iMyanmarHouse.com - Best Property Website for Myanmar
×

ဆုိင္မွာလည္း အလြယ္တကူဝယ္ယူရရွိႏုိင္ၿပီး ေစ်းႏႈန္းလည္းသက္သာတဲ့အျပင္ အသံုးတည့္တဲ့ အတြက္ Vaseline ကိုမသိတဲ့သူ မရွိသေလာက္ပါပဲ။ Vaseline ကို ႏႈတ္ခမ္းအစိုဓာတ္ ထိန္းဖို႔၊ အသားအေရေခ်ာေမြ႔ေစဖို႔အတြက္ ဆုိၿပီး အသံုးျပဳလာၾကတာပါ။ အမွန္တကယ္ေတာ့ ဒီ Vaseline က ႏႈတ္ခမ္းနဲ႔ အသားအေရ အစိုဓာတ္ထိန္းရံု အတြက္ပဲ အသံုးျပဳႏုိင္တာ မဟုတ္ပါဘူး။ တျခားေနရာ ေတြမွာလည္း အသံုးတည့္တာကို ေတြ႔ရပါတယ္။ ဒါ့ေၾကာင့္ Vaseline ရဲ႕တမူထူး ျခား အသံုးဝင္တဲ့ နည္းလမ္းေကာင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဆားဝက္ၿခံမ်ားကို ကင္းစင္ေစပါတယ္။ Vaseline ကို ဆားဝက္ၿခံရွိတဲ့ ႏွာေခါင္းတစ္ဝုိက္၊ မ်က္ႏွာျပင္တစ္ဝိုက္ေပၚကို သုတ္လိမ္းလိုက္ၿပီး ပလက္စတစ္အၾကည္ေလးနဲ႔ မိနစ္အနည္းငယ္ခန္႔ အုပ္ထားေပးပါ။ ၿပီးရင္ေတာ့ တစ္ရွဴးစေလးနဲ႔ ဒါမွမဟုတ္ တဘတ္အသန္႔တစ္ထည္နဲ႔ ပြတ္တုိက္သန္႔စင္ေပးပါ။ တစ္ေန႔ကိုတစ္ႀကိမ္ ပံုမွန္ျပဳလုပ္ေပးမယ္ဆိုုရင္ ထူးျခားမႈကို ေတြ႔ျမင္ ရမွာပါ။

(၂) မ်က္ကြင္းညိဳတာကိုလည္း သက္သာေစပါတယ္။ အိပ္ေရးမဝလို႔ဘဲ ျဖစ္ျဖစ္၊ အိုင္းရွဲဒိုး၊ အိုင္လိုင္နာေၾကာင့္ မ်က္လံုးညိဳမည္းစြဲတာကို သက္သာေစပါတယ္။ ဒါ့ေၾကာင့္ Vaseline ကို မ်က္ကြင္းညိဳတာ သက္သာေစဖုိ႔အတြက္ အသံုးျပဳႏုိင္ပါတယ္။

(၃) မ်က္ေတာင္ေမႊးမ်ားကို သန္စြမ္းက်န္းမာေစဖို႔အတြက္ Vaseline ကကူညီေပးႏုိင္ပါတယ္။ မ်က္ေတာင္ေကာ့ေဆးမ်ား အသံုးျပဳျခင္းေၾကာင့္ မ်က္ေတာင္ေမႊးကၽြတ္ျခင္းအတြက္ ညဘက္ အိပ္ရာဝင္ ကာနီးတုိင္း Vaseline အနည္းငယ္ သုတ္လိမ္းေပးမယ္ဆိုရင္ က်န္းမာသန္စြမ္းတဲ့ မ်က္ေတာင္ေမႊးေကာ့ေကာ့ေလးေတြကို ပိုင္ဆိုင္ရရွိႏုိင္မွာပါ။

(၄) Vaseline က ဆံပင္အဖ်ားႏွစ္ခြျဖစ္ျခင္းနဲ႔ ဆံသားက်ိဳးေၾက ပ်က္စီးျခင္းမွလည္း ကာကြယ္ေပး ႏုိင္ပါတယ္။ Vaseline အနည္းငယ္ကို ယူၿပီး ဆံသားအဖ်ားေတြမွာ ပြတ္လိမ္းေပးမယ္ဆိုရင္ ဆံပင္ႏွစ္ခြျဖစ္တာကို သက္သာေစပါတယ္။ ဒါ့အျပင္ ဆံသားေခ်ာေမြ႔လွပဖို႔အတြက္လည္း ကူညီေပးႏုိင္ပါတယ္။

(၅) ေရေမႊးနံ႔ၾကာရွည္ခံေစပါတယ္။ ေရေမႊးဆြတ္တဲ့ လက္ေကာက္ဝတ္ေနရာေပၚကို vaseline သုတ္လိမ္းေပးမယ္ဆိုရင္ ေရေမႊးနံ႔ံကို ၾကာရွည္စြာ အနံ႔စြဲေနေစပါတယ္။ ေရေမႊးဆြတ္ၿပီးရင္ ေျခာက္သြားတဲ့အခါမွာမွ Vaseline အနည္းငယ္ကို ညင္သာစြာ ပြတ္လိမ္းေပးပါေနာ္။

Credit : myanmarplatform
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆိုင်မှာလည်း အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းလည်းသက်သာတဲ့အပြင် အသုံးတည့်တဲ့ အတွက် Vaseline ကိုမသိတဲ့သူ မရှိသလောက်ပါပဲ။ Vaseline ကို နှုတ်ခမ်းအစိုဓာတ် ထိန်းဖို့၊ အသားအရေချောမွေ့စေဖို့အတွက် ဆိုပြီး အသုံးပြုလာကြတာပါ။ အမှန်တကယ်တော့ ဒီ Vaseline က နှုတ်ခမ်းနဲ့ အသားအရေ အစိုဓာတ်ထိန်းရုံ အတွက်ပဲ အသုံးပြုနိုင်တာ မဟုတ်ပါဘူး။ တခြားနေရာ တွေမှာလည်း အသုံးတည့်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် Vaseline ရဲ့တမူထူး ခြား အသုံးဝင်တဲ့ နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆားဝက်ခြံများကို ကင်းစင်စေပါတယ်။ Vaseline ကို ဆားဝက်ခြံရှိတဲ့ နှာခေါင်းတစ်ဝိုက်၊ မျက်နှာပြင်တစ်ဝိုက်ပေါ်ကို သုတ်လိမ်းလိုက်ပြီး ပလက်စတစ်အကြည်လေးနဲ့ မိနစ်အနည်းငယ်ခန့် အုပ်ထားပေးပါ။ ပြီးရင်တော့ တစ်ရှူးစလေးနဲ့ ဒါမှမဟုတ် တဘတ်အသန့်တစ်ထည်နဲ့ ပွတ်တိုက်သန့်စင်ပေးပါ။ တစ်နေ့ကိုတစ်ကြိမ် ပုံမှန်ပြုလုပ်ပေးမယ်ဆိုုရင် ထူးခြားမှုကို တွေ့မြင် ရမှာပါ။

(၂) မျက်ကွင်းညိုတာကိုလည်း သက်သာစေပါတယ်။ အိပ်ရေးမဝလို့ဘဲ ဖြစ်ဖြစ်၊ အိုင်းရှဲဒိုး၊ အိုင်လိုင်နာကြောင့် မျက်လုံးညိုမည်းစွဲတာကို သက်သာစေပါတယ်။ ဒါ့ကြောင့် Vaseline ကို မျက်ကွင်းညိုတာ သက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။

(၃) မျက်တောင်မွှေးများကို သန်စွမ်းကျန်းမာစေဖို့အတွက် Vaseline ကကူညီပေးနိုင်ပါတယ်။ မျက်တောင်ကော့ဆေးများ အသုံးပြုခြင်းကြောင့် မျက်တောင်မွှေးကျွတ်ခြင်းအတွက် ညဘက် အိပ်ရာဝင် ကာနီးတိုင်း Vaseline အနည်းငယ် သုတ်လိမ်းပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ မျက်တောင်မွှေးကော့ကော့လေးတွေကို ပိုင်ဆိုင်ရရှိနိုင်မှာပါ။

(၄) Vaseline က ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ဆံသားကျိုးကြေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေး နိုင်ပါတယ်။ Vaseline အနည်းငယ်ကို ယူပြီး ဆံသားအဖျားတွေမှာ ပွတ်လိမ်းပေးမယ်ဆိုရင် ဆံပင်နှစ်ခွဖြစ်တာကို သက်သာစေပါတယ်။ ဒါ့အပြင် ဆံသားချောမွေ့လှပဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

(၅) ရေမွှေးနံ့ကြာရှည်ခံစေပါတယ်။ ရေမွှေးဆွတ်တဲ့ လက်ကောက်ဝတ်နေရာပေါ်ကို vaseline သုတ်လိမ်းပေးမယ်ဆိုရင် ရေမွှေးနံံ့ကို ကြာရှည်စွာ အနံ့စွဲနေစေပါတယ်။ ရေမွှေးဆွတ်ပြီးရင် ခြောက်သွားတဲ့အခါမှာမှ Vaseline အနည်းငယ်ကို ညင်သာစွာ ပွတ်လိမ်းပေးပါနော်။

Credit : myanmarplatform

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top