iMyanmarHouse.com - Best Property Website for Myanmar
×

အိုင္းလိုင္နာ (eye liner) သံုးေတာ့မယ္ဆိုရင္ သိထားသင့္တဲ့အခ်က္ေတြကဘာေတြျဖစ္မလဲ
မ်က္ခမ္းစပ္အတြင္းသားနဲ႔အျပင္ဘက္ကို အိုင္းလိုင္နာဆိုးတာက မ်က္လံုးေလးေတြ ဝင့္ဝင့္ၾကြားၾကြားေလးနဲ႔လွပေနေစဖို႔ မိတ္ကပ္ပညာရွင္ေတြ အသံုးျပဳတဲ့ မိတ္ကပ္ဖန္တီးမႈတစ္ရပ္ပါ။
ဒါေပမယ့္ အိုင္းလိုင္နာကို မ်က္လံုးနဲ႔တအားကပ္ျပီးဆြဲမယ္ဆိုရင္ေတာ့ ေရရွည္မွာ မ်က္စိကိုထိခိုက္မႈေတြျဖစ္လာေစႏိုင္တာကို သိပၸံပညာရွင္ေတြက ေတြ႔ရွိခဲ့ပါတယ္။ အိုင္းလိုင္နာခဲတံကို မ်က္ခမ္းအတြင္းသားမ်ာ ဆိုးတာက အိုင္းလိုင္နာအမႈန္ေတြကို မ်က္စိထဲဝင္ေစျပီး ျမင္အာရံုဆိုင္ရာ ျပႆနာေတြကိုျဖစ္ေစနိုင္တယ္၊လို႔ေလ့လာမႈတစ္ရပ္မွာေဖာ္ျပထားပါတယ္။
အိုင္းလိုင္နာေတြမွာ မ်ားေသာအားျဖင့္ ဖေယာင္း။အဆီ၊ဆီလီကြန္ျဒပ္ေပါင္းေတြနဲ႔ သဘာဝသစ္ေစးလိုအရာေတြပါဝင္ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ အဆိုပါ ပစၥည္းေတြကို မ်က္ခမ္းမွာ အိုင္းလိုင္နာကိုၾကာရွည္ခံေစဖို႔အသံုးျပဳထားတာျဖစ္ပါတယ္။
မ်က္လံုးကို ခိုးလိုးခုလုျဖစ္ေစျခင္း
မ်က္ခမ္း အတြင္းပိုင္းကိုေရာ အျပင္ဘက္ကိုပါ အိုင္းလိုင္နာဆိုးေစျပီး ၁၅ မိနစ္ၾကာထားျပီးတဲ့ေနာက္မွာေတာ့ အိုင္းလိုင္နာမွာပါတဲ့ အမႈန္ေတြရဲ႕ ၁၅ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းေလာက္မ်က္စိထဲဝင္သြားတာကိုေတြ႔ရွိခဲ့ရပါတယ္။ အိုင္းလိုင္နာကို မ်က္ခမ္းအတြင္းပိုင္းမွာ အသံုးျပဳတာက မ်က္ခမ္းအျပင္ဘက္မွာဆိုးတာထက္ မ်က္လံုးထဲမွာ အလႊာပါးေလးတစ္ခုကြယ္ေနသလိုျဖစ္ေပၚေစတယ္ဆိုပါတယ္။
အိုင္းလိုင္နာမွာပါတဲ့ အမႈန္ေတြက မ်က္စိေျခာက္ေသြ႔တတ္တဲ့သူေတြနဲ႔ မ်က္လံုးက အခ်ိဳ႕ဓာတုပစၥည္းေတြနဲ႔ ဓာတ္မတည့္တာနဲ႔ မ်က္ကပ္မွန္တပ္သူေတြအေနနဲ႔ မ်က္ခမ္းအတြင္းပိုင္းမွာ အိုင္းလိုင္နာဆိုးတာက မ်က္လံုးအတြင္းမွာခိုးလိုးခုလုျဖစ္ေစႏိုင္ပါတယ္။ မ်က္လံုးေတြက်ိန္းစပ္တာနီရဲတာေတြကိုလည္းျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။မ်က္ခမ္းအတြင္းပိုင္းမွာ အိုင္းလိုင္နာဆိုးတာက မ်က္စိေရာဂါေတြကိုျဖစ္ေပၚေစႏိုင္ပါတယ္။
သက္တမ္းၾကာေနတဲ့ အိုင္းလိုင္နာေတြမွာ ဘက္တီးရီးယားေတြရွိေနႏိုင္ျခင္း
သက္တမ္းၾကာေနတဲ့ အိုင္းလိုင္နာေတြမွာ ဘက္တီးရီးယားေတြေပါက္ဖြားေနႏိုင္ပါတယ္။ အိုင္းလိုင္နာ ခဲတံကို ဆိုးခါနီးတိုင္း ခၽြန္ျပီးထိပ္ပိုင္းေလးကိုအနည္းငယ္ခ်ိဳးေပးတာက မ်က္လံုးထဲကို ပိုးကူးစက္ဝင္ေရာက္ျခင္းမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။
မ်က္လံုးထဲကို ပိုးေတြမဝင္ေရာက္ေစဖို႔ အိပ္ခါနီးတိုင္းအိုင္းလိုင္းနာေတြနဲ႔ မ်က္လံုးနားတဝိုက္မွာလိမ္းထားတဲ့ မိတ္ကပ္ေတြကိုဖ်က္ပစ္ပါ။
အိုင္းလိုင္နာ ဆိုးနည္းမမွန္တာကလည္း မ်က္လံုးကိုထိခိုက္ေစႏိုင္ပါတယ္။
အိုင္းလိုင္နာကို သန္႔ရွင္းေအာင္ထားပါ။
အိုင္းလိုင္နာနဲ႔ မ်က္လံုးအနီးတဝိုက္မွာ အသံုးျပဳတဲ့ အလွကုန္ေတြက ဝယ္ဝယ္ခ်င္းမွာ ေဘးကင္းေပမယ့္ ေသေသခ်ာခ်ာမထိန္းသိမ္းရင္ အႏၱရာယ္ရွိတဲ့ ဘက္တီးရီးယားေတြနဲ႔မိႈပိုးေတြေပါက္ဖြားလာနိုင္ပါတယ္။ ထိုအလွကုန္ေတြကို မ်က္စိအနားတဝိုက္မွာအသံုးျပဳမိမယ္ဆိုရင္ မ်က္စိထဲကို ပိုးဝင္ကူးစက္တာေတြျဖစ္ေပၚႏိုင္ပါတယ္။ အိုင္းလိုင္နာကေန ပိုးကူးစက္တာေေၾကာင့္ အမ်ိဳးသမီးေတြမွာ အျမင္အာရံု ေခတၱ ဆံုးရံႈးသြားတာမ်ိဳးျဖစ္ေပၚခံစားရႏိုင္ပါတယ္။
မ်က္ခြံေတြက ႏုနယ္တဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြျဖစ္သလို ဓာတ္မတည့္တာ၊ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာနဲ႔မ်က္လံုးအနီးတဝိုက္မွာ အျခားထိခိုက္မႈဗတြျဖစ္ေစႏိုင္တာေၾကာင့္ အိုင္းလိုင္နာအပါအဝင္ မ်က္လံုးျခယ္သဖို႔အတြက္အသံုးျပဳတဲ့ အလွကုန္ေတြရဲ႕ ပါဝင္ပစၥည္းေတြကို အရင္ဆံုး ေသခ်ာၾကည့္ရႈ႕သင့္ပါတယ္။
အိုင္းလိုင္နာနဲ႔ မ်က္လံုးျခယ္သတဲ့ အလွကုန္ေတြအသံုးျပဳေတာ့မယ္ဆိုရင္ ဒီအခ်က္ေလးေတြကို သတိထားေပးပါ။
မ်က္လံုးျခယ္သရာမွာအသံုးျပဳတဲ့ အလွကုန္ေတြေၾကာင့္ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တယ္လို႔ခံစားရရင္ ဆက္မသံုးပါနဲ႔။ မသက္သာဘဲအခ်ိန္ၾကာျမင့္စြာခံစားေနရမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပသပါ။

မ်က္စိမွာကူးစက္ေရာဂါ ခံစားေနရရင္ျဖစ္ျဖစ္ မ်က္လံုးတဝိုက္မွာ က်ိန္းစပ္တာမ်ိဳးေတြျဖစ္ေနမယ္ဆိုရင္ မ်က္စိျခယ္သတဲ့အလွကုန္ေတြကို မသံုးပါနဲ႔။ အနာေပ်ာက္ကင္းတဲ့အထိ မသံုးဘဲေနေပးပါ။

လက္မွာေရာဂါပိုးေတြရွိေနႏိုင္တာေၾကာင့္ မ်က္လံုးကို လက္နဲ႔ထိမိရင္ ပိုးေတြမ်က္စိထဲဝင္ေရာက္ႏိုင္တာေၾကာင့္ မ်က္လံုးကိုျခယ္သတဲ့ အလွကုန္ေတြအသံုးမျပဳခင္မွာ လက္ေသခ်ာေဆးပါ။

မ်က္လံုးတဝိုက္မွာအသံုးျပဳမယ့္ အလွျပင္ပစၥည္းေတြကို သန္႔ရွင္းေအာင္ထားေပးပါ။

အလွကုန္ေတြကို အျခားသူေတြနဲ႔မွ်မသံုးပါနဲ႔။ အျခားသူေတြဆီကေနေရာဂါေတြကူးစက္ခံရႏိုင္ပါတယ္။

အလွျပင္ပစၥည္းေတြေရာ အလွကုန္ေတြမွာပါ ဖုန္ေတြကပ္ေနတာမ်ိဳးမျဖစ္ေအာင္သတိျပဳပါ။

သက္တမ္းၾကာေနျပီျဖစ္တဲ့ အိုင္းလိုင္နာေတြကို အသံုးမျပဳပါနဲ႔။ မ်က္ေတာင့္ေကာ့ေဆးေတြကို ဝယ္ျပီး ၂ လကေန ၄လအတြင္းပဲအသံုးျပဳပါ။

ေျခာက္သါားတဲ့ မ်က္ေတာင့္ေကာ့ေဆးေတြကိုလႊင့္ပစ္လိုက္ပါ၊တံေတြးစြတ္ျပီးသံုးမ်ိဳးေတြ ေရစြတ္ျပီးသံုးတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ေရစြတ္တာကပိုးေတြကိုေပါက္ပြားေစႏိုင္ပါတယ္။

အလွကုန္ေတြကို အပူခ်ိန္ ၈၅ ဒီဂရီ ဖာရင္ဟိုက္အထက္မွာ မသိမ္းပါနဲ႔။ အလွကုန္ေတြကို အပူခ်ိန္ျပင္းေနတဲ့ကားေတြထဲမွာ အခ်ိန္ၾကာျမင့္စြာထားတာမ်ိဳးမလုပ္ပါနဲ႔။

မ်က္လံုးအလွျခယ္ပစၥည္းေတြကို ျခယ္သတဲ့အခါမွာပဲျဖစ္ျဖစ္ ဖ်က္တဲ့အခါမွာပဲျဖစ္ျဖစ္ မ်က္လံုးအတြင္းသားနဲ႔ မ်က္လံုးရဲ႕အျခားေနရာေတြကို ထိခိုက္မိႏိုင္တာေၾကာင့္ ကားေတြနဲ႔ ေရြ႔လ်ားေနတဲ့အရာေတြေပၚမွာမလုပ္ပါနဲ႔။

မ်က္လံုးအတြက္အသံုးျပဳဖို႔ထုတ္ထားတာမဟုတ္တဲ့ အလွကုန္ေတြကို မ်က္လံုးအနီးတဝိုက္မွာအသံုးမျပဳပါနဲ႔။ lipliner ကို အိုင္းလိုင္နာ အျဖစ္အသံုးမျပဳပါနဲ႔။

Credit : News Watch
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိုင်းလိုင်နာ (eye liner) သုံးတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကဘာတွေဖြစ်မလဲ
မျက်ခမ်းစပ်အတွင်းသားနဲ့အပြင်ဘက်ကို အိုင်းလိုင်နာဆိုးတာက မျက်လုံးလေးတွေ ဝင့်ဝင့်ကြွားကြွားလေးနဲ့လှပနေစေဖို့ မိတ်ကပ်ပညာရှင်တွေ အသုံးပြုတဲ့ မိတ်ကပ်ဖန်တီးမှုတစ်ရပ်ပါ။
ဒါပေမယ့် အိုင်းလိုင်နာကို မျက်လုံးနဲ့တအားကပ်ပြီးဆွဲမယ်ဆိုရင်တော့ ရေရှည်မှာ မျက်စိကိုထိခိုက်မှုတွေဖြစ်လာစေနိုင်တာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အိုင်းလိုင်နာခဲတံကို မျက်ခမ်းအတွင်းသားမျာ ဆိုးတာက အိုင်းလိုင်နာအမှုန်တွေကို မျက်စိထဲဝင်စေပြီး မြင်အာရုံဆိုင်ရာ ပြဿနာတွေကိုဖြစ်စေနိုင်တယ်၊လို့လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။
အိုင်းလိုင်နာတွေမှာ များသောအားဖြင့် ဖယောင်း။အဆီ၊ဆီလီကွန်ဒြပ်ပေါင်းတွေနဲ့ သဘာဝသစ်စေးလိုအရာတွေပါဝင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းတွေကို မျက်ခမ်းမှာ အိုင်းလိုင်နာကိုကြာရှည်ခံစေဖို့အသုံးပြုထားတာဖြစ်ပါတယ်။
မျက်လုံးကို ခိုးလိုးခုလုဖြစ်စေခြင်း
မျက်ခမ်း အတွင်းပိုင်းကိုရော အပြင်ဘက်ကိုပါ အိုင်းလိုင်နာဆိုးစေပြီး ၁၅ မိနစ်ကြာထားပြီးတဲ့နောက်မှာတော့ အိုင်းလိုင်နာမှာပါတဲ့ အမှုန်တွေရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်မျက်စိထဲဝင်သွားတာကိုတွေ့ရှိခဲ့ရပါတယ်။ အိုင်းလိုင်နာကို မျက်ခမ်းအတွင်းပိုင်းမှာ အသုံးပြုတာက မျက်ခမ်းအပြင်ဘက်မှာဆိုးတာထက် မျက်လုံးထဲမှာ အလွှာပါးလေးတစ်ခုကွယ်နေသလိုဖြစ်ပေါ်စေတယ်ဆိုပါတယ်။
အိုင်းလိုင်နာမှာပါတဲ့ အမှုန်တွေက မျက်စိခြောက်သွေ့တတ်တဲ့သူတွေနဲ့ မျက်လုံးက အချို့ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်တာနဲ့ မျက်ကပ်မှန်တပ်သူတွေအနေနဲ့ မျက်ခမ်းအတွင်းပိုင်းမှာ အိုင်းလိုင်နာဆိုးတာက မျက်လုံးအတွင်းမှာခိုးလိုးခုလုဖြစ်စေနိုင်ပါတယ်။ မျက်လုံးတွေကျိန်းစပ်တာနီရဲတာတွေကိုလည်းဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။မျက်ခမ်းအတွင်းပိုင်းမှာ အိုင်းလိုင်နာဆိုးတာက မျက်စိရောဂါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
သက်တမ်းကြာနေတဲ့ အိုင်းလိုင်နာတွေမှာ ဘက်တီးရီးယားတွေရှိနေနိုင်ခြင်း
သက်တမ်းကြာနေတဲ့ အိုင်းလိုင်နာတွေမှာ ဘက်တီးရီးယားတွေပေါက်ဖွားနေနိုင်ပါတယ်။ အိုင်းလိုင်နာ ခဲတံကို ဆိုးခါနီးတိုင်း ချွန်ပြီးထိပ်ပိုင်းလေးကိုအနည်းငယ်ချိုးပေးတာက မျက်လုံးထဲကို ပိုးကူးစက်ဝင်ရောက်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
မျက်လုံးထဲကို ပိုးတွေမဝင်ရောက်စေဖို့ အိပ်ခါနီးတိုင်းအိုင်းလိုင်းနာတွေနဲ့ မျက်လုံးနားတဝိုက်မှာလိမ်းထားတဲ့ မိတ်ကပ်တွေကိုဖျက်ပစ်ပါ။
အိုင်းလိုင်နာ ဆိုးနည်းမမှန်တာကလည်း မျက်လုံးကိုထိခိုက်စေနိုင်ပါတယ်။
အိုင်းလိုင်နာကို သန့်ရှင်းအောင်ထားပါ။
အိုင်းလိုင်နာနဲ့ မျက်လုံးအနီးတဝိုက်မှာ အသုံးပြုတဲ့ အလှကုန်တွေက ဝယ်ဝယ်ချင်းမှာ ဘေးကင်းပေမယ့် သေသေချာချာမထိန်းသိမ်းရင် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေပေါက်ဖွားလာနိုင်ပါတယ်။ ထိုအလှကုန်တွေကို မျက်စိအနားတဝိုက်မှာအသုံးပြုမိမယ်ဆိုရင် မျက်စိထဲကို ပိုးဝင်ကူးစက်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ အိုင်းလိုင်နာကနေ ပိုးကူးစက်တာေကြောင့် အမျိုးသမီးတွေမှာ အမြင်အာရုံ ခေတ္တ ဆုံးရှုံးသွားတာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
မျက်ခွံတွေက နုနယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်သလို ဓာတ်မတည့်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့မျက်လုံးအနီးတဝိုက်မှာ အခြားထိခိုက်မှုဗတွဖြစ်စေနိုင်တာကြောင့် အိုင်းလိုင်နာအပါအဝင် မျက်လုံးခြယ်သဖို့အတွက်အသုံးပြုတဲ့ အလှကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေကို အရင်ဆုံး သေချာကြည့်ရှု့သင့်ပါတယ်။
အိုင်းလိုင်နာနဲ့ မျက်လုံးခြယ်သတဲ့ အလှကုန်တွေအသုံးပြုတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးပါ။
မျက်လုံးခြယ်သရာမှာအသုံးပြုတဲ့ အလှကုန်တွေကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တယ်လို့ခံစားရရင် ဆက်မသုံးပါနဲ့။ မသက်သာဘဲအချိန်ကြာမြင့်စွာခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ။

မျက်စိမှာကူးစက်ရောဂါ ခံစားနေရရင်ဖြစ်ဖြစ် မျက်လုံးတဝိုက်မှာ ကျိန်းစပ်တာမျိုးတွေဖြစ်နေမယ်ဆိုရင် မျက်စိခြယ်သတဲ့အလှကုန်တွေကို မသုံးပါနဲ့။ အနာပျောက်ကင်းတဲ့အထိ မသုံးဘဲနေပေးပါ။

လက်မှာရောဂါပိုးတွေရှိနေနိုင်တာကြောင့် မျက်လုံးကို လက်နဲ့ထိမိရင် ပိုးတွေမျက်စိထဲဝင်ရောက်နိုင်တာကြောင့် မျက်လုံးကိုခြယ်သတဲ့ အလှကုန်တွေအသုံးမပြုခင်မှာ လက်သေချာဆေးပါ။

မျက်လုံးတဝိုက်မှာအသုံးပြုမယ့် အလှပြင်ပစ္စည်းတွေကို သန့်ရှင်းအောင်ထားပေးပါ။

အလှကုန်တွေကို အခြားသူတွေနဲ့မျှမသုံးပါနဲ့။ အခြားသူတွေဆီကနေရောဂါတွေကူးစက်ခံရနိုင်ပါတယ်။

အလှပြင်ပစ္စည်းတွေရော အလှကုန်တွေမှာပါ ဖုန်တွေကပ်နေတာမျိုးမဖြစ်အောင်သတိပြုပါ။

သက်တမ်းကြာနေပြီဖြစ်တဲ့ အိုင်းလိုင်နာတွေကို အသုံးမပြုပါနဲ့။ မျက်တောင့်ကော့ဆေးတွေကို ဝယ်ပြီး ၂ လကနေ ၄လအတွင်းပဲအသုံးပြုပါ။

ခြောက်သါားတဲ့ မျက်တောင့်ကော့ဆေးတွေကိုလွှင့်ပစ်လိုက်ပါ၊တံတွေးစွတ်ပြီးသုံးမျိုးတွေ ရေစွတ်ပြီးသုံးတာမျိုးတွေ မလုပ်ပါနဲ့။ ရေစွတ်တာကပိုးတွေကိုပေါက်ပွားစေနိုင်ပါတယ်။

အလှကုန်တွေကို အပူချိန် ၈၅ ဒီဂရီ ဖာရင်ဟိုက်အထက်မှာ မသိမ်းပါနဲ့။ အလှကုန်တွေကို အပူချိန်ပြင်းနေတဲ့ကားတွေထဲမှာ အချိန်ကြာမြင့်စွာထားတာမျိုးမလုပ်ပါနဲ့။

မျက်လုံးအလှခြယ်ပစ္စည်းတွေကို ခြယ်သတဲ့အခါမှာပဲဖြစ်ဖြစ် ဖျက်တဲ့အခါမှာပဲဖြစ်ဖြစ် မျက်လုံးအတွင်းသားနဲ့ မျက်လုံးရဲ့အခြားနေရာတွေကို ထိခိုက်မိနိုင်တာကြောင့် ကားတွေနဲ့ ရွေ့လျားနေတဲ့အရာတွေပေါ်မှာမလုပ်ပါနဲ့။

မျက်လုံးအတွက်အသုံးပြုဖို့ထုတ်ထားတာမဟုတ်တဲ့ အလှကုန်တွေကို မျက်လုံးအနီးတဝိုက်မှာအသုံးမပြုပါနဲ့။ lipliner ကို အိုင်းလိုင်နာ အဖြစ်အသုံးမပြုပါနဲ့။

Credit : News Watch

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top