုိေတြကုိ ထိထိေရာက္ေရာက္ ေလာင္္ကၽြမ္းေစၿပီး က်စ္လ်စ္ သြယ္လ် တဲ့ ခႏၶာကုိယ္ကုိ ရရွိပုိင္ဆုိင္ေစမွာ ျဖစ္ပါတယ္။ အသီးအႏွံ ႏွင့္ အသီးအရြက္ေတြကုိ စားေပးျခင္း ဟာ ဆာေလာင္မွဳကုိ ေလ်ာ့က်ေစၿပီး ေန႔စဥ္စားသုံးတဲ့ ကယ္လုိရီ ပမာဏကုိလည္း ေလ်ာ့က်ေစႏုိင္ပါတယ္။ USDA လုိ႔ေခၚတဲ့ အေမရိကန္ စုိက္ပ်ဳိးေရး အဖဲြ႕အစည္းမွ အၾကံေပးထားတာကေတာ့ အမ်ဳိးမ်ဳိးေသာ အေရာင္အေသြးရွိတဲ့ အသီးအရြက္အမ်ဳိးအစားေတြကုိ အစားအေသာက္စားတုိင္း စားတုိင္း ေန႔စဥ္ ျဖည့္သြင္းစားေသာက္သင့္တယ္လို႔ ဆိုပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အမ်ဳိးမ်ဳိးေသာ အသီးအရြက္ေတြမွာ ဗီတာမင္ႏွင့္ အာဟာရဓာတ္မ်ားစြာ ပါဝင္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

အသားဓာတ္ ပမာဏ ျမင့္မားစြာပါဝင္သည့္ အစားအေသာက္မ်ား

အသားဓာတ္ဟာဆုိရင္ ေကာ္လဂ်င္လုိ႔ ေခၚတဲ့ အသားအေရ တင္းရင္းမွဳကုိ ျဖစ္ေစၿပီး အသားအေရကုိ ေတာင့္တင္းၾကံ့ခုိင္ေစပါတယ္။ ဒါ့အျပင္ အသားဓာတ္ ပါဝင္တဲ့ အစားအေသာက္ေတြဟာ သင့္ရဲ႕ အစာစားခ်င္စိတ္ကုိ ထိန္းခ်ဳပ္ေပးႏုိင္ၿပီး ဇီဝကမၼ ျဖစ္ပ်က္မွဳကုိ ပုံမွန္ျဖစ္ေစကာ အဆီပုိေတြ သုိေလွာင္မႈ ကို ေလ်ာ့က်ေစပါတယ္။ ဒီလုိအေၾကာင္းျပခ်က္ေတြေၾကာင့္ သင္စားတဲ့ အစားအေသာက္ေတြထဲမွာ အသားဓာတ္ပါဝင္တဲ့ အစားအေသာက္ေတြကုိ မျဖတ္ေတာက္သင့္ဘူးဆုိတာ သိႏုိင္ပါတယ္။ သင့္ရဲ႕ ကုိယ္အေလးခ်ိန္ကုိ ၎အသားဓာတ္ေတြက ပုိတုိးလာႏိုင္သလား ဆုိတာကုိ စုိးရိမ္ဖုိ႔ မလုိပါဘူး။ အသားဓာတ္ေတြကုိ အဆီမပါေသာ အသား၊ ငါး ၊ဥမ်ားႏွင့္ ပဲအမ်ိဳးမ်ိဳးစတာေတြကေန အလြယ္တကူ ရရွိႏုိင္ပါတယ္။

ကယ္လုိရီ နည္းေသာ အစားအေသာက္မ်ား

ကယ္လုိရီ ပမာဏမ်ားေသာ အစားအေသာက္ေတြကို စားမိခဲ့ရင္ အဆီ ပုိစုျခင္းကုိ မ်ားစြာ ျဖစ္ေစႏုိင္ပါတယ္။ ဒီလုိကယ္လုိရီမ်ားတဲ့ အစားအေသာက္ေတြကုိ ေလွ်ာ့ခ်ဖုိ႔ရာအတြက္ သင္ဟာ မလုိအပ္ပဲ မုန္႔ပဲသေရစာ၊ အခ်ဳိပဲြ စတာေတြ စားျခင္းကုိ မျပဳလုပ္ျခင္း သုိ႔မဟုတ္ စားတဲ့ပမာဏကုိ ေလ်ာ့ခ်ျခင္း ျပဳလုပ္သင့္ပါတယ္။ အဆီနည္းေသာ သုိ႔မဟုတ္ အဆီထုတ္ထားေသာ ႏုိ႔ႏွင့္ ႏုိ႔ထြက္ပစၥည္းေတြဟာ သင့္အတြက္ ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ၎တုိ႔ဟာ အျခားႏုိ႔ထြက္ ပစၥည္းမ်ား၊ အဆီဓာတ္ပမာဏမ်ားတဲ့ ႏုိ႔ခဲ၊့ အေၾကာ္အေလွာ္မ်ားနဲ႔ အနီေရာင္အသားအမ်ားစု စတာေတြထက္စာရင္ ကယ္လုိရီေရာ အဆီေရာ နည္းတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

အေစ့အဆန္မ်ား

ကစီဓာတ္ဟာသင့္ကုိ ဝေစပါတယ္။ သုိ႔ေသာ္ သင့္ရဲ႕ ခႏၶာကုိယ္အတြက္ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြ လုပ္ေဆာင္မွဳႏွင့္ ႂကြက္သားမ်ား ႀကီးထြားဖုိ႔ရာ ကစီဓာတ္ကုိ လုိအပ္ေနပါေသးတယ္။ ဒါေၾကာင့္ လုိအပ္သေလာက္ပဲ မွန္ကန္တဲ့ ကစီဓာတ္ ပမာဏကုိ စားသုံးဖုိ႔ရာအျပင္ ပုိလွ်ံေသာအဆီမ်ား ျဖစ္မလာဖုိ႔ရာ အတြက္ႏွင့္ ေသြးတြင္း သၾကားဓာတ္ ပမာဏကုိ ထိန္းသိမ္းဖုိ႔ရာအတြက္ မွန္ကန္ေသာ နည္းလမ္းဟာ ဘာလဲ။ သၾကားႏွင့္ အျခားအခ်ဳိဓာတ္ဆုိင္ရာ အေရာအေႏွာေတြထက္စာရင္ သင္ဟာ ေကာက္ပဲသီးႏွံ၊ အီတလီေခါက္ဆဲြေျခာက္ႏွင့္ ေပါင္မုန္႔ စတဲ့ အေစ့အဆန္ေတြကရတဲ့ ထြက္ကုန္ေတြကုိ စားေပးသင့္ပါတယ္။ ၎တုိ႔မွာဆုိရင္ သင့္ရဲ႕ခႏၶာကုိယ္ကုိ အဆီပုိ မျဖစ္ေစပဲ လုိအပ္တဲ့ ကစီဓာတ္ပမာဏ ကုိသာရရွိေစတဲ့ အေကာင္းဆုံးေသာ အရင္းအျမစ္ေတြပါဝင္ပါတယ္။ အေစ့အဆန္ေတြဟာဆုိရင္ အမွ်င္ဓာတ္၊ ဗီတာမင္ ႏွင့္ သတၱဳဓာတ္ စတဲ့ က်န္းမာေရးႏွင့္ ညီညြတ္တဲ့ ဓာတ္ေတြ သင့္ခႏၶာကုိယ္ ကုိေပးႏုိင္ပါတယ္။ ကစီဓာတ္ပါဝင္တဲ့ အစားအေသာက္ေတြ စားေသာက္တဲ့အခါ အျခားသတိျပဳသင့္တဲ့ အခ်က္ေတြကေတာ့ တစ္ေန႔တာရဲ႕ အေစာဆုံးအခ်ိန္မွာသာ ၎တုိ႔ကုိ သင္ဟာ စားေပးသင့္ပါတယ္။ ဒီလုိလုပ္ျခင္းအားျဖင့္ ေန႔လည္စာ စားၿပီးတဲ့ေနာက္မွာ သင့္ခႏၶာကုိယ္ဟာ ကယ္လုိရီ ေတြကုိ ထိထိေရာက္ေရာက္ အသုံးခ်ႏုိင္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒီလုိလုပ္ျခင္းအားျဖင့္ အဆီေတြကုိ မစုေစႏုိင္ေတာ့ပါဘူး။

ေရလံုလံုေလာက္ေလာက္ ေသာက္သုံးပါ

သင့္ႂကြက္သားေတြရဲ႕ ၇၀ ရာခုိင္ႏွဳနး္ဟာ ေရဓာတ္နဲ႔ ဖြဲ႕စည္းထားတယ္ဆုိတာ သင္သိပါသလား။ ဒါ့အျပင္ သင့္ခႏၶာကုိယ္ထဲမွ ဇီဝကမၼ ဆုိင္ရာ လုပ္ေဆာင္မွဳမ်ား အားလုံးမွာေရဟာလည္း ပါဝင္ပတ္သက္ေနပါတယ္။ ေရမွာေနာက္ထပ္ ေကာင္းက်ဳိး ရွိေနပါေသးတယ္။ ဒါကေတာ့ သင့္ကုိ အစာပုိမစားေစတာပဲ ျဖစ္ပါတယ္။ ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ လုပ္ၿပီးတဲ့ အခါ သင့္ရဲ႕ ခႏၶာကုိယ္ဟာ ဆုံးရွဳံးသြားတဲ့ ေရဓာတ္ေတြကုိ ျပန္လည္ ျဖည့္ေပးဖုိ႔အတြက္ ေရကုိ လုံလုံေလာက္ေလာက္ ေသာက္ေပးသင့္ပါတယ္။ သင့္ရဲ႕ေန႔စဥ္ ေသာက္သုံးဖုိ႔ရာ လုိအပ္တဲ့ ေရပမာဏဟာ သင့္ရဲ႕ ကုိယ္အေလးခ်ိန္၊ အရပ္ ႏွင့္ သင့္ေနထုိင္တဲ့ ရာသီဥတုေပၚ မူတည္ပါတယ္။ လူႀကီးတစ္ေယာက္ အတြက္လုိအပ္တဲ့ ပုံမွန္ေရပမာဏ ကေတာ့ တစ္ေန႔မွာ ၂လီတာ ျဖစ္ပါတယ္။

ေကာင္းမြန္တဲ့ အစားအေသာက္ေတြႏွင့္ ေလ့က်င့္ခန္း ပုံမွန္ျပဳလုပ္ေပးျခင္းဟာဆုိရင္ သင့္ရဲ႕ အဆီေတြကုိ သိသိသာသာ ေလာင္ကၽြမ္းေစတဲ့ အျပင္ သင့္ခႏၶာကုိယ္ကုိ ဝိတ္မတက္ေအာင္ ထိန္းသိမ္းေပးထားႏုိင္ပါတယ္။ သင့္ရဲ႕ေန႔စဥ္စားေသာက္တဲ့ အစားအစာေတြကုိ ေကာင္းမြန္စြာ စီမံခန္႔ခဲြသင့္ပါတယ္။ တကယ္လုိ႔ သင္စားေသာက္ရမယ့္ အစားအေသာက္ေတြ အေၾကာင္းကုိ ေသခ်ာမသိဘူးဆုိရင္ေတာ့ အာဟာရဆုိင္ရာ ကြ်မ္းက်င္ပညာရွင္ေတြဆီကေန အခ်ဳိ႕ေသာတန္ဖုိးရွိတဲ့ အၾကံဥာဏ္ေတြကုိ ေတာင္းခံႏုိင္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆီကျသွားခြင်းအားဖြင့် သင်အမြဲတမ်း အိမ်မက်မက်ခဲ့တဲ့ ခန္ဓာကိုယ်ပုံစံကို ရစေနိုင်ပါတယ်။ သို့သော် အဆီချပြီးတဲ့နောက် ၎င်းကိုဆက်လက် ထိန်းသိမ်းထားဖို့ရာ နည်းလမ်း စနစ်တကျ မရှိခဲ့ဘူးဆိုရင် အလွယ်တကူ ပြန်ဝလာနိုင်ပါတယ်။ အစားအသောက်နှင့် လေ့ကျင့်ခန်းစတဲ့ အဓိက ၂ချက်ကို သုံးပြီးသင့်ရဲ့ အိမ်မက်မက်ခဲ့ရတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားပါ။ သင်ဟာ အဆီချပြီးတဲ့နောက်မှာ ဘာတွေစားသင့်တယ် ဆိုတာကို ကြည့်ကြပါစို့။

အသီးအနှံနှင့် အသီးအရွက်များကို ပိုမို စားသောက်ပါ။

အသီးအနှံ နှင့် အသီးအရွက်များဟာ ခန္ဓာကိုယ်မဝအောင် ဆက်လက်ထိန်းသိမ်းလိုသူများအတွက် အမှန်တကယ်ကို တန်ဖိုးရှိတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ သင်စားတဲ့ အစားအသောက်တွေထဲမှာ ရောင်ခြယ် ဓာတု ပစ္စည်းတွေ၊ အသီးအနှံတွေနှင့် အသီးအရွက် စတဲ့ အာဟာရဓာတ်တွေပါဝင်ခြင်းဟာ သင့်ရဲ့ ခန္ဓာကိုယ်ကို လှပစေရုံသာမကပဲ ကျန်းမာရေးကောင်းတဲ့ ဘဝကိုလည်း ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။ အသီးအနှံ နှင့် အသီးအရွက်တွေထဲမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနှင့် ဗီတာမင်ဓာတ် တွေဟာ သင့်ရဲ့ အရေပြားအောက်က အဆီပိုတွေကို ထိထိရောက်ရောက် လောင်ကျွမ်းစေပြီး ကျစ်လျစ် သွယ်လျ တဲ့ ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ အသီးအနှံ နှင့် အသီးအရွက်တွေကို စားပေးခြင်း ဟာ ဆာလောင်မှုကို လျော့ကျစေပြီး နေ့စဉ်စားသုံးတဲ့ ကယ်လိုရီ ပမာဏကိုလည်း လျော့ကျစေနိုင်ပါတယ်။ USDA လို့ခေါ်တဲ့ အမေရိကန် စိုက်ပျိုးရေး အဖွဲ့အစည်းမှ အကြံပေးထားတာကတော့ အမျိုးမျိုးသော အရောင်အသွေးရှိတဲ့ အသီးအရွက်အမျိုးအစားတွေကို အစားအသောက်စားတိုင်း စားတိုင်း နေ့စဉ် ဖြည့်သွင်းစားသောက်သင့်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးမျိုးသော အသီးအရွက်တွေမှာ ဗီတာမင်နှင့် အာဟာရဓာတ်များစွာ ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အသားဓာတ် ပမာဏ မြင့်မားစွာပါဝင်သည့် အစားအသောက်များ

အသားဓာတ်ဟာဆိုရင် ကော်လဂျင်လို့ ခေါ်တဲ့ အသားအရေ တင်းရင်းမှုကို ဖြစ်စေပြီး အသားအရေကို တောင့်တင်းကြံ့ခိုင်စေပါတယ်။ ဒါ့အပြင် အသားဓာတ် ပါဝင်တဲ့ အစားအသောက်တွေဟာ သင့်ရဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပြီး ဇီဝကမ္မ ဖြစ်ပျက်မှုကို ပုံမှန်ဖြစ်စေကာ အဆီပိုတွေ သိုလှောင်မှု ကို လျော့ကျစေပါတယ်။ ဒီလိုအကြောင်းပြချက်တွေကြောင့် သင်စားတဲ့ အစားအသောက်တွေထဲမှာ အသားဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို မဖြတ်တောက်သင့်ဘူးဆိုတာ သိနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်အလေးချိန်ကို ၎င်းအသားဓာတ်တွေက ပိုတိုးလာနိုင်သလား ဆိုတာကို စိုးရိမ်ဖို့ မလိုပါဘူး။ အသားဓာတ်တွေကို အဆီမပါသော အသား၊ ငါး ၊ဥများနှင့် ပဲအမျိုးမျိုးစတာတွေကနေ အလွယ်တကူ ရရှိနိုင်ပါတယ်။

ကယ်လိုရီ နည်းသော အစားအသောက်များ

ကယ်လိုရီ ပမာဏများသော အစားအသောက်တွေကို စားမိခဲ့ရင် အဆီ ပိုစုခြင်းကို များစွာ ဖြစ်စေနိုင်ပါတယ်။ ဒီလိုကယ်လိုရီများတဲ့ အစားအသောက်တွေကို လျှော့ချဖို့ရာအတွက် သင်ဟာ မလိုအပ်ပဲ မုန့်ပဲသရေစာ၊ အချိုပွဲ စတာတွေ စားခြင်းကို မပြုလုပ်ခြင်း သို့မဟုတ် စားတဲ့ပမာဏကို လျော့ချခြင်း ပြုလုပ်သင့်ပါတယ်။ အဆီနည်းသော သို့မဟုတ် အဆီထုတ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းတွေဟာ သင့်အတွက် ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ အခြားနို့ထွက် ပစ္စည်းများ၊ အဆီဓာတ်ပမာဏများတဲ့ နို့ခဲ၊့ အကြော်အလှော်များနဲ့ အနီရောင်အသားအများစု စတာတွေထက်စာရင် ကယ်လိုရီရော အဆီရော နည်းတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အစေ့အဆန်များ

ကစီဓာတ်ဟာသင့်ကို ဝစေပါတယ်။ သို့သော် သင့်ရဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်မှုနှင့် ကြွက်သားများ ကြီးထွားဖို့ရာ ကစီဓာတ်ကို လိုအပ်နေပါသေးတယ်။ ဒါကြောင့် လိုအပ်သလောက်ပဲ မှန်ကန်တဲ့ ကစီဓာတ် ပမာဏကို စားသုံးဖို့ရာအပြင် ပိုလျှံသောအဆီများ ဖြစ်မလာဖို့ရာ အတွက်နှင့် သွေးတွင်း သကြားဓာတ် ပမာဏကို ထိန်းသိမ်းဖို့ရာအတွက် မှန်ကန်သော နည်းလမ်းဟာ ဘာလဲ။ သကြားနှင့် အခြားအချိုဓာတ်ဆိုင်ရာ အရောအနှောတွေထက်စာရင် သင်ဟာ ကောက်ပဲသီးနှံ၊ အီတလီခေါက်ဆွဲခြောက်နှင့် ပေါင်မုန့် စတဲ့ အစေ့အဆန်တွေကရတဲ့ ထွက်ကုန်တွေကို စားပေးသင့်ပါတယ်။ ၎င်းတို့မှာဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကို အဆီပို မဖြစ်စေပဲ လိုအပ်တဲ့ ကစီဓာတ်ပမာဏ ကိုသာရရှိစေတဲ့ အကောင်းဆုံးသော အရင်းအမြစ်တွေပါဝင်ပါတယ်။ အစေ့အဆန်တွေဟာဆိုရင် အမျှင်ဓာတ်၊ ဗီတာမင် နှင့် သတ္တုဓာတ် စတဲ့ ကျန်းမာရေးနှင့် ညီညွတ်တဲ့ ဓာတ်တွေ သင့်ခန္ဓာကိုယ် ကိုပေးနိုင်ပါတယ်။ ကစီဓာတ်ပါဝင်တဲ့ အစားအသောက်တွေ စားသောက်တဲ့အခါ အခြားသတိပြုသင့်တဲ့ အချက်တွေကတော့ တစ်နေ့တာရဲ့ အစောဆုံးအချိန်မှာသာ ၎င်းတို့ကို သင်ဟာ စားပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နေ့လည်စာ စားပြီးတဲ့နောက်မှာ သင့်ခန္ဓာကိုယ်ဟာ ကယ်လိုရီ တွေကို ထိထိရောက်ရောက် အသုံးချနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဆီတွေကို မစုစေနိုင်တော့ပါဘူး။

ရေလုံလုံလောက်လောက် သောက်သုံးပါ

သင့်ကြွက်သားတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သင်သိပါသလား။ ဒါ့အပြင် သင့်ခန္ဓာကိုယ်ထဲမှ ဇီဝကမ္မ ဆိုင်ရာ လုပ်ဆောင်မှုများ အားလုံးမှာရေဟာလည်း ပါဝင်ပတ်သက်နေပါတယ်။ ရေမှာနောက်ထပ် ကောင်းကျိုး ရှိနေပါသေးတယ်။ ဒါကတော့ သင့်ကို အစာပိုမစားစေတာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့ အခါ သင့်ရဲ့ ခန္ဓာကိုယ်ဟာ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်ပေးဖို့အတွက် ရေကို လုံလုံလောက်လောက် သောက်ပေးသင့်ပါတယ်။ သင့်ရဲ့နေ့စဉ် သောက်သုံးဖို့ရာ လိုအပ်တဲ့ ရေပမာဏဟာ သင့်ရဲ့ ကိုယ်အလေးချိန်၊ အရပ် နှင့် သင့်နေထိုင်တဲ့ ရာသီဥတုပေါ် မူတည်ပါတယ်။ လူကြီးတစ်ယောက် အတွက်လိုအပ်တဲ့ ပုံမှန်ရေပမာဏ ကတော့ တစ်နေ့မှာ ၂လီတာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ အစားအသောက်တွေနှင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဟာဆိုရင် သင့်ရဲ့ အဆီတွေကို သိသိသာသာ လောင်ကျွမ်းစေတဲ့ အပြင် သင့်ခန္ဓာကိုယ်ကို ဝိတ်မတက်အောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။ သင့်ရဲ့နေ့စဉ်စားသောက်တဲ့ အစားအစာတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲသင့်ပါတယ်။ တကယ်လို့ သင်စားသောက်ရမယ့် အစားအသောက်တွေ အကြောင်းကို သေချာမသိဘူးဆိုရင်တော့ အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဆီကနေ အချို့သောတန်ဖိုးရှိတဲ့ အကြံဉာဏ်တွေကို တောင်းခံနိုင်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top