iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႕အခ်ိန္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႕ လူအမ်ားႀကားေရပန္းစားေနတဲ့ ေဖ်ာ္ရည္တစ္မ်ိဳးမွာ Green Tea Lemonade ပဲျဖစ္ပါတယ္။ အရသာအလြန္ရွိၿပီး ေအးျမလန္းဆန္းသည့္အျပင္ ျပဳလုပ္ရတာလည္း အလြန္လြယ္ကူလြန္းလုိ႕ လူတိုင္းႀကိဳက္ႏွစ္သက္မွာအေသအခ်ာပါ။ ဒါေႀကာင့္ က်န္းမာေရးနဲ႕ညီညြတ္ၿပီး ကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႕လည္း ကူညီေပးႏုိင္မယ့္ Green Tea Lemonade ေဖ်ာ္ရည္လုပ္နည္းေလးကို တင္ဆက္ေပးလုိက္ရပါတယ္။

ပါ၀င္ပစၥည္းမ်ား

ေရ – ႏွစ္ခြက္

လက္ဖက္ရည္အိတ္ – ၁ အိတ္

ပ်ားရည္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း မွ ၃ ဇြန္း

သံပယိုခြံႏွင့္အရည္ – အနည္းငယ္စီ

သစ္ႀကံပိုးေခါက္ – တစ္၀က္ခန္႕

ျပဳလုပ္ပံုအဆင့္ဆင့္

၁။ ဒယ္အိုးထဲကို ေရႏွစ္ခြက္ေလာင္းထည့္ပါ။

၂။ သံပယိုသီးတစ္လံုးရဲ႕ အခြံေတြကို အခြံလွီးကိရိယာကိုအသံုးျပဳၿပီး ပြက္ပြက္ဆူေနသည့္ေရထဲထည့္ေပးပါ။

၃။ သစ္ႀကံပိုးေခါက္အေခ်ာင္းကို ေရထဲထည့္သြင္းပါ။

၄။ အဖံုးအုပ္ထားၿပီး ေရဆူေအာင္ထားေပးပါ။

၅။ မီးပိတ္လိုက္၍ လက္ဖက္ရည္အိတ္တစ္အိတ္ကို ထည့္သြင္းေပးၿပီး အဖံုးအုပ္ကာ ၃ မိနစ္မွ ၅ မိနစ္ခန္႕ႀကာေအာင္ ႏွပ္ထားေပးပါ။ ၿပီးလွ်င္ လက္ဖက္ရည္ကိုအေအးခံႏုိင္ပါတယ္။

၆။ ေနာက္တဆင့္အေနနဲ႕ အဖတ္ေတြကိုစစ္ထားေပးပါ။

၇။ သံပယိုရည္ကို ရရွိလာတဲ့လက္ဖက္ရည္ထဲကို ထည့္ေပးပါ။

၈။ ၿပီးလွ်င္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းရွိသည့္ ပ်ားရည္စစ္စစ္ကိုထည့္ၿပီးေနာက္ ျဖည္းျဖည္းခ်င္းေမႊေပးပါ။

၉။ ထို႕ေနာက္ ေနာက္ဆံုးအေနနဲ႕ Green Tea Lemonade ကို ေရခဲေသတၱာထဲအေအးခံတာပဲျဖစ္ျဖစ္၊ ေရခဲတံုးထည့္ေပးတာပဲျဖစ္ျဖစ္ လုပ္ေပးၿပီး ေသာက္သံုးေပးႏုိင္ပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ယနေ့အချိန် ကိုယ်အလေးချိန်လျော့ကျဖို့ လူအများကြားရေပန်းစားနေတဲ့ ဖျော်ရည်တစ်မျိုးမှာ Green Tea Lemonade ပဲဖြစ်ပါတယ်။ အရသာအလွန်ရှိပြီး အေးမြလန်းဆန်းသည့်အပြင် ပြုလုပ်ရတာလည်း အလွန်လွယ်ကူလွန်းလို့ လူတိုင်းကြိုက်နှစ်သက်မှာအသေအချာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး ကိုယ်အလေးချိန်လျော့ကျဖို့လည်း ကူညီပေးနိုင်မယ့် Green Tea Lemonade ဖျော်ရည်လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ရေ – နှစ်ခွက်

လက်ဖက်ရည်အိတ် – ၁ အိတ်

ပျားရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း မှ ၃ ဇွန်း

သံပယိုခွံနှင့်အရည် – အနည်းငယ်စီ

သစ်ကြံပိုးခေါက် – တစ်ဝက်ခန့်

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ဒယ်အိုးထဲကို ရေနှစ်ခွက်လောင်းထည့်ပါ။

၂။ သံပယိုသီးတစ်လုံးရဲ့ အခွံတွေကို အခွံလှီးကိရိယာကိုအသုံးပြုပြီး ပွက်ပွက်ဆူနေသည့်ရေထဲထည့်ပေးပါ။

၃။ သစ်ကြံပိုးခေါက်အချောင်းကို ရေထဲထည့်သွင်းပါ။

၄။ အဖုံးအုပ်ထားပြီး ရေဆူအောင်ထားပေးပါ။

၅။ မီးပိတ်လိုက်၍ လက်ဖက်ရည်အိတ်တစ်အိတ်ကို ထည့်သွင်းပေးပြီး အဖုံးအုပ်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့်ကြာအောင် နှပ်ထားပေးပါ။ ပြီးလျှင် လက်ဖက်ရည်ကိုအအေးခံနိုင်ပါတယ်။

၆။ နောက်တဆင့်အနေနဲ့ အဖတ်တွေကိုစစ်ထားပေးပါ။

၇။ သံပယိုရည်ကို ရရှိလာတဲ့လက်ဖက်ရည်ထဲကို ထည့်ပေးပါ။

၈။ ပြီးလျှင် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းရှိသည့် ပျားရည်စစ်စစ်ကိုထည့်ပြီးနောက် ဖြည်းဖြည်းချင်းမွှေပေးပါ။

၉။ ထို့နောက် နောက်ဆုံးအနေနဲ့ Green Tea Lemonade ကို ရေခဲသေတ္တာထဲအအေးခံတာပဲဖြစ်ဖြစ်၊ ရေခဲတုံးထည့်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးပြီး သောက်သုံးပေးနိုင်ပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top