iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားနဲ႔ ဆက္ဆံေျပာဆို တဲ့အခါ ကိုယ့္ရဲ႕ ခံတြင္းနံ႔က ဆိုးေနရင္ တစ္ပါးသူ က အထင္ေသးတာကို ခံရႏိုင္သလို ကိုယ္တိုင္လည္း အဆင္မေျပပါဘူး။ အဆိုးဆံုးကေတာ့ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ နည္းသြားေစတာပါပဲ။ လူေတာ္ေတာ္ မ်ားမ်ား ခံတြင္းနံ႔ဆိုးတာကို ႀကံဳဖူးၾကပါလိမ့္မယ္။

ခံတြင္းနံ႔ဆိုးတာကို သက္သာေစႏိုင္ တဲ့ ဓာတုပစၥည္းေတြနဲ႔ အျခားေသာ အရာေတြ အမ်ားႀကီးဆိုေပမဲ့ ခံတြင္းနံ႔မဆိုး ေအာင္ မျဖစ္မေန လုပ္သင့္တာ တစ္ခုက ႏွစ္စဥ္သြားဆရာဝန္နဲ႔ ျပသၿပီး သြားေတြကို စစ္ေဆးဖို႔ပါ။
ခံတြင္းနံ႔ဆိုးတာကို သက္သာေစႏိုင္တဲ့ အလြယ္ကူဆံုးနည္းလမ္းသံုးခုကို ေျပာျပေပးခ်င္ပါတယ္။

(၁) ခံတြင္းကို ေရခပ္ေႏြးေႏြးေလးနဲ႔ ဆားနဲ႔ ေရာၿပီး ပလုတ္က်င္းေပးပါ။ လွ်ာ အ ေနာက္ပိုင္းအထိေရာက္ေအာင္ ပလုတ္ က်င္းဖို႔ေတာ့ လိုပါတယ္။ ေခါင္းကို အေပၚ ေမာ့ထားၿပီး ပလုတ္က်င္းေပးရမွာပါ။ ပလုတ္က်င္းတဲ့အခါ ေသေသခ်ာခ်ာ ပလုတ္က်င္းေပးဖို႔ လိုပါတယ္။ ျဖစ္ႏိုင္ ရင္ တစ္မိနစ္ေလာက္ၾကာေအာင္ လုပ္ ေပးပါ။

(၂) ေရေႏြးနဲ႔ ဆားနဲ႔ ပလုတ္က်င္းၿပီး သြားၿပီဆိုရင္ သြားပြတ္တံမွာ ဆားရည္စြတ္ၿပီး လွ်ာကို ပြတ္တိုက္ေပးပါ။ လွ်ာ အ ေနာက္ဘက္ေတြအထိ  ေရာက္ေအာင္ ပြတ္တိုက္ေပးရပါမယ္။ လွ်ာက ပန္းေရာင္ သန္းလာၿပီး အျဖဴေတြ ျဖစ္မေနေတာ့ တာ ေသခ်ာတဲ့အထိ သန္႔စင္ေပးပါ။

(၃) သြားကို ပံုမွန္သန္႔စင္ေနက်အ တိုင္း ၿပီးၿပီဆိုရင္ ခံတြင္းသန္႔ေဆးရည္ သံုးၿပီး တစ္ႀကိမ္ ထပ္သန္႔စင္ေပးရပါမယ္။ သြားနဲ႔ သြားဖံုးမွာ ျပႆနာရွိရင္လည္း ခံတြင္းနံ႔က ေတာ္ေတာ္ေလး ဆိုးတတ္ပါတယ္။ ခံတြင္း ျပႆနာရွိေန၊ မေနကိုလည္း စစ္ ေဆးပါ။

Credit : Kumudra
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူအများနဲ့ ဆက်ဆံပြောဆို တဲ့အခါ ကိုယ့်ရဲ့ ခံတွင်းနံ့က ဆိုးနေရင် တစ်ပါးသူ က အထင်သေးတာကို ခံရနိုင်သလို ကိုယ်တိုင်လည်း အဆင်မပြေပါဘူး။ အဆိုးဆုံးကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသွားစေတာပါပဲ။ လူတော်တော် များများ ခံတွင်းနံ့ဆိုးတာကို ကြုံဖူးကြပါလိမ့်မယ်။

ခံတွင်းနံ့ဆိုးတာကို သက်သာစေနိုင် တဲ့ ဓာတုပစ္စည်းတွေနဲ့ အခြားသော အရာတွေ အများကြီးဆိုပေမဲ့ ခံတွင်းနံ့မဆိုး အောင် မဖြစ်မနေ လုပ်သင့်တာ တစ်ခုက နှစ်စဉ်သွားဆရာဝန်နဲ့ ပြသပြီး သွားတွေကို စစ်ဆေးဖို့ပါ။
ခံတွင်းနံ့ဆိုးတာကို သက်သာစေနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းသုံးခုကို ပြောပြပေးချင်ပါတယ်။

(၁) ခံတွင်းကို ရေခပ်နွေးနွေးလေးနဲ့ ဆားနဲ့ ရောပြီး ပလုတ်ကျင်းပေးပါ။ လျှာ အ နောက်ပိုင်းအထိရောက်အောင် ပလုတ် ကျင်းဖို့တော့ လိုပါတယ်။ ခေါင်းကို အပေါ် မော့ထားပြီး ပလုတ်ကျင်းပေးရမှာပါ။ ပလုတ်ကျင်းတဲ့အခါ သေသေချာချာ ပလုတ်ကျင်းပေးဖို့ လိုပါတယ်။ ဖြစ်နိုင် ရင် တစ်မိနစ်လောက်ကြာအောင် လုပ် ပေးပါ။

(၂) ရေနွေးနဲ့ ဆားနဲ့ ပလုတ်ကျင်းပြီး သွားပြီဆိုရင် သွားပွတ်တံမှာ ဆားရည်စွတ်ပြီး လျှာကို ပွတ်တိုက်ပေးပါ။ လျှာ အ နောက်ဘက်တွေအထိ  ရောက်အောင် ပွတ်တိုက်ပေးရပါမယ်။ လျှာက ပန်းရောင် သန်းလာပြီး အဖြူတွေ ဖြစ်မနေတော့ တာ သေချာတဲ့အထိ သန့်စင်ပေးပါ။

(၃) သွားကို ပုံမှန်သန့်စင်နေကျအ တိုင်း ပြီးပြီဆိုရင် ခံတွင်းသန့်ဆေးရည် သုံးပြီး တစ်ကြိမ် ထပ်သန့်စင်ပေးရပါမယ်။ သွားနဲ့ သွားဖုံးမှာ ပြဿနာရှိရင်လည်း ခံတွင်းနံ့က တော်တော်လေး ဆိုးတတ်ပါတယ်။ ခံတွင်း ပြဿနာရှိနေ၊ မနေကိုလည်း စစ် ဆေးပါ။

Credit : Kumudra

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top