iMyanmarHouse.com - Best Property Website for Myanmar
×
Credit : My Style
မင်္ဂလာပါနော်။ ညဖက်မှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် ဒိတ်လုပ်ကြမယ့်သူတွေအတွက် မတူညီတဲ့ မိတ်ကပ် Look ၃ မျိုးကို မျှဝေပေးချင်ပါတယ်။
တောင်ကိုးရီးယား အနုပညာရှင်တွေဖြစ်ကြတဲ့ Chae Soo Bin, CL နဲ့ Kim Yoo Jung တို့လိမ်းချယ်ထားတဲ့ မိတ်ကပ် Look ကို ကြည့်လိုက်ရအောင်။
ညဖက်မှာ ညစာစားရင်း ရုပ်ရှင်ကြည့်ဖို့ ဒိတ်လုပ်တဲ့အခါ
ညဖက် ဒိတ်လုပ်တဲ့အခါ လိမ်းချယ်လို့ရတဲ့ ကိုးရီးယား မိတ်ကပ် Look (၃) မျိုး
မိတ်ကပ်သားမထူဘဲ သဘာဝဆန်တဲ့ မိတ်ကပ်လိမ်းချယ်မှုက အဆင်ပြေမှာပါနော်။ နှုတ်ခမ်းသားကိုလည်း ဆိုးထားတယ်လို့မထင်ရအောင် သဘာဝနှုတ်ခမ်းနီလေးကိုပဲ ဆိုးပေးလိုက်ပါ။
ညဖက်မှာ သင်အကြိုက်ဆုံး စားသောက်ဆိုင်တစ်ခုမှာ ဒိတ်လုပ်ထားတဲ့အခါ
ဒီတခါမှာတော့ မိတ်ကပ်သားကို မိန်းကလေးပိုပြီးဆန်စေပြီး ပိုပြီး နုပျိုစေတဲ့ မိတ်ကပ်ပုံစံမျိုး လိမ်းချယ်နိုင်ပါတယ်။ နှုတ်ခမ်းနီကိုလည်း ပိုပြီးအရာင် နည်းနည်းတောက်တာ ဆိုးပေးပါ။
ပွဲတွေသွားဖို့ ဒိတ်ထားတဲ့အခါ
CL လိမ်းထားတဲ့ မိတ်ကပ် ပုံစံမျိုးကို ညဖက် ပွဲတွေသွားတဲ့အခါ လိမ်းချယ်နိုင်ပါတယ်နော်။ အညိုရင့်ရင့် Eyeshdow တွေကိုသုံးပြီး Mascara နဲ့ မျက်တောင်အတုလည်း တပ်ဖို့မမေ့ပါနဲ့။
ဒါ့အပြင် နှုတ်ခမ်းနီကို Matte နှုတ်ခမ်းနီမျိုး ဆိုးပေးနိုင်ပါတယ်။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top