iMyanmarHouse.com - Best Property Website for Myanmar
×

ေဆြျပမ်ိဳးျပဆိုလား…

2018 ရဲ႕ အစပိုင္းဟာ Justin နဲ႔ Selena တို႔အတြက္ ႐ိုမန္းတစ္စရာအခ်ိန္ကာလေတြကိုျဖစ္ေနေတာ့တာပါပဲ။အတိတ္မွာ တစ္ဦးနဲ႔ တစ္ဦး နာက်ည္းခ်က္ေတြနဲ႔ Justin ကလည္း Selena က သူ႔ကို stage စင္ေနာက္မွာေအာ္ဟစ္သိကၡာခ်ဖူးတယ္လို႔ Interview ေတြမွာေျဖလိုေျဖ.. Selena ကလည္း Justin က သူ႔အေပၚႀကိမ္ဖန္မ်ားစြာသစၥာေဖာက္ခဲ့တယ္လို႔ Media ေတြကိုရင္ဖြင့္ၿပီး သူ႔ Show ပြဲမွာ “Please Marry Justin Bieber”ဆိုတဲ့ ပိုစတာႀကီးကိုေအာက္ကပရိသတ္ေတြကိုင္ထားတာကိုျမင္တာနဲ႔ လွမ္းေတာင္းၿပီး စင္ေပၚမွာတင္ ၿဖဲပစ္တာေတြဘာေတြလုပ္လို႔ အက်ည္းတန္သေယာင္ျဖစ္ခဲ့တဲ့ Justin နဲ႔Selena တို႔ဟာ 2017 ႏွစ္ကုန္ပိုင္းကေန အခ်စ္ကိုမလြန္ဆန္ႏိုင္ပဲျပန္လက္တြဲခဲ့ၾကၿပီးေနာက္အရင္ကလို တစ္ပတ္ကိုဆယ့္ႏွစ္ခါေလာက္ရန္ျဖစ္ၿပီး Selena က Justin က သူတို႔ႏွစ္ေယာက္အတြက္ဝယ္ထားတဲ့အိမ္ႀကီးကေနဇိုးခနဲဇတ္ခနဲ အထုပ္အပိုးေတြသယ္ခ်သြားၿပီး Taylor Swift အိမ္သြားေနတာတို႔ဘာတို႔ေတြလည္းမလုပ္ေတာ့ပဲရင့္က်က္ၿပီးေနာက္ပိုင္းတိိုးတိုးတိတ္တိတ္ပဲရန္ျဖစ္ေတာ့မယ္လို႔မ်ား သႏၲိဌာန္ခ်ထားၾကသလားမသိပါဘူး။တစ္ခါဖူးမွ်ရန္ျဖစ္တာမၾကားရပဲ ေတာက္ေလွ်ာက္ကို sweet ေနၾကတာဆိုတာ ပရိသတ္ေတြမွာသူတို႔သတင္းေလးေတြၾကားရတာပုံေလးေတြျမင္ရတာနဲ႔ ပါးစပ္ကိုမစိႏိုင္ေအာင္ၿပဳံးေပ်ာ္ေနၾကရေတာ့တာပါပဲ။ ပရိသတ္ကိုစိတ္ခ်မ္းသာေအာင္ထားၾကတဲ့ရင့္က်က္သူေလးေတြပါေပါ့ေလ။

သူတို႔ေလးေတြက ခုလည္း တစ္မ်ိဳးလုပ္လိုက္ျပန္ပါၿပီ။Justin ဆိုတဲ့ေကာင္ေလးဟာ သူ႔မမ Selena ကို သိပ္မခ်စ္ရွာဘူး။ ဟိုေန႔ကပဲလက္ထပ္ခြင့္ေတာင္းဖို႔ႀကံတယ္ဆိုၿပီးခုလည္း သူ႔အေဖရဲ႕မဂၤလာေဆာင္ကိုအပါေခၚသြားျပန္ပါသတဲ့။ ေဆြမ်ိဳးေတြစုံမွာဆိုေတာ့လည္းေဆြျပမ်ိဳးျပေပါ့ေလ။ Justin က ေတာင္းဆိုသမွ်ကို အၿမဲလိုလိုဂ်စ္ကန္ကန္နဲ႔အင္တင္တင္လုပ္ေလ့ရွိတဲ့Selena ေလးဟာလည္း မဂၤလာေဆာင္ပြဲ ကိုအတူတူတက္ရေလာက္ေအာင္သူ႔အေပၚအေလးအနက္ထားတဲ့Justin ရဲ႕ အခ်စ္ေၾကာင့္ စိတ္လႈပ္ရွားသြားပုံေပၚပါတယ္။ မျငင္းဆန္ပဲ သေဘာတူခဲ့တာေၾကာင့္February 19 ရက္ေန႔ တနလာေနၤ့မွာ သူတို႔ႏွစ္ေယာက္ကို Jamaica ကိုသြားမယ့္ ေလဆိပ္မွာအတူတြဲၿပီးေတြ႕ခဲ့ၾကပါတယ္တဲ့။ဒီလိုအေရးႀကီးတဲ့ မဂၤလာပြဲေတြေတာင္အတူတူတက္ေနၾကျ့ပီဆိုေတာ့ သူတို႔ႏွစ္ဦးရဲ႕အခ်စ္ ေတြဟာသိပ္ကိုခိုင္မာေနတာေသခ်ာပါၿပီ။ Selena က မဂၤလာေဆာင္မွာ Justin ရဲ႕ ဝမ္းကြဲ ေမာင္ႏွမ ေတြနဲ႔လည္းဓာတ္ပုံအတူတူ႐ိုက္ထားတာေတြ႕ရၿပီး အရာအားလုံးအဆင္ေျပေခ်ာေမြ႕ေနပုံပါပဲ။ Justin ရဲ႕ အေဖ Jeremy Bieber က အသက္ 30အ႐ြယ္ Chelsea Rebelo ဆိုတဲ့ အမ်ိဳးသမီးေလးနဲ႔ ခ်စ္ခင္စုံမက္ေနတာၾကာၿပီျဖစ္ၿပီးမေန႔ကမွ လက္ထပ္ လိုက္တာပါ။ ခုဆိုရင္ေတာ့ Justin နဲ႔ Selena ရဲ႕ မဂၤလာသတင္းကိုပဲ ေစာင့္စရာက်န္ပါေတာ့တယ္။

Credit : Buzzy
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆွေပြမျိုးပြဆိုလား…

2018 ရဲ့ အစပိုင်းဟာ Justin နဲ့ Selena တို့အတွက် ရိုမန်းတစ်စရာအချိန်ကာလတွေကိုဖြစ်နေတော့တာပါပဲ။အတိတ်မှာ တစ်ဦးနဲ့ တစ်ဦး နာကျည်းချက်တွေနဲ့ Justin ကလည်း Selena က သူ့ကို stage စင်နောက်မှာအော်ဟစ်သိက္ခာချဖူးတယ်လို့ Interview တွေမှာဖြေလိုဖြေ.. Selena ကလည်း Justin က သူ့အပေါ်ကြိမ်ဖန်များစွာသစ္စာဖောက်ခဲ့တယ်လို့ Media တွေကိုရင်ဖွင့်ပြီး သူ့ Show ပွဲမှာ “Please Marry Justin Bieber”ဆိုတဲ့ ပိုစတာကြီးကိုအောက်ကပရိသတ်တွေကိုင်ထားတာကိုမြင်တာနဲ့ လှမ်းတောင်းပြီး စင်ပေါ်မှာတင် ဖြဲပစ်တာတွေဘာတွေလုပ်လို့ အကျည်းတန်သယောင်ဖြစ်ခဲ့တဲ့ Justin နဲ့Selena တို့ဟာ 2017 နှစ်ကုန်ပိုင်းကနေ အချစ်ကိုမလွန်ဆန်နိုင်ပဲပြန်လက်တွဲခဲ့ကြပြီးနောက်အရင်ကလို တစ်ပတ်ကိုဆယ့်နှစ်ခါလောက်ရန်ဖြစ်ပြီး Selena က Justin က သူတို့နှစ်ယောက်အတွက်ဝယ်ထားတဲ့အိမ်ကြီးကနေဇိုးခနဲဇတ်ခနဲ အထုပ်အပိုးတွေသယ်ချသွားပြီး Taylor Swift အိမ်သွားနေတာတို့ဘာတို့တွေလည်းမလုပ်တော့ပဲရင့်ကျက်ပြီးနောက်ပိုင်းတိုးတိုးတိတ်တိတ်ပဲရန်ဖြစ်တော့မယ်လို့များ သန္တိဌာန်ချထားကြသလားမသိပါဘူး။တစ်ခါဖူးမျှရန်ဖြစ်တာမကြားရပဲ တောက်လျှောက်ကို sweet နေကြတာဆိုတာ ပရိသတ်တွေမှာသူတို့သတင်းလေးတွေကြားရတာပုံလေးတွေမြင်ရတာနဲ့ ပါးစပ်ကိုမစိနိုင်အောင်ပြုံးပျော်နေကြရတော့တာပါပဲ။ ပရိသတ်ကိုစိတ်ချမ်းသာအောင်ထားကြတဲ့ရင့်ကျက်သူလေးတွေပါပေါ့လေ။

သူတို့လေးတွေက ခုလည်း တစ်မျိုးလုပ်လိုက်ပြန်ပါပြီ။Justin ဆိုတဲ့ကောင်လေးဟာ သူ့မမ Selena ကို သိပ်မချစ်ရှာဘူး။ ဟိုနေ့ကပဲလက်ထပ်ခွင့်တောင်းဖို့ကြံတယ်ဆိုပြီးခုလည်း သူ့အဖေရဲ့မင်္ဂလာဆောင်ကိုအပါခေါ်သွားပြန်ပါသတဲ့။ ဆွေမျိုးတွေစုံမှာဆိုတော့လည်းဆွေပြမျိုးပြပေါ့လေ။ Justin က တောင်းဆိုသမျှကို အမြဲလိုလိုဂျစ်ကန်ကန်နဲ့အင်တင်တင်လုပ်လေ့ရှိတဲ့Selena လေးဟာလည်း မင်္ဂလာဆောင်ပွဲ ကိုအတူတူတက်ရလောက်အောင်သူ့အပေါ်အလေးအနက်ထားတဲ့Justin ရဲ့ အချစ်ကြောင့် စိတ်လှုပ်ရှားသွားပုံပေါ်ပါတယ်။ မငြင်းဆန်ပဲ သဘောတူခဲ့တာကြောင့်February 19 ရက်နေ့ တနလာင်္နေ့မှာ သူတို့နှစ်ယောက်ကို Jamaica ကိုသွားမယ့် လေဆိပ်မှာအတူတွဲပြီးတွေ့ခဲ့ကြပါတယ်တဲ့။ဒီလိုအရေးကြီးတဲ့ မင်္ဂလာပွဲတွေတောင်အတူတူတက်နေကြြ့ပီဆိုတော့ သူတို့နှစ်ဦးရဲ့အချစ် တွေဟာသိပ်ကိုခိုင်မာနေတာသေချာပါပြီ။ Selena က မင်္ဂလာဆောင်မှာ Justin ရဲ့ ဝမ်းကွဲ မောင်နှမ တွေနဲ့လည်းဓာတ်ပုံအတူတူရိုက်ထားတာတွေ့ရပြီး အရာအားလုံးအဆင်ပြေချောမွေ့နေပုံပါပဲ။ Justin ရဲ့ အဖေ Jeremy Bieber က အသက် 30အရွယ် Chelsea Rebelo ဆိုတဲ့ အမျိုးသမီးလေးနဲ့ ချစ်ခင်စုံမက်နေတာကြာပြီဖြစ်ပြီးမနေ့ကမှ လက်ထပ် လိုက်တာပါ။ ခုဆိုရင်တော့ Justin နဲ့ Selena ရဲ့ မင်္ဂလာသတင်းကိုပဲ စောင့်စရာကျန်ပါတော့တယ်။

Credit : Buzzy

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top