iMyanmarHouse.com - Best Property Website for Myanmar
×








Credit : Duwun

သရုပ်ဆောင် သွန်းဆက်က အနုပညာအလုပ်တွေ ခဏနားထားပြီးတော့ မိခင်ဖြစ်သူကို အနီးကပ် ပြုစုပေးနေပါတယ်။ ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေတဲ့ မိခင်ရဲ့ ဘေးမှာ တစ်ချိန်လုံး ဂရုတစိုက်နဲ့ပြုစုပေးနေတာ တွေ့ရပါတယ်

မိခင်က ကင်ဆာဖြစ်နေတာလို့ သိရပြီး မတ်လ(၇) ရက်နေ့ ညနေပိုင်းက ခွဲစိတ်ကုသမှု ခံယူခဲ့ရကာ အခုဆိုရင် ခွဲစိတ်ခန်းထဲကတော့ ပြန်ထွက်လာပြီဖြစ်ကာအစာစားနေပြီလို့ သွန်းဆက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

“မေမေ ထမင်း စစားလို့ရပါပြီ ဒီနေ့နဲနဲပဲစားတယ် နောက်ရက်တွေဆို အများကြီးစားနိုင်ပါစေနော်” ဆိုပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမက ပြောပြထားပါတယ်။

ခွဲစိတ်ခန်းထဲ ဝင်တုန်းကလည်း သွန်းဆက်တစ်ယောက် ရသမျှ ဂါထာတွေ ရွတ်ပြီးတော့ မိခင်ဖြစ်သူအတွက် ဆုတောင်းပေးနေရှာ ပါသေးတယ်။

“အမေ ခွဲစိတ်ခန်း ထဲဝင်နေပီဆိုတော့ ကိုယ်ရွတ်တတ်သလောက် ဂါထာတွေ ” မေတ္တသုတ် ” ” ဗောဇ္ဈင်္ဂသုတ် ” ” ပုဗ္ဗဏှသုတ်” မေတ္တသုတ်” ” ဓာရဏပရိတော် ” ပဌာန်းတရားတော်အကျယ် ” မေတ္တာပို့ ” ခွဲခန်းရှေ့မှာရော ရွတ်ဖော်ပူဇော်ခဲ့ပါတယ်။ သမာဒေဝနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ကြပါစေ မိဘဆိုတော့ နေလို့မရဖူး… ရင်တွေတခုလုံးပူလိုက်တာဆိုတာလေ” ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

မိခင်ဖြစ်သူရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အနုပညာမောင်နှမတွေက အမြန်ဆုံးနေပြန်ကောင်းဖို့အတွက် ဝိုင်းပြီးတော့ ဆုတောင်းပေးနေကြပါတယ်။

ယခုလက်ရှိ သွန်းဆက်က ဘန်ကောက်မြို့မှာရှိတဲ့ Siriraj Piyamaharajkarun Hospitalမှာ မိခင်ဖြစ်သူကို အနီးကပ် စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top