iMyanmarHouse.com - Best Property Website for Myanmar
×

အဆုိေတာ္ Nကုိင္ရာကေတာ့ အခုခ်ိန္မွာ သားတစ္ေယာက္ သမီးတစ္ေယာက္ရဲ႕ မိခင္အျဖစ္ သာယာေအးခ်မ္းတဲ့ မိသားစုဘဝေလးကုိ ပုိင္ဆုိင္ ေနၿပီ လုိ႔ ေျပာျပခဲ့ပါတယ္။

'' ကုိင္ရာမွာ သားသားတစ္ေယာက္၊ မီးမီးတစ္ေယာက္ရွိပါတယ္။ သားသားက ၂ ႏွစ္နဲ႔ ၁၀လ မီးမီးေလးက ၉ လရွိပါၿပီ။ သားသားနာမည္က ေဒးဗစ္ဂြန္မ္ဆန္ေအာန္ ၊ သမီးေလး နာမည္က ဂရင္းဆန္မ္စြမ္ပန္ လုိ႔ ေခၚပါတယ္။ သားသားကေတာ့ Music ေတာ့ သူသိပ္ဝါသနာမပါဘူး ႀကီးလာရင္ေတာ့ ဘယ္လုိေနမလဲမသိဘူး အခုေလာေလာဆယ္ေတာ့ ေဘာလုံးေတြအရမ္းႀကိဳက္တယ္။ သမီးေလးကေတာ့ ၆ လေလာက္ ကတည္းက သီခ်င္းသံၾကားရင္ သူ႔ဘာသာကေနတာ ေျခေတြလက္ေတြလႈပ္၊ ေခါင္းေလးေတြယမ္းေနတာ Music ေတာ့ ႀကိဳက္တဲ့ပုံပဲ'' လုိ႔ သူကဆုိပါတယ္။

မိခင္တစ္ေယာက္ျဖစ္သြားတဲ့အခ်ိန္မွာ အစစအရာရာေျပာင္းလဲသြားတယ္လုိ႔ ေျပာပါတယ္။

'' ေတာ္ေတာ္ေျပာင္းလဲသြားတယ္၊ အစအဆုံးပဲေပါ့ေနာ္။ လူပဲၾကည့္လုိက္ ေျပာင္းလဲသြားတယ္၊ ေန႔သစ္တစ္ေန႔စလုိက္တုိင္းက သူတုိ႔အတြက္ပဲ ျဖစ္ေနတာေပါ့ေနာ္။ သူတုိ႔အတြက္လည္းျဖစ္တယ္ ငယ္လည္းငယ္ၾကေသးေတာ့ စိတ္ပူတာေတြလည္းပါတယ္။ အရင္တုန္းက ကုိင္ရာရဲ႕ စိတ္ကအရင္တုန္းက အားငယ္တတ္တယ္၊ အခုလည္း အားငယ္တတ္တုန္းပါပဲ ဒါေပမယ့္ ကုိယ့္သားသမီးေတြရဲ႕ မ်က္ႏွာျပန္ျမင္လုိက္ေတာ့ လည္း ငါ စိတ္အားတင္းရမွာပဲ ဆုိၿပီးေတာ့ အားေတြရွိလာတယ္'' လုိ႔ ဆုိပါတယ္။

အဆုိေတာ္ Nကိုင္ရာကေတာ့ မညာေတာ့ဘူး ဆုိတဲ့ ေတးသီခ်င္းေလးကေနတဆင့္ ပရိသတ္အားေပးမႈအမ်ားႀကီးရရွိခဲ့တဲ့ အဆုိေတာ္ တစ္ေယာက္  ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဂီတသက္တမ္း ၆ ႏွစ္ေက်ာ္ကာလမွာ ခ်စ္ရတဲ့ခင္ပြန္းနဲ႔ ခ်စ္သူသက္တမ္း ၂ ႏွစ္ေက်ာ္အၾကာမွာ မဂၤလာပြဲက်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး ၂၀၁၃ ခုႏွစ္ ေအာက္တုိဘာလ ၂၅ ရက္ေန႔ က ကခ်င္ႏွစ္ျခင္းခရစ္ယာန္ဘုရားေက်ာင္းမွာပဲ ကခ်င္ရုိးရာ အတုိင္း မဂၤလာေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆိုတော် Nကိုင်ရာကတော့ အခုချိန်မှာ သားတစ်ယောက် သမီးတစ်ယောက်ရဲ့ မိခင်အဖြစ် သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင် နေပြီ လို့ ပြောပြခဲ့ပါတယ်။

'' ကိုင်ရာမှာ သားသားတစ်ယောက်၊ မီးမီးတစ်ယောက်ရှိပါတယ်။ သားသားက ၂ နှစ်နဲ့ ၁၀လ မီးမီးလေးက ၉ လရှိပါပြီ။ သားသားနာမည်က ဒေးဗစ်ဂွန်မ်ဆန်အောန် ၊ သမီးလေး နာမည်က ဂရင်းဆန်မ်စွမ်ပန် လို့ ခေါ်ပါတယ်။ သားသားကတော့ Music တော့ သူသိပ်ဝါသနာမပါဘူး ကြီးလာရင်တော့ ဘယ်လိုနေမလဲမသိဘူး အခုလောလောဆယ်တော့ ဘောလုံးတွေအရမ်းကြိုက်တယ်။ သမီးလေးကတော့ ၆ လလောက် ကတည်းက သီချင်းသံကြားရင် သူ့ဘာသာကနေတာ ခြေတွေလက်တွေလှုပ်၊ ခေါင်းလေးတွေယမ်းနေတာ Music တော့ ကြိုက်တဲ့ပုံပဲ'' လို့ သူကဆိုပါတယ်။

မိခင်တစ်ယောက်ဖြစ်သွားတဲ့အချိန်မှာ အစစအရာရာပြောင်းလဲသွားတယ်လို့ ပြောပါတယ်။

'' တော်တော်ပြောင်းလဲသွားတယ်၊ အစအဆုံးပဲပေါ့နော်။ လူပဲကြည့်လိုက် ပြောင်းလဲသွားတယ်၊ နေ့သစ်တစ်နေ့စလိုက်တိုင်းက သူတို့အတွက်ပဲ ဖြစ်နေတာပေါ့နော်။ သူတို့အတွက်လည်းဖြစ်တယ် ငယ်လည်းငယ်ကြသေးတော့ စိတ်ပူတာတွေလည်းပါတယ်။ အရင်တုန်းက ကိုင်ရာရဲ့ စိတ်ကအရင်တုန်းက အားငယ်တတ်တယ်၊ အခုလည်း အားငယ်တတ်တုန်းပါပဲ ဒါပေမယ့် ကိုယ့်သားသမီးတွေရဲ့ မျက်နှာပြန်မြင်လိုက်တော့ လည်း ငါ စိတ်အားတင်းရမှာပဲ ဆိုပြီးတော့ အားတွေရှိလာတယ်'' လို့ ဆိုပါတယ်။

အဆိုတော် Nကိုင်ရာကတော့ မညာတော့ဘူး ဆိုတဲ့ တေးသီချင်းလေးကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်  ဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတသက်တမ်း ၆ နှစ်ကျော်ကာလမှာ ချစ်ရတဲ့ခင်ပွန်းနဲ့ ချစ်သူသက်တမ်း ၂ နှစ်ကျော်အကြာမှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ က ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာပဲ ကချင်ရိုးရာ အတိုင်း မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top