iMyanmarHouse.com - Best Property Website for Myanmar
×











Credit : Duwun

ဂျက်စတင်ဘီဘာဟာ မတ်လ ၁ ရက်နေ့ဆိုရင် အသက် ၂၄ နှစ် ပြည့်တော့မှာပါ။ အဲဒီအတွက် ဆယ်လီနာက အရမ်းရိုမန်တစ်ဆန်တဲ့ Surprise

စီစဉ်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်မှာ ပြန်တွဲခဲ့ကြပြီးတဲ့နောက် သူတို့အတူ ပထမဆုံးကျော်ဖြတ်ရမယ့် ဂျေဘီရဲ့မွေးနေ့လည်း ဖြစ်ပါတယ်။

ဆယ်လီနာက ဂျေဘီရဲ့ အထူးနေ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေပြီး ရိုမန်တစ်ဆန်လွန်းတဲ့ မွေးနေ့လက်ဆောင်တစ်ခုပေးဖို့ စီစဉ်ထားတယ်လို့ သူတို့နဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

“ဆယ်လီနာက ဂျက်စတင်ရဲ့သူငယ်ချင်းတွေအနဲ့အတူ သူ့အတွက် Surprise တစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

“မွေးနေ့လက်ဆောင်တွေ အားလုံးဖွင့်ပြီး ၊ ပါတီလည်း ပြီးတာနဲ့ ဆယ်လီနာက နှစ်ယောက်တည်းအတူရှိနေမယ့် နေရာတစ်ခုပြုလုပ်ဖို့ စီစဉ်ထားတယ်။ ဂျက်စတင်ရဲ့မွေးနေ့ကို တတ်နိုင်သလောက် ရိုမန်တစ်ဖြစ်ပြီး မမေ့နိုင်အောင် လုပ်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်” လို့လည်း ယင်းသတင်းပေးက ပြောပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂျေဘီနဲ့ အသက် ၂၅ နှစ်အရွယ် ဆယ်လီနာတို့ဟာ ဆယ်ကျော်သက်အရွယ် ၂၀၁၀ ပြည့်နှစ်ကစပြီး တွဲခဲ့ကြတာပါ။ ၂၀၁၄ အထိ ပြတ်လိုက်ဆက်လိုက်ဖြစ်နေကြတဲ့ သူတို့နှစ်ဦးဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေချစ်ရတဲ့ စုံတွဲလေးတစ်တွဲဖြစ်ခဲ့ပါတယ်။

ဆယ်လီနာက အဆိုတော် Thw Weeknd နဲ့ ပြတ်သွားပြီး ရက်အနည်းငယ်အကြာမှာ ဂျေဘီနဲ့ ပြန်တွဲဖြစ်နေကြတာ ဖြစ်ပါတယ်။

ဆယ်လီနာ ကျောက်ကပ်လဲလိုက်ရတဲ့သတင်းကြောင်း တစ်ယောက်နဲ့ တစ်ယောက် အရင်တုန်းက မကျေနပ်ချက်တွေကို မေ့လိုက်ပြီး မိတ်ဆွေတွေအဖြစ် ပြန်အဆင်ပြေဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမဲ့ မကုန်သေးတဲ့ သံယောဇဉ်တွေကြောင့် သူတို့နှစ်ယောက်ကြားက ရင်းနှီးမှုက ခဏတွင်းချင်းမှာ တဆင့်ချင်း တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ှSource : Hollywoodlife

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top