iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကမွာ စိတ္ေက်နပ္စရာအေကာင္းဆံုးအရာက ဘာလဲ။ သူကလည္းခ်စ္- ကိုယ္ကလည္းခ်စ္တဲ႔ ခ်စ္သူတစ္ေယာက္ကို ပုိင္ဆိုင္ရတာလား။ အစစအရာရာ အဆင္ေျပေနတဲ႔ ဆက္ဆံေရးေလး တစ္ခုကို ႏွစ္ဦးၾကားမွာ တည္ေဆာက္ထားႏိုင္တာလား။ ႏွစ္မ်ိဳးစလံုး ျဖစ္ႏိုင္ပါတယ္။

ဘယ္္သူမဆို ေပ်ာ္ရႊင္တဲ႔ သမီးရည္းစားဆက္ဆံေရးေလးကို တည္ေဆာက္လိုၾကမွာပါ။ ဒါဆိုရင္ သမီးရည္းစား ဆက္ဆံေရးတိုင္းမွာရွိတတ္တဲ႔ အဆင္႔ေလးေတြကို သိထားဖို႔လိုအပ္ပါလိမ္႔မယ္။

၁။ အဆင္႔ (၁)
ဒီအဆင္႔ကေတာ႔ “ျမင္ျမင္ခ်င္းပဲ ခ်စ္မိတယ္…. ျမင္ျမင္ခ်င္းပဲ ႀကိဳက္မိတယ္” ဆိုုတဲ႔ အပိုင္းေလးပါပဲ။ ေနာင္တစ္ခ်ိန္မွာ ကိုယ္႔လက္တြဲေဖာ္ျဖစ္လာမယ္႔ တစ္စံုတစ္ေယာက္ကို မ်က္စိက်မိၿပီး crush ေနမိပါၿပီ။ သူကလည္း ကိုယ္႔ကို စိတ္ဝင္စားေနၿပီး မ်က္လံုးခ်င္း ေဂၚလီေတြရိုက္ေနပါၿပီ။ ဒီအဆင္႔ေလးက စိတ္လႈပ္ရွားဖို႔ အေကာင္းဆံုးအခ်ိန္ ျဖစ္သလို ေနာင္တစ္ခ်ိန္မွာ ျပန္ေျပာျပစရာ အမွတ္တရေလးေတြကိုလည္း ဒီအဆင္႔မွာ ဖန္တီးႏိုင္မွာပါ။

၂။ အဆင္႔ (၂)
ဒီအဆင္႔ကေတာ႔ ႏွလံုးသားရဲ႕စကားအျပင္ ဦးေႏွာက္ရဲ႕ညႊန္ၾကားခ်က္ကိုပါ လိုက္နာရတဲ႔အဆင္႔ပါ။ ဒီလူဟာ ကိုယ္နဲ႔အဆင္ေျပႏိုင္လား။ ေရရွည္လက္တြဲဖို႔ ျဖစ္ႏိုင္လားဆိုတာကို စီစစ္ေဝဖန္ေနရပါၿပီ။ ႏွစ္ေယာက္ၾကားမွာ စကားေျပာခ်ိန္ေလးေတြ၊ ထိေတြ႕ခ်ိန္ေလးေတြကလည္း ပိုမ်ားလာၿပီဆုိေတာ႔ တစ္ဖက္လူရဲ႕စိတ္ေနစိတ္ထားကို အတိုင္းအတာတစ္ခုထိ သိေနေလာက္ပါၿပီ။ ဒီအဆင္႔ကို ေက်ာ္ႏိုင္ရင္ ႏွစ္ေယာက္နီးစပ္ဖို႔ ေျခတစ္လွမ္း တိုးလိုက္ႏိုင္တာပါပဲ။

၃။ အဆင္႔ (၃)
ဒီအဆင္႔ကေတာ႔ ခ်စ္စ၊ ခင္စ၊ ၾကင္နာစ အခ်ိန္ျဖစ္ၿပီး ၾကာေလေသြးရင္ေတာင္ ေဝးတယ္လို႔ ထင္ရေလာက္ေအာင္ အခ်စ္နာလန္ထေနမိတဲ႔ အခ်ိန္ျဖစ္မွာပါ။ ဒီအဆင္႔မွာေတာ႔ အခ်စ္ငွက္ငယ္ေလး (၂) ေကာင္ဟာ ေလျပည္ေလညွင္းၾကားမွာ လူးလားခတ္ပ်ံသန္းေနမွာေပါ႔။

၄။ အဆင္႔ (၄)
ဒီအဆင္႔ကေတာ႔ အခ်စ္ျမဴမႈန္ေတြ လြင္႔ပ်ယ္စျပဳလာတဲ႔ အဆင္႔ပါပဲ။ အရင္တံုးက ေသခ်ာသတိမထားမိတဲ႔ မိမိလက္တြဲေဖာ္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ေလးေတြ၊ အားနည္းခ်က္ေလးေတြကို ျမင္စျပဳလာပါၿပီ။ ဥပမာ…အစားစားရင္ ေလခ်ဥ္တက္တတ္တာတို႔၊ ႏွာေခါင္းႏႈိက္တတ္တာတို႔၊ လူလည္ေခါင္မွာ ေလလည္တတ္တာတို႔ ဘာတို႔ေပါ႔။ ဒါေတြက ႀကီးႀကီးမားမားျပစ္ခ်က္ႀကီးေတြ မဟုတ္ေပမယ္႔ စိတ္ထဲမွာ ဒီခ်ိဳ႕ယြင္းခ်က္ေတြကို မႀကိဳက္သလို ခံစားလာရပါၿပီ။

၅။ အဆင္႔ (၅)
တျဖည္းျဖည္းနဲ႔ မိမိလက္တြဲေဖာ္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ေလးေတြကို က်င္႔သားရလာၿပီး ျပင္ဖို႔ ထပ္ခါထပ္ခါ ေျပာရတာကိုလည္း ေမာလာပါၿပီ။ သူေပးတတ္တဲ႔ အေႏွာင္႔အယွက္အငယ္စားေလးေတြနဲ႔ ဘယ္လိုလိုက္ေလ်ာညီေထြ ျဖစ္ေအာင္ေနရမယ္ဆိုတာကိုလည္း သေဘာေပါက္စျပဳလာပါၿပီ။ ဒီအခ်ိန္မွာ စိတ္ရွည္သည္းခံတတ္ျခင္းကို သင္ယူရရွိလာပါလိမ္႔မယ္။

၆။ အဆင္႔ (၆)
တစ္ေယာက္နဲ႔ တစ္ေယာက္ အရင္ကေလာက္ ပံုမွန္အခ်ိန္မေပးႏိုင္ေတာ႔တဲ႔ အဆင္႔ပါ။ တြဲခါစကေလာက္ အခ်စ္နာလန္ မထေတာ႔တဲ႔အတြက္ အရင္လို ကဒီးကဒီး မေတြ႕ျဖစ္ေတာ႔ဘဲ အလုပ္အတြက္၊ မိသားစုအတြက္၊ သူငယ္ခ်င္းေတြအတြက္ အခ်ိန္ပိုေပးမိေတာ႔မွာပါ။

ဒီအဆင္႔မွာ သတိမထားမိရင္ အေနေဝးလို႔ ေသြးေအးတာမ်ိဳးေတြျဖစ္တတ္ၿပီး ျပတ္သြားတတ္ပါတယ္။ ဒီလို မျဖစ္ေစဖို႔ အလုပ္ဘယ္ေလာက္မ်ားမ်ား မိမိခ်စ္သူအတြက္ အခ်ိန္ေပးႏိုင္ေအာင္ တတ္ႏိုင္သမွ် ႀကိဳးစားၾကည္႔သင္႔ပါတယ္။

၇။ အဆင္႔ (၇)
ဟန္ေဆာင္မ်က္ႏွာဖံုးေတြ ရွိခဲ႔မယ္ဆိုရင္ ဒီအဆင္႔မွာ ဘြားခနဲ ေပၚလာပါၿပီ။ စကားေျပာရင္ ဟန္ေဆာင္ ထိန္းခ်ဳပ္တတ္ျခင္း မရွိေတာ႔သလို စိတ္ထဲဲရွိတဲ႔အတိုင္း ေျပာစျပဳလာပါၿပီ။ မိမိရဲ႕ လက္တြဲေဖာ္ကလည္း မိမိရဲ႕အရွိတရားကို လက္ခံႏိုင္ေလာက္ၿပီ ျဖစ္တဲ႔အတြက္ စိတ္ထဲရွိသလို ဘြင္းဘြင္းေျပာတတ္တဲ႔အတြက္ တစ္ခါတေလမွာ စကားမွားၿပီး တစ္ဖက္လူနာက်င္ရတာေတြ ရွိလာပါတယ္။

ဒီအဆင္႔ဟာလည္း သမီးရည္းစားဆက္ဆံေရးတစ္ခုမွာ အေရးအႀကီးဆံုး အဆင္႔ပါပဲ။ စိတ္ရွည္မႈေတြ ကုန္ဆံုးေနရင္ ျပတ္သြားႏိုင္တဲ႔ အေနအထားပါ။

၈။ အဆင္႔ (၈)
အဆင္႔ (၇) ကို ေက်ာ္လႊားႏိုင္ၿပီဆိုရင္ေတာ႔ တစ္ဦးရဲ႕ေဒါသေတြ၊ ျပႆနာေတြ၊ စိတ္ပိုင္းဆိုင္ရာမလံုျခံဳမႈေတြကို က်န္တစ္ဦးက လက္ခံႏိုင္ၾကၿပီး ျဖစ္ပါလိမ္႔မယ္။ တစ္ေယာက္နားမွာ တစ္ေယာက္ မရွိလို႔ မျဖစ္တာကိုလည္္း သေဘာေပါက္ထားၿပီးၾကသလို ေလာကမွာ လူတစ္ေယာက္ကိုခ်စ္ရင္ သူနဲ႔ပတ္သက္တဲ႔ အရာရာတိုင္းကို လက္ခံရမွာပါလား ဆိုတာကို နားလည္ႏိုင္ေလာက္ေအာင္ ရင္႔က်က္ေနပါၿပီ။ ဒီအဆင္႔ကို ေက်ာ္လြန္ႏိုုင္ရင္ေတာ႔ ေပ်ာ္ရႊင္တဲ႔ မိသားစုဘဝေလးတစ္ခုကို ထူေထာင္ဖို႔ပဲ က်န္ပါေတာ႔တယ္။

Source: Youngisthan

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လောကမှာ စိတ်ကျေနပ်စရာအကောင်းဆုံးအရာက ဘာလဲ။ သူကလည်းချစ်- ကိုယ်ကလည်းချစ်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ရတာလား။ အစစအရာရာ အဆင်ပြေနေတဲ့ ဆက်ဆံရေးလေး တစ်ခုကို နှစ်ဦးကြားမှာ တည်ဆောက်ထားနိုင်တာလား။ နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။

ဘယ်သူမဆို ပျော်ရွှင်တဲ့ သမီးရည်းစားဆက်ဆံရေးလေးကို တည်ဆောက်လိုကြမှာပါ။ ဒါဆိုရင် သမီးရည်းစား ဆက်ဆံရေးတိုင်းမှာရှိတတ်တဲ့ အဆင့်လေးတွေကို သိထားဖို့လိုအပ်ပါလိမ့်မယ်။

၁။ အဆင့် (၁)
ဒီအဆင့်ကတော့ “မြင်မြင်ချင်းပဲ ချစ်မိတယ်…. မြင်မြင်ချင်းပဲ ကြိုက်မိတယ်” ဆိုုတဲ့ အပိုင်းလေးပါပဲ။ နောင်တစ်ချိန်မှာ ကိုယ့်လက်တွဲဖော်ဖြစ်လာမယ့် တစ်စုံတစ်ယောက်ကို မျက်စိကျမိပြီး crush နေမိပါပြီ။ သူကလည်း ကိုယ့်ကို စိတ်ဝင်စားနေပြီး မျက်လုံးချင်း ဂေါ်လီတွေရိုက်နေပါပြီ။ ဒီအဆင့်လေးက စိတ်လှုပ်ရှားဖို့ အကောင်းဆုံးအချိန် ဖြစ်သလို နောင်တစ်ချိန်မှာ ပြန်ပြောပြစရာ အမှတ်တရလေးတွေကိုလည်း ဒီအဆင့်မှာ ဖန်တီးနိုင်မှာပါ။

၂။ အဆင့် (၂)
ဒီအဆင့်ကတော့ နှလုံးသားရဲ့စကားအပြင် ဦးနှောက်ရဲ့ညွှန်ကြားချက်ကိုပါ လိုက်နာရတဲ့အဆင့်ပါ။ ဒီလူဟာ ကိုယ်နဲ့အဆင်ပြေနိုင်လား။ ရေရှည်လက်တွဲဖို့ ဖြစ်နိုင်လားဆိုတာကို စီစစ်ဝေဖန်နေရပါပြီ။ နှစ်ယောက်ကြားမှာ စကားပြောချိန်လေးတွေ၊ ထိတွေ့ချိန်လေးတွေကလည်း ပိုများလာပြီဆိုတော့ တစ်ဖက်လူရဲ့စိတ်နေစိတ်ထားကို အတိုင်းအတာတစ်ခုထိ သိနေလောက်ပါပြီ။ ဒီအဆင့်ကို ကျော်နိုင်ရင် နှစ်ယောက်နီးစပ်ဖို့ ခြေတစ်လှမ်း တိုးလိုက်နိုင်တာပါပဲ။

၃။ အဆင့် (၃)
ဒီအဆင့်ကတော့ ချစ်စ၊ ခင်စ၊ ကြင်နာစ အချိန်ဖြစ်ပြီး ကြာလေသွေးရင်တောင် ဝေးတယ်လို့ ထင်ရလောက်အောင် အချစ်နာလန်ထနေမိတဲ့ အချိန်ဖြစ်မှာပါ။ ဒီအဆင့်မှာတော့ အချစ်ငှက်ငယ်လေး (၂) ကောင်ဟာ လေပြည်လေညှင်းကြားမှာ လူးလားခတ်ပျံသန်းနေမှာပေါ့။

၄။ အဆင့် (၄)
ဒီအဆင့်ကတော့ အချစ်မြူမှုန်တွေ လွင့်ပျယ်စပြုလာတဲ့ အဆင့်ပါပဲ။ အရင်တုံးက သေချာသတိမထားမိတဲ့ မိမိလက်တွဲဖော်ရဲ့ ချို့ယွင်းချက်လေးတွေ၊ အားနည်းချက်လေးတွေကို မြင်စပြုလာပါပြီ။ ဥပမာ…အစားစားရင် လေချဉ်တက်တတ်တာတို့၊ နှာခေါင်းနှိုက်တတ်တာတို့၊ လူလည်ခေါင်မှာ လေလည်တတ်တာတို့ ဘာတို့ပေါ့။ ဒါတွေက ကြီးကြီးမားမားပြစ်ချက်ကြီးတွေ မဟုတ်ပေမယ့် စိတ်ထဲမှာ ဒီချို့ယွင်းချက်တွေကို မကြိုက်သလို ခံစားလာရပါပြီ။

၅။ အဆင့် (၅)
တဖြည်းဖြည်းနဲ့ မိမိလက်တွဲဖော်ရဲ့ ချို့ယွင်းချက်လေးတွေကို ကျင့်သားရလာပြီး ပြင်ဖို့ ထပ်ခါထပ်ခါ ပြောရတာကိုလည်း မောလာပါပြီ။ သူပေးတတ်တဲ့ အနှောင့်အယှက်အငယ်စားလေးတွေနဲ့ ဘယ်လိုလိုက်လျောညီထွေ ဖြစ်အောင်နေရမယ်ဆိုတာကိုလည်း သဘောပေါက်စပြုလာပါပြီ။ ဒီအချိန်မှာ စိတ်ရှည်သည်းခံတတ်ခြင်းကို သင်ယူရရှိလာပါလိမ့်မယ်။

၆။ အဆင့် (၆)
တစ်ယောက်နဲ့ တစ်ယောက် အရင်ကလောက် ပုံမှန်အချိန်မပေးနိုင်တော့တဲ့ အဆင့်ပါ။ တွဲခါစကလောက် အချစ်နာလန် မထတော့တဲ့အတွက် အရင်လို ကဒီးကဒီး မတွေ့ဖြစ်တော့ဘဲ အလုပ်အတွက်၊ မိသားစုအတွက်၊ သူငယ်ချင်းတွေအတွက် အချိန်ပိုပေးမိတော့မှာပါ။

ဒီအဆင့်မှာ သတိမထားမိရင် အနေဝေးလို့ သွေးအေးတာမျိုးတွေဖြစ်တတ်ပြီး ပြတ်သွားတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အလုပ်ဘယ်လောက်များများ မိမိချစ်သူအတွက် အချိန်ပေးနိုင်အောင် တတ်နိုင်သမျှ ကြိုးစားကြည့်သင့်ပါတယ်။

၇။ အဆင့် (၇)
ဟန်ဆောင်မျက်နှာဖုံးတွေ ရှိခဲ့မယ်ဆိုရင် ဒီအဆင့်မှာ ဘွားခနဲ ပေါ်လာပါပြီ။ စကားပြောရင် ဟန်ဆောင် ထိန်းချုပ်တတ်ခြင်း မရှိတော့သလို စိတ်ထဲရှိတဲ့အတိုင်း ပြောစပြုလာပါပြီ။ မိမိရဲ့ လက်တွဲဖော်ကလည်း မိမိရဲ့အရှိတရားကို လက်ခံနိုင်လောက်ပြီ ဖြစ်တဲ့အတွက် စိတ်ထဲရှိသလို ဘွင်းဘွင်းပြောတတ်တဲ့အတွက် တစ်ခါတလေမှာ စကားမှားပြီး တစ်ဖက်လူနာကျင်ရတာတွေ ရှိလာပါတယ်။

ဒီအဆင့်ဟာလည်း သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ အရေးအကြီးဆုံး အဆင့်ပါပဲ။ စိတ်ရှည်မှုတွေ ကုန်ဆုံးနေရင် ပြတ်သွားနိုင်တဲ့ အနေအထားပါ။

၈။ အဆင့် (၈)
အဆင့် (၇) ကို ကျော်လွှားနိုင်ပြီဆိုရင်တော့ တစ်ဦးရဲ့ဒေါသတွေ၊ ပြဿနာတွေ၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကို ကျန်တစ်ဦးက လက်ခံနိုင်ကြပြီး ဖြစ်ပါလိမ့်မယ်။ တစ်ယောက်နားမှာ တစ်ယောက် မရှိလို့ မဖြစ်တာကိုလည်း သဘောပေါက်ထားပြီးကြသလို လောကမှာ လူတစ်ယောက်ကိုချစ်ရင် သူနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို လက်ခံရမှာပါလား ဆိုတာကို နားလည်နိုင်လောက်အောင် ရင့်ကျက်နေပါပြီ။ ဒီအဆင့်ကို ကျော်လွန်နိုုင်ရင်တော့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးတစ်ခုကို ထူထောင်ဖို့ပဲ ကျန်ပါတော့တယ်။

Source: Youngisthan

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top