iMyanmarHouse.com - Best Property Website for Myanmar
×

လက္သည္းအေရာင္ေတြကို ေရြးခ်ယ္တဲ့အခါမွာ ကိုယ့္အသားအေရ အေရာင္နဲ႔ လိုက္ဖက္မႈရွိတဲ့ အေရာင္ကို ေရြးခ်ယ္တတ္ဖို႔ လုိပါတယ္။ အသားျဖဴတဲ့ သူေတြကလည္း အသားျဖဴတဲ့ အေလ်ာက္ လိုက္ဖက္တဲ့ အေရာင္ရွိ သလို၊ အသားညိဳတဲ့သူကလည္း အသားအေရာင္နဲ႔ လိုက္ဖက္မႈရွိတာကို ေရြးခ်ယ္သင့္ပါတယ္။ ဒီတစ္ခါမွာေတာ့… အသားျဖဴတဲ့ေကာင္မေလးေတြန႔ဲ လိုက္ဖက္မႈရွိမယ့္ လက္သည္းအေရာင္(၁၀)မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Nude color

အေရာင္ေဖ်ာ့ေဖ်ာ့ေလးနဲ႔ လိုက္ဖက္မႈရွိတာကို ေတြ႔ရပါတယ္။ ခဲေရာင္ေဖ်ာ့ေဖ်ာ့၊ မီးခိုးေရာင္နဲ႔ nude color လိုမ်ိဳးက အသားျဖဴတဲ့သူေတြနဲ႔ ဆိုရင္ အေရာင္ပိုမိုေပၚလြင္မႈရွိတာေၾကာင့္ ေရြးခ်ယ္သင့္တဲ့ အေရာင္တစ္မ်ိဳးပါပဲေနာ္။

(၂) ပုဇြန္ဆီေရာင္

အခုလိုေႏြရာသီမွာ အေရာင္ေတာက္ေတာက္ေလးေတြ ဆိုးတာက ေနေရာင္ေအာက္မွာ လက္သည္းေလးေတြက ေျပာင္ေျပာင္လက္လက္ ကေလးနဲ႔ တစ္မ်ိဳး ဆြဲေဆာင္မႈရွိပါတယ္။ အသားျဖဴတဲ့သူေတြက လိေမၼာ္ေရာင္နဲ႔ လိေမၼာ္ေရာင္ဘက္သမ္းတဲ့ ပုဇြန္ဆီေရာင္နဲ႔လည္း လိုက္ဖက္မႈရွိပါတယ္။

(၃) သႏၱာေရာင္

လူအမ်ားစုနဲ႔ လိုက္ဖက္မႈမရွိလို႔ သိပ္မဆိုးျဖစ္ၾကတဲ့ သႏၱာေရာင္က အသားျဖဴတဲ့သူေတြနဲ႔ေတာ့ လိုက္ဖက္မႈရွိေန ပါတယ္။ သႏၱာေရာင္ကိုမွ ပန္းႏုေရာင္ေလးသမ္းေနတာမ်ိဳးက အသားျဖဴတဲ့သူ အသက္အရြယ္မေရြး ဆိုးလို႔ အဆင္ေျပတဲ့ အေရာင္တစ္မ်ိဳးပါပဲ။

(၄) အနီေရာင္

ညဘက္ပါတီပြဲ၊ သူငယ္ခ်င္းေတြနဲ႔ ႏုိက္ေအာက္ထြက္တဲ့အခါမ်ိဳးမွာ အနီေရာင္ေတာက္ေတာက္ကို ဆိုးလိုက္ပါ။ ရဲရင့္သြက္လက္တဲ့ ေကာင္မေလးတစ္ေယာက္အသြင္ ျဖစ္သြားၿပီး တကယ့္ကို ဆဲြေဆာင္မႈ ရွိလွပါတယ္။

(၅) လာဗင္ဒါအေရာင္

လာဗင္ဒါအေရာင္ျဖစ္တဲ့ ခရမ္းေဖ်ာ့ေရာင္ေလးကလည္း အသားျဖဴတဲ့သူေတြနဲ႔ တစ္မ်ိဳး ၾကည့္ေကာင္းေနျပန္ ပါတယ္။ အေရာင္ေဖ်ာ့လြန္းတာေၾကာင့္ အေရာင္သိပ္မေပၚလြင္ဘူး လို႔ ထင္ရေပမယ့္ အသားအေရာင္နဲ႔ ထင္ဟပ္သြားၿပီး ဆြဲေဆာင္မႈရွိတဲ့ ကာလာတစ္မ်ိဳးပါပဲ။

(၆) ပန္းဆီေရာင္

ပန္းေရာင္အုပ္စုထဲမွာမွ ပန္းဆီေရာင္ေျပာင္ေျပာင္ လက္လက္ေလးကို ေရြးခ်ယ္ႏုိင္ပါတယ္။ ပန္းဆီေရာင္က လူႀကီး၊ လူငယ္မေရြး လိုက္ဖက္တဲ့အေရာင္ျဖစ္တာေၾကာင့္ အသားျဖဴတဲ့သူတုိင္း အတြက္ အဆင္ေျပပါတယ္။

(၇) ပန္းႏုေရာင္

အေရာင္ၿငိမ္တဲ့ဘက္ကို သြားခ်င္တယ္ဆိုရင္ေတာ့ ပန္းႏုေရာင္ကို ေရြးခ်ယ္လိုက္ပါ။ ပန္းႏုေရာင္က မိန္းကေလးဆန္ၿပီး ခ်စ္စရာေကာင္းတဲ့ အသြင္ေဆာင္လို႔ ခ်စ္သူနဲ႔ ဒိတ္လုပ္တဲ့အခါ ကိုယ့္ရဲ႕ လက္သည္းေလး ေတြကို ပန္းႏုေရာင္နဲ႔ အလွဆင္လိုက္ပါ။

(၈) ၾကက္ေသြးေရာင္

Dark Shades လိုမ်ိဳး ခပ္ေမွာင္ေမွာင္အေရာင္ေတြကို ႀကိဳက္ႏွစ္သက္တယ္ ဆိုရင္ေတာ့ ၾကက္ေသြးေရာင္ပုပ္ပုပ္ကို ေရြးခ်ယ္လိုက္ပါ။ ဆြဲေဆာင္မႈရွိေစၿပီး ညဘက္ရိႈးပြဲ၊ ဒင္နာပါတီပြဲေတြနဲ႔ လိုက္ဖက္မႈရွိေစမွာပါ။

(၉) ခဲေရာင္

ခဲေရာင္ကလည္း အသားအေရာင္ေရြးတဲ့ ကာလာျဖစ္တာေၾကာင့္ ေတြ႔ရခဲတဲ့ အေရာင္တစ္မ်ိဳးပါပဲ။ ဒါေပမယ့္ အသားျဖဴတဲ့သူေတြကေတာ့ ခဲေရာင္ကို စိတ္ႀကိဳက္ေရြးခ်ယ္ႏုိင္ပါတယ္။ ခဲေရာင္ကလည္း ဆြဲေဆာင္မႈွရိွတဲ့ အေရာင္တစ္မ်ိဳးပါပဲ။

(၁၀) ဝုိင္နီေရာင္

အနီေရာင္အုပ္စုထဲက အေရာင္တစ္မ်ိဳးျဖစ္တဲ့ ဝုိုင္နီေရာင္ကလည္း အသားျဖဴတဲ့သူေတြ ေရြးခ်ယ္သင့္တဲ့ ကာလာပါပဲ။ ရဲရင့္ထက္ျမတ္တဲ့ မိန္းကေလးတစ္ေယာက္အသြင္ ဆြဲေဆာင္မႈ ရွိခ်င္တယ္ ဆုိရင္ေတာ့ ဝုိင္နီေရာင္ကို ေရြးခ်ယ္လိုက္ပါ။

Credit : myanmarplatform
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်သည်းအရောင်တွေကို ရွေးချယ်တဲ့အခါမှာ ကိုယ့်အသားအရေ အရောင်နဲ့ လိုက်ဖက်မှုရှိတဲ့ အရောင်ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ အသားဖြူတဲ့ သူတွေကလည်း အသားဖြူတဲ့ အလျောက် လိုက်ဖက်တဲ့ အရောင်ရှိ သလို၊ အသားညိုတဲ့သူကလည်း အသားအရောင်နဲ့ လိုက်ဖက်မှုရှိတာကို ရွေးချယ်သင့်ပါတယ်။ ဒီတစ်ခါမှာတော့… အသားဖြူတဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်မှုရှိမယ့် လက်သည်းအရောင်(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Nude color

အရောင်ဖျော့ဖျော့လေးနဲ့ လိုက်ဖက်မှုရှိတာကို တွေ့ရပါတယ်။ ခဲရောင်ဖျော့ဖျော့၊ မီးခိုးရောင်နဲ့ nude color လိုမျိုးက အသားဖြူတဲ့သူတွေနဲ့ ဆိုရင် အရောင်ပိုမိုပေါ်လွင်မှုရှိတာကြောင့် ရွေးချယ်သင့်တဲ့ အရောင်တစ်မျိုးပါပဲနော်။

(၂) ပုဇွန်ဆီရောင်

အခုလိုနွေရာသီမှာ အရောင်တောက်တောက်လေးတွေ ဆိုးတာက နေရောင်အောက်မှာ လက်သည်းလေးတွေက ပြောင်ပြောင်လက်လက် ကလေးနဲ့ တစ်မျိုး ဆွဲဆောင်မှုရှိပါတယ်။ အသားဖြူတဲ့သူတွေက လိမ္မော်ရောင်နဲ့ လိမ္မော်ရောင်ဘက်သမ်းတဲ့ ပုဇွန်ဆီရောင်နဲ့လည်း လိုက်ဖက်မှုရှိပါတယ်။

(၃) သန္တာရောင်

လူအများစုနဲ့ လိုက်ဖက်မှုမရှိလို့ သိပ်မဆိုးဖြစ်ကြတဲ့ သန္တာရောင်က အသားဖြူတဲ့သူတွေနဲ့တော့ လိုက်ဖက်မှုရှိနေ ပါတယ်။ သန္တာရောင်ကိုမှ ပန်းနုရောင်လေးသမ်းနေတာမျိုးက အသားဖြူတဲ့သူ အသက်အရွယ်မရွေး ဆိုးလို့ အဆင်ပြေတဲ့ အရောင်တစ်မျိုးပါပဲ။

(၄) အနီရောင်

ညဘက်ပါတီပွဲ၊ သူငယ်ချင်းတွေနဲ့ နိုက်အောက်ထွက်တဲ့အခါမျိုးမှာ အနီရောင်တောက်တောက်ကို ဆိုးလိုက်ပါ။ ရဲရင့်သွက်လက်တဲ့ ကောင်မလေးတစ်ယောက်အသွင် ဖြစ်သွားပြီး တကယ့်ကို ဆွဲဆောင်မှု ရှိလှပါတယ်။

(၅) လာဗင်ဒါအရောင်

လာဗင်ဒါအရောင်ဖြစ်တဲ့ ခရမ်းဖျော့ရောင်လေးကလည်း အသားဖြူတဲ့သူတွေနဲ့ တစ်မျိုး ကြည့်ကောင်းနေပြန် ပါတယ်။ အရောင်ဖျော့လွန်းတာကြောင့် အရောင်သိပ်မပေါ်လွင်ဘူး လို့ ထင်ရပေမယ့် အသားအရောင်နဲ့ ထင်ဟပ်သွားပြီး ဆွဲဆောင်မှုရှိတဲ့ ကာလာတစ်မျိုးပါပဲ။

(၆) ပန်းဆီရောင်

ပန်းရောင်အုပ်စုထဲမှာမှ ပန်းဆီရောင်ပြောင်ပြောင် လက်လက်လေးကို ရွေးချယ်နိုင်ပါတယ်။ ပန်းဆီရောင်က လူကြီး၊ လူငယ်မရွေး လိုက်ဖက်တဲ့အရောင်ဖြစ်တာကြောင့် အသားဖြူတဲ့သူတိုင်း အတွက် အဆင်ပြေပါတယ်။

(၇) ပန်းနုရောင်

အရောင်ငြိမ်တဲ့ဘက်ကို သွားချင်တယ်ဆိုရင်တော့ ပန်းနုရောင်ကို ရွေးချယ်လိုက်ပါ။ ပန်းနုရောင်က မိန်းကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ အသွင်ဆောင်လို့ ချစ်သူနဲ့ ဒိတ်လုပ်တဲ့အခါ ကိုယ့်ရဲ့ လက်သည်းလေး တွေကို ပန်းနုရောင်နဲ့ အလှဆင်လိုက်ပါ။

(၈) ကြက်သွေးရောင်

Dark Shades လိုမျိုး ခပ်မှောင်မှောင်အရောင်တွေကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ ကြက်သွေးရောင်ပုပ်ပုပ်ကို ရွေးချယ်လိုက်ပါ။ ဆွဲဆောင်မှုရှိစေပြီး ညဘက်ရှိုးပွဲ၊ ဒင်နာပါတီပွဲတွေနဲ့ လိုက်ဖက်မှုရှိစေမှာပါ။

(၉) ခဲရောင်

ခဲရောင်ကလည်း အသားအရောင်ရွေးတဲ့ ကာလာဖြစ်တာကြောင့် တွေ့ရခဲတဲ့ အရောင်တစ်မျိုးပါပဲ။ ဒါပေမယ့် အသားဖြူတဲ့သူတွေကတော့ ခဲရောင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ခဲရောင်ကလည်း ဆွဲဆောင်မှုှရှိတဲ့ အရောင်တစ်မျိုးပါပဲ။

(၁၀) ဝိုင်နီရောင်

အနီရောင်အုပ်စုထဲက အရောင်တစ်မျိုးဖြစ်တဲ့ ဝိုင်နီရောင်ကလည်း အသားဖြူတဲ့သူတွေ ရွေးချယ်သင့်တဲ့ ကာလာပါပဲ။ ရဲရင့်ထက်မြတ်တဲ့ မိန်းကလေးတစ်ယောက်အသွင် ဆွဲဆောင်မှု ရှိချင်တယ် ဆိုရင်တော့ ဝိုင်နီရောင်ကို ရွေးချယ်လိုက်ပါ။

Credit : myanmarplatform

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top