iMyanmarHouse.com - Best Property Website for Myanmar
×






Photo : နန္ဒာလှိုင် FB

Credit : Duwun

သရုပ်ဆောင် နန္ဒာက သူမရဲ့ ဖေ့စ်ဘွတ်မှာ ပို့စ်လေးတစ်ခုတင်လိုက်ပါတယ်။ အဲ့ဒီပို့စ်လေးမှာတော့ သမီးတွေကြောင့် သူဘယ်လို ပီတိဖြစ်သွားလဲဆိုတာလေးကို ပြောပြထားတာဖြစ်ပါတယ်။

"မနက်ကဝတီနဲ့ရတီကိုကျောင်းသွားဖို့ပြင်ပေးရင်းနဲ့ဆုံးမတယ် သမီးအဲဒီလိုလုပ်ရင် ငရဲကြီးလိမ့်မယ် သမီးတို့ငရဲကြီးရင် မေမေကဝမ်းနည်းမယ်။ သမီးတို့ငရဲကြီးမှာ ကြောက်လား မေမေဝမ်းနည်းမှာ ကြောက်လားဆိုတော့ ဝတီကချက်ချင်းဘဲ မေမေဝမ်းနည်းမှာ ကြောက်တယ်တဲ့ ရတီကတော့ခဏလောက် စဉ်းစားလိုက်သေးတယ်ပြီးမှမေမေဝမ်းနည်းမှာပိုကြောက်တယ်တဲ့ ကျေနပ်ပြီလေ ဒီမနက်စာတော့ပီတိဘဲစားလိုက်တော့မယ်" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

သူမရေးထားတဲ့ စာသားလေးကိုကြည့်တာနဲ့တင်ပဲ သမီးလေးတွေက ဘယ်လောက်ထိလိမ္မာပြီး အမေကို ချစ်လဲဆိုတာ သိသာထင်ရှားလွန်းပါတယ်။

နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ယခုထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားတဲ့ အနုပညာ ရှင်တစ်ဦးဖြစ် ပါတယ်။

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

Photo : နန္ဒာလှိုင် FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top