iMyanmarHouse.com - Best Property Website for Myanmar
×

ေနမေကာင္းခဏခဏျဖစ္ေနရတာကို စိတ္ညစ္ေနျပီလား။ က်န္းမာေရးကအဖိုးမျဖတ္နိုင္တဲ့အရာပါ။ လူတစ္ေယာက္မွာ က်န္းမာမွ အရာရာကိုလုပ္ေဆာင္နိုင္မွာျဖစ္ပါတယ္။ အျမဲက်န္းမာေအာင္ေနႏိုင္မယ့္ အေကာင္းဆံုးေသာနည္းလမ္းကေတာ့ မဖ်ားေအာင္ၾကိဳတင္ကာကြယ္တာပါ။ ကိုယ္ခံအားေကာင္းေနေစဖို႔က ကိုယ္တိုင္လုပ္ေဆာင္လို႔ရတဲ့အရာတစ္ခုပါ။ ကုိယ္ခံအားေကာင္းေအာင္ဘယ္လိုလုပ္ရမလဲဆိုတာေလးေျပာျပမယ္ေနာ္။
ကိုယ္ခံအားေကာင္းေနေစဖို႔

ကိုယ္ခံအားေကာင္းခ်င္တယ္ဆိုရင္ေန႔စဥ္လုပ္ေနက်အေလ့အထေတြထဲက အခ်ိဳ႕ကိုဂရုစိုကျ္ပင္ဆင္ဖို႔လိုအပ္မွာပါ။ ဂရုစိုက္ျပင္ဆင္ရမယ့္ အေလ့အထေတြက –

(၁) အာဟာရျပည့္ဝေအာင္စားသံုးပါ – ေန႔စဥ္စားသံုးတဲ့အစားအစာေတြထဲမွာ သဘာဝဓာတ္တိုးဆန္႔က်င္ပစၥည္းေတြပါဝင္ေနပါတယ္။ ဘလူးဘယ္ရီလိုမ်ိဳးအသီးအႏွံေတြက ကိုယ္ခံအားကိုေကာင္းမြန္ေစပါတယ္။ သုေတသနျပဳမႈေတြအရ ဒိန္ခ်ဥ္၊ကန္စြန္းဥ၊ ကီဝီ၊ ေပါင္မုန္႔၊ ေကြကာအုတ္၊လက္ဖက္စိမ္းေရေႏြးၾကမ္း၊ လိေမၼာ္သီး၊ ၾကက္သြန္ျဖဴ၊ ဟင္းႏုႏြယ္ တို႔လိုမ်ိဳး အစားအစာေတြကကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစႏိုင္တယ္၊ လို႔ေတြ႔ရွိခဲ့ရပါတယ္။ အဆီမ်ားတဲ့အစားအစာေတြနဲ႔အခ်ိဳဓာတ္ပါဝင္မႈမ်ားတဲ့အစားအစာေတြကေတာ့ ကိုယ္ခံအားကို ထိခိုက္ေစႏိုင္ပါတယ္။

(၂) ေရဓာတ္ျပည့္ဝေအာင္ေနပါ – ဆရာဝန္ေတြကေတာ့ လူတစ္ေယာက္အေနနဲ႔ တစ္ေန႔ကို ေရ ၁၀ ခြက္ကေန ၁၂ ခြက္အထိေသာက္ဖို႔လိုအပ္မယ္၊လို႔ အၾကံျပဳထားပါတယ္။ ဒီအခ်က္က အံ့ၾသစရာေတာ့မဟုတ္ပါဘူး။ ခႏၶာကိုယ္ရဲ႕ ၆၀ ရာခိုင္ႏႈန္းက ေရဓာတ္ပါ။ ေရဓာတ္ ျပည့္ဝေနတဲ့အခါ ခံတြင္းနဲ႔ႏွာေခါင္းတြင္းက ခၽြဲအေျမွးပါးေတြမွာ အစိုဓာတ္ျပည့္ဝေနတာေၾကာင့္ ဗိုင္းရပ္စ္ေတြကို အျပည့္အဝတိုက္ဖ်က္ႏိုင္သလို က်န္းမာေရးထိခိုက္ေစႏိုင္တဲ့ အျခားအရာေတြကိုလည္းတိုက္ထုတ္ေပးႏိုင္ပါတယ္။ ေရက ေက်ာက္ကပ္ထဲက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားႏိုင္တာေၾကာင့္ ေသြးထဲမွာေအာက္ဆီဂ်င္ဓာတ္ပိုရရွိေစျပီး ေရရွည္မွာ က်န္းမာေရးကို ေကာင္းမြန္ေစႏိုင္ပါတယ္။

(၃) အိပ္ခ်ိန္ျပည့္ဝဖို႔လိုပါတယ္ – အိပ္ေရးပ်က္တာက ခႏၶာကိုယ္ကို ဖ်ားနာေစတဲ့အဓိကအေၾကာင္းအရင္းပါ။ ညဘက္အိပ္ခ်ိန္အျပည့္အဝရရွိမႈက ခႏၶာကိုယ္ကို လန္းဆန္းတက္ၾကြေနေစျပီး ေရာဂါေတြကို ခုခံႏိုင္စြမ္းရွိေစပါတယ္။ ဒါတင္မကပါဘူး။ဖ်ားနာေနဲ့အခါမွာလည္း အိပ္ေရးဝဝအိမ္မယ္ဆိုရင္ ျမန္ျမန္သက္သာလာမွာျဖစ္ပါတယ္။

(၄) ေလ့က်င့္ခန္းပံုမွန္လုပ္ပါ – ေနေကာင္းဖို႔အတြက္ ေလ့က်င့္ခန္းလုပ္ပါဆိုတဲ့ေနရာမွာ ေန႔တိုင္း GYM သြားခိုင္းတာမဟုတ္သလို သင့္ကို မာရသြန္အေျပးသမားလုပ္ခိုင္းေနတာလည္း မဟုတ္ပါဘူး။ ကိုယ္ခံအားေကာင္းေစဖို႔အတြက္ ေလ့က်င့္ခန္းအသင့္အတင့္လုပ္ခိုင္းတာပါ။ တစ္ေန႔ကို မိနစ္ ၂၀ ေလာက္ပံုမွန္လမ္းေလွ်ာက္ေပးပါ။ ေန႔စဥ္ပံုမွန္ေပါ့ေပါ့ပါးပါးေလ့က်င့္ခန္းလုပ္ေပးတာက ေသြးလည္ပတ္မႈကို တိုးတက္ေစျပီး ကိုယ္ခံအားကိုေကာင္းမြန္ေစႏိုင္သလို ၾကြက္သားေတြနဲ႔ကိုယ္တြင္းအဂၤါေတါထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွား ေပးပါတယ္။

(၅) ေဆးလိပ္ျဖတ္ပါ – က်န္းမာတဲ့ကုိယ္ခံအားကို ပိုင္ဆိုင္ႏိုင္ေစဖို႔အတြက္ က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ ေဆးလိပ္ေသာက္တဲ့အက်င့္ကို ေဖ်ာက္ပစ္ဖို႔လိုပါမယ္။ ကိုယ္တိုင္ေဆးလိပ္ေသာက္တာတင္မဟုတ္ပါဘူး တဆင့္ခံေဆးလိပ္ေငြ႔ေတြကိုရႈရိႈက္တာကပါ က်န္းမာေရးကိုထိခိုက္ေစနိုင္ပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ ေဆးလိပ္ျဖတ္လိုက္တာအေကာင္းဆံုးပါ။ေဆးလိပ္ေသာက္တာက ကိုယ္ခံအားကို ထိခိုက္ေစပါတယ္။

(၆) ကဖင္းေတြ အရက္ေတြေလွ်ာ႔ေသာက္ပါ – ကဖင္းနဲ႔အယ္လ္ကိုေဟာပမာဏေတြက နည္းတဲ့အခါ ထိခိုက္မႈမရွိေပမယ့္ အမ်ားၾကီး ျဖစ္လာမယ္ဆိုရင္ေတာ့ ကိုယ္ခံအားကို ထိခိုက္လာနိုင္ပါတယ္။ အရက္ေတြကဖင္းေတြမပါဝင္ေစဘဲ က်န္းမာတဲ့ ကိုယ္ခံအားကိုပိုင္ဆိုင္ႏုိင္ဖို႔အတြက္ စိတ္ဖိစီးမႈကိုတတ္နိုင္သမွ်ေလ်ာ့ခ်ပါ။ စိတ္ညစ္တဲ့အခါ အရက္ေသာက္တာမ်ိဳးမလုပ္ဘဲ အိပ္ပစ္လိုက္ပါ။

(၇) ဗီတာမင္ အားျဖည့္ေဆးေတြေသာက္သံုးေပးပါ – အစားအေသာက္ေတြကေန ဗီတာမင္ေတြ သတၱဳဓာတ္ေတြကိုရရွိႏိုင္ေပမယ့္ လံုေလာက္ျပည့္ဝမႈရွိဖို႔ဆိုတာက မလြယ္ကူလွပါဘူး။ ဒါေၾကာင့္ ခႏၶာကိုယ္အတြက္ လံုေလာက္တဲ့ဗီတာမင္ေတြျပည့္ဝေနေစဖို႔အတြက္ ဗီတာမင္ အားျဖည့္ေဆးေတြေသာက္သံုးေပးလို႔ရပါတယ္။

ရာသီအကူးအေျပာင္းမွာ ဖ်ားနာတာမ်ိဳးကင္းေဝးခ်င္တယ္ဆိုရင္ေတာ့ ေန႔စဥ္ လိုအပ္တဲ့ ဗီတာမင္ နဲ႔ သတၱဳဓာတ္ ၂၆ မ်ိဳးအထိပါဝင္ေနတဲ့ Renovit အားေဆးကို တစ္ေန႔တစ္လံုးပံုမွန္ေသာက္သံုးေပးလို႔ရပါတယ္။ ခႏၶာကိုယ္မွာ လိုအပ္တဲ့ ဗီတာမင္ေတြျပည့္ဝေနတဲ့အခါ ကိုယ္ခံအားစနစ္ကေကာင္းမြန္ျပီး အျမဲက်န္းမာလန္းဆန္းေနမွာပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နေမကောင်းခဏခဏဖြစ်နေရတာကို စိတ်ညစ်နေပြီလား။ ကျန်းမာရေးကအဖိုးမဖြတ်နိုင်တဲ့အရာပါ။ လူတစ်ယောက်မှာ ကျန်းမာမှ အရာရာကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အမြဲကျန်းမာအောင်နေနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းကတော့ မဖျားအောင်ကြိုတင်ကာကွယ်တာပါ။ ကိုယ်ခံအားကောင်းနေစေဖို့က ကိုယ်တိုင်လုပ်ဆောင်လို့ရတဲ့အရာတစ်ခုပါ။ ကိုယ်ခံအားကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးပြောပြမယ်နော်။
ကိုယ်ခံအားကောင်းနေစေဖို့

ကိုယ်ခံအားကောင်းချင်တယ်ဆိုရင်နေ့စဉ်လုပ်နေကျအလေ့အထတွေထဲက အချို့ကိုဂရုစိုြက်ပင်ဆင်ဖို့လိုအပ်မှာပါ။ ဂရုစိုက်ပြင်ဆင်ရမယ့် အလေ့အထတွေက –

(၁) အာဟာရပြည့်ဝအောင်စားသုံးပါ – နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပါတယ်။ ဘလူးဘယ်ရီလိုမျိုးအသီးအနှံတွေက ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။ သုတေသနပြုမှုတွေအရ ဒိန်ချဉ်၊ကန်စွန်းဥ၊ ကီဝီ၊ ပေါင်မုန့်၊ ကွေကာအုတ်၊လက်ဖက်စိမ်းရေနွေးကြမ်း၊ လိမ္မော်သီး၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ် တို့လိုမျိုး အစားအစာတွေကကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ အဆီများတဲ့အစားအစာတွေနဲ့အချိုဓာတ်ပါဝင်မှုများတဲ့အစားအစာတွေကတော့ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။

(၂) ရေဓာတ်ပြည့်ဝအောင်နေပါ – ဆရာဝန်တွေကတော့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၁၀ ခွက်ကနေ ၁၂ ခွက်အထိသောက်ဖို့လိုအပ်မယ်၊လို့ အကြံပြုထားပါတယ်။ ဒီအချက်က အံ့သြစရာတော့မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်ပါ။ ရေဓာတ် ပြည့်ဝနေတဲ့အခါ ခံတွင်းနဲ့နှာခေါင်းတွင်းက ချွဲအမြှေးပါးတွေမှာ အစိုဓာတ်ပြည့်ဝနေတာကြောင့် ဗိုင်းရပ်စ်တွေကို အပြည့်အဝတိုက်ဖျက်နိုင်သလို ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အခြားအရာတွေကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။ ရေက ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားနိုင်တာကြောင့် သွေးထဲမှာအောက်ဆီဂျင်ဓာတ်ပိုရရှိစေပြီး ရေရှည်မှာ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

(၃) အိပ်ချိန်ပြည့်ဝဖို့လိုပါတယ် – အိပ်ရေးပျက်တာက ခန္ဓာကိုယ်ကို ဖျားနာစေတဲ့အဓိကအကြောင်းအရင်းပါ။ ညဘက်အိပ်ချိန်အပြည့်အဝရရှိမှုက ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွနေစေပြီး ရောဂါတွေကို ခုခံနိုင်စွမ်းရှိစေပါတယ်။ ဒါတင်မကပါဘူး။ဖျားနာနေဲ့အခါမှာလည်း အိပ်ရေးဝဝအိမ်မယ်ဆိုရင် မြန်မြန်သက်သာလာမှာဖြစ်ပါတယ်။

(၄) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ – နေကောင်းဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါဆိုတဲ့နေရာမှာ နေ့တိုင်း GYM သွားခိုင်းတာမဟုတ်သလို သင့်ကို မာရသွန်အပြေးသမားလုပ်ခိုင်းနေတာလည်း မဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းစေဖို့အတွက် လေ့ကျင့်ခန်းအသင့်အတင့်လုပ်ခိုင်းတာပါ။ တစ်နေ့ကို မိနစ် ၂၀ လောက်ပုံမှန်လမ်းလျှောက်ပေးပါ။ နေ့စဉ်ပုံမှန်ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပေးတာက သွေးလည်ပတ်မှုကို တိုးတက်စေပြီး ကိုယ်ခံအားကိုကောင်းမွန်စေနိုင်သလို ကြွက်သားတွေနဲ့ကိုယ်တွင်းအင်္ဂါတေါထဲက အဆိပ်အတောက်တွေကို ဖယ်ရှား ပေးပါတယ်။

(၅) ဆေးလိပ်ဖြတ်ပါ – ကျန်းမာတဲ့ကိုယ်ခံအားကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ်သောက်တဲ့အကျင့်ကို ဖျောက်ပစ်ဖို့လိုပါမယ်။ ကိုယ်တိုင်ဆေးလိပ်သောက်တာတင်မဟုတ်ပါဘူး တဆင့်ခံဆေးလိပ်ငွေ့တွေကိုရှုရှိုက်တာကပါ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဆေးလိပ်ဖြတ်လိုက်တာအကောင်းဆုံးပါ။ဆေးလိပ်သောက်တာက ကိုယ်ခံအားကို ထိခိုက်စေပါတယ်။

(၆) ကဖင်းတွေ အရက်တွေလျှော့သောက်ပါ – ကဖင်းနဲ့အယ်လ်ကိုဟောပမာဏတွေက နည်းတဲ့အခါ ထိခိုက်မှုမရှိပေမယ့် အများကြီး ဖြစ်လာမယ်ဆိုရင်တော့ ကိုယ်ခံအားကို ထိခိုက်လာနိုင်ပါတယ်။ အရက်တွေကဖင်းတွေမပါဝင်စေဘဲ ကျန်းမာတဲ့ ကိုယ်ခံအားကိုပိုင်ဆိုင်နိုင်ဖို့အတွက် စိတ်ဖိစီးမှုကိုတတ်နိုင်သမျှလျော့ချပါ။ စိတ်ညစ်တဲ့အခါ အရက်သောက်တာမျိုးမလုပ်ဘဲ အိပ်ပစ်လိုက်ပါ။

(၇) ဗီတာမင် အားဖြည့်ဆေးတွေသောက်သုံးပေးပါ – အစားအသောက်တွေကနေ ဗီတာမင်တွေ သတ္တုဓာတ်တွေကိုရရှိနိုင်ပေမယ့် လုံလောက်ပြည့်ဝမှုရှိဖို့ဆိုတာက မလွယ်ကူလှပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ဗီတာမင်တွေပြည့်ဝနေစေဖို့အတွက် ဗီတာမင် အားဖြည့်ဆေးတွေသောက်သုံးပေးလို့ရပါတယ်။

ရာသီအကူးအပြောင်းမှာ ဖျားနာတာမျိုးကင်းဝေးချင်တယ်ဆိုရင်တော့ နေ့စဉ် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် ၂၆ မျိုးအထိပါဝင်နေတဲ့ Renovit အားဆေးကို တစ်နေ့တစ်လုံးပုံမှန်သောက်သုံးပေးလို့ရပါတယ်။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်တွေပြည့်ဝနေတဲ့အခါ ကိုယ်ခံအားစနစ်ကကောင်းမွန်ပြီး အမြဲကျန်းမာလန်းဆန်းနေမှာပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top