iMyanmarHouse.com - Best Property Website for Myanmar
×
အဲမှာစတာပဲ အဒေါ်ေ၇နွေးစွဲတော့ မနက် မျက်စိနှစ်လုံးဖွင့်တာနဲ့ သောက်တော့တာပဲအဲမှာ ညသိပ်ရေနွေးတွေကို သူက တ၀ကြီးထိုင်သောက်ပြီးမှ လုပ်စရာချိတာလုပ်တယ်
အနော်နဲ့ခင်တဲ့ စာရေးဆရာ တယောက်ချိပါတယ်သူကတော့ ညနေတိုင်း အရက်သောက်လေ့ချိပြီး သူ့တပည့်ကတော့ အဖော်အဖြစ် နေ့တိုင်းလိုက်ထိုင်ပေးပါတယ်ဆရာကြီးသောက်သလို တပည့်က မသောက်တတ်ပေမဲ့ ဆရာနဲ့အတူတူနေ့တိုင်း လိမ္မော်၊ ကိုလာ စတာတွေကို တခုမဟုတ် တခုသောက်ပါတယ်6လလောက်ကြာတော့ တပည့်ကြီးဆေး၇ူံတက်ရရော အသည်းက စကာပေါက်ဖြစ်နေပြီတဲ့။
နွေးသီး
Credit : မမာလာ
ညသိပ်ရေနွေးဆိုလို့ အနော် ကြုံဖူးတဲ့ ဘဝပေး သင်ခန်းစာလေးတခုကို အမှတ်၇လိုက်လို့ပါ
အနော် တောင်ကြီးမှာ နေတုန်းက အနော်တို့လူမျိုးတွေက ရေနွေး သပ်သောက်ကြတယ်ရေနွေးကို အခါးရည်လို့လည်းခေါ်ကြတယ်။ဒီမှာတော့ အဖန်ရေလို့ခေါ်တာပေါ့ ။အခါးရည်ဆိုတာ ဒီမှာတော့ အရက်လို့ပြောတာပဲအဲ အခါးရည်ကို အိမ်လာတဲ့ လူတိုင်းကိုတိုက်တယ် အိမ်မှာနေရင်းလည်းသောက်ကြတယ်။
မပါမဖြစ်… အိမတအိမ်တက်ရင် အနည်းဆုံးတော အခါးရည်လေးတော့ တိုက်ကြတာကြီးပဲ။
အဲမှာ အနော့် အဒေါ်ကတော့ အသောက်နိုင်ဆုံးလူ အဖြစ်သတ်မှတ်ရမယ်ဘာလို့လဲဆို အဒေါ်က မိုးလင်းမိုးချုပ်ထိသောက်တယ် …ရေဆာလဲသောက်တယ်… ထမင်းစားလဲသောက်တယ် … အားနေရင်းကို သောက်နေတော့တာပဲရေနွေးတအိုးကို ဘယ်လောက်မှ မရှိသေးဘူး ကုန်ပြီ တနေကုန်လဲ ရေနွေးတည်နေတယ်
အဲမှာစတာပဲ အဒေါ်ရေနွေးစွဲတော့ မနက် မျက်စိနှစ်လုံးဖွင့်တာနဲ့ သောက်တော့တာပဲအဲမှာ ညသိပ်ရေနွေးတွေကို သူက တဝကြီးထိုင်သောက်ပြီးမှ လုပ်စရာချိတာလုပ်တယ်
တနေ့မှာတော့ အနော့် အဒေါ်က ဗိုက်အောင့်အောင့်လာတယ်ဒါနဲ့ပဲ တောင်ကြီးက စိန် အထူးကု ဆေးခန်းမှာပြပါလေရော ဆရာဝန်က သိပ်များများပြားပြားမစစ်ဘူးဗိုက်အောင့်တာနဲ့ပဲ အစာအိမ်လို့ပြောပြီး ခွဲဖို့ပြင်တော့တယ်။
ကံကောင်းချင်တော့ တောင်ကြီးမှာ ပစ္စည်းမစုံတာကြောင့် မန္တလေးကို ပြောင်းရပါလေရောမန္တလေးကလည်း မစစ်ဘူး တောင်ကြီးက ရမ်းတုတ်ထားတဲ့အစာအိမ်ဆိုတာနဲ့ပဲ အစာအိမ်ခွဲဖို့ပြင်ရောအဲမှာ အဒေါ်က ကံကောင်းသွားတာက မန္တလေးရောက်နေတဲ့ အသည်းဆရာဝန်ကြီးတယောက်နဲ့ ခင်လိုက်တယ် ( နာမည်ကို အနော်မသိ)အနော့ အဒေါ်က ကျောင်းအုပ်ဆိုတော့ ဖောင်ကြီး သင်တန်းလို ဝန်ထမ်းရေးရာ တတ်တုန်းက ခင်ခဲ့လို့ပြောပြတယ်။
ဆရာဝန်ကြီးက အစောရေ ဘာဖြစ်တာလဲ မေးတော့ အဒေါ်က ဗိုက်အောင့်နေကြောင်းပြောပြတယ်ဆရာဝန်ကြီးက အောင့်တဲ့နေရာ သေသေချာချာပြ ဆိုပြီး ဓါတ်မှန်တွေရိုက်ခိုင်း အာထှာဆောင်းတွေရိုက်ခိုင်းပြီးမခွဲဖို့ ဆရာဝန်နဲ့ တိုင်ပင်တယ်။အဖြေ သိရတာကတော့ အဒေါ်က အသည်းမှာ စကာပေါက်ဖြစ်နေတယ်တဲ့မပေါက်တဲ့အပိုင်းက ခြောက်နေတယ်ဆိုပဲ။
အဲမှာ ဆရာဝန်ကြိးက အဒေါ်ရဲ့ တနေ့တာ စားသောက်မှုကိုစစ်တော့ အဒေါ်က ညသိပ်နေနွေးကို နှစ်နဲ့ချီအောင်သာက်ခဲ့လို့ဖြစ်တာလို့ရှင်းပြတယ်လက်ဖက်ခြောက်ကို 6နာရီကျော်ကြာအောင် စိမ်ထားတာဟာ အဆိပ်ထက်တောင် ပြင်းတယ်လို့ဆိုပါတယ်။
လက်ဘက်ကို စတင်သောက်သုံးကြတဲ့ ကိုကိုတရုတ်တွေကတော့ တခါသောက်လေးသာ ခတ်သောက်တာပါတဲ့ဒီမှာလို ရေနွေးအိုးထဲ ထည့်ပြီး မစိမ်ပါဘူးတဲ ဂျာ။ရေနွေးဖြူကိုသာ ထည့်ထားပြီး ဧည့်သည် ဖြစ်ဖြစ် သူတို့သောက်မှသာ ခွက်ထဲကို လက်ဖက်ခြောက်ထည့်ုပြီး ရေနွေးအဖြူကိုရောတာပါတဲ့ဒိကလူတွေကတော့ ရေနွေးကို ဓါတ်ဗူးနဲ့ ထည့်တည်ပြီးသောက်ကြပါတယ် ။အဲမှာ လက်ဖက်ခြောက်ရယ်ဓါတ်ဗူးက ဓါတ်သားမှာပါတဲ့ ပြသားတွေရယ်ကြောင့် အသဲကို ပျက်စီးစေတာပါတဲ့။
နောက်တခုကတော့ ပက်စီလို့ခေါ်တဲ့ ဖျော်ရည်တွေမှာပါတဲ့ Gas တွေပါအနော် Duty Free ဆိုင်မှာလုပ်တုန်းက သင်ခဲ့ရပါတယ်။ရိုးရိုးလိမ္မော်ရည်ထဲကို Gas တမျိုးထည့်လိုက်တာနဲ့ လိမ္မော်ရည်တွေဟာ အေးမြနေတော့တာပါပဲလိမ္မော်ရည် 1ပုံမှာ Gas က 9ပုံပါပါတယ်။အဲဒီ Gas က အသည်းနဲ့ အဆုတ်ကို ပျက်စီးစေတယ်လို့ဆိုပါတယ်ဒါကြောင့် Gas မပါတဲ့ သဘာဝဖျော်ရည်လေးတွေကိုသာ သောက်သုံးသင့်ပါတယ်။
အနော်နဲ့ခင်တဲ့ စာရေးဆရာ တယောက်ချိပါတယ်သူကတော့ ညနေတိုင်း အရက်သောက်လေ့ချိပြီး သူ့တပည့်ကတော့ အဖော်အဖြစ် နေ့တိုင်းလိုက်ထိုင်ပေးပါတယ်ဆရာကြီးသောက်သလို တပည့်က မသောက်တတ်ပေမဲ့ ဆရာနဲ့အတူတူနေ့တိုင်း လိမ္မော်၊ ကိုလာ စတာတွေကို တခုမဟုတ် တခုသောက်ပါတယ်6လလောက်ကြာတော့ တပည့်ကြီးဆေးရူံတက်ရရော အသည်းက စကာပေါက်ဖြစ်နေပြီတဲ့။
နေ့တိုင်း အရက်သောက်တဲ့ ဆရာတောင် ဘာမှမဖြစ်သေးဘူး Gas ပါတဲ့ဖျော်ရည်တွေ နေ့တိုင်းသောက်တဲ့ တပည့်လေးကတော့နောက် 1လ အကြာမှာပဲ သေဆုံးခဲ့ပါတယ်။ဒါ့ကြောင့် ပူုပြင်းလှတဲ့ နွေရာသီမှာ အအေးသောက်ရင် သဘ၀ Gas မပါတဲ့ဖျော်ရည်တွေကိုသာ သောက်သုံးသင့်ပါကြောင်းနဲ့ညသိပ်ရေနွေးတွေကိုလည်း မသောက်မိစေဖို့ သတိပေး ဆန္ဒုပြုလိုက်ပါတယ်။
နွေးသီး
ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲံ့ရေနွေး။ရေကျက်အေး ရေအေးတို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာပါဝင်တယ်
နောက်ဆုံးတင်ပြလိုတာကတော့…..
(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။
(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။
(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာလှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။
(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီးမသုံးပါနဲံ။ပြန်ကျိုချက်ပြီး မသုံးပါနဲ့။
(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကိုကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။
အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.
{ ဒီစာအုပ်လေးကိုကျမဖတ်နေရင်းကနေ အင်တာနက်ကကျမမိတ်ဆွေတွေသိသင့်တယ်ယူဆမိလို့ရေးသားတင်ပြခြင်းဖြစ်ပါတယ်ရှင်..အနှောက်ယှက်ဖြစ်ခဲံ့တယ်ဆိုလည်းခွင့်လွတ်ပေးပါလို့မေတ္တာရပ်ခံအပ်ပါသည်ရှင့် ….
Credit : မမာလာ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top