iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ ယုသႏၱာတင္က သူမေဖ့စ္ဘြတ္အေကာင့္ကို ဟက္ေနတဲ့ ဟက္ကာေတြကို အေၾကြးပါ တစ္ခါထဲ ဆပ္ေပးဖို႕ ေျပာလိုက္ပါတယ္။

တစ္မနက္ခင္းလံုး သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္ကို ဟက္ေနတာ ဘာမ်ားသိခ်င္လို႕လဲတဲ့။ သူမက social network ႀကီးမလံုၿခံဳမွန္းသိလို႕ ဘာမွမထားဘူးဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

“တစ္မနက္လုံး အေကာင့္ ကို hack ေနတယ္ ကြယ္ ဘာမ်ားသိခ်င္လို႔လဲ ဘာမွေတာ့အေကာင့္ထဲမရွိပါဘူး မရွိဘူးဆိုတာထက္ social network ႀကီးမလုံျခဳံမွန္းသိလို႔ ဘာမွမထားတာ အေကာင့္ယူသြားရင္ေတာ့ အထဲမွာ online shopping ေတြက ေစ်းဝယ္ထားတာေတြပဲရွိတယ္

ယူသြားရင္ေတာ့ေႂကြးေတြပါတစ္ခါထဲဆပ္ေပးရမယ္ေနာ္ “ဆိုၿပီး ေျပာထားပါတယ္။

သူမရဲ႕ သူငယ္ခ်င္းေတြက ခရီးေတြ သြားလြန္းလို႕ ေဖ့စ္ဘြတ္အေကာင့္ဟက္တာလားဆိုၿပီး စေနာက္ထားပါေသးတယ္။ ယုသႏၱာတင္ဟာ ခရီးသြားရတာကို ေတာ္ေတာ္ဝါသနာပါသူ တစ္ဦးလည္းျဖစ္ပါတယ္။ ဇာတ္ကားရိုက္ကူးလိုက္ ခရီးသြားလိုက္နဲ႕ သူ႕ရဲ႕ ဘဝေလးဟာ ေပ်ာ္စရာေကာင္းလွပါတယ္။

သူမရဲ႕ ေဖ့စ္ဘြတ္မွာလည္း သူမရဲ႕ခံစားခ်က္ေတြထက္ ခရီးသြားတဲ့ပံုေလးေတြ ရိုက္ကြင္းပံုေလးေတြကိုသာ တင္ျဖစ္သူ တစ္ဦးလည္း ျဖစ္ပါတယ္။

“ခရီးသြားတဲ့အခါက်ရင္ ကုိယ္မေရာက္ဖူးေသးတဲ့ ေနရာေဒသက်ရင္ အဲ့ဒီေနရာရဲ႕ လွတဲ့ရႈခင္းေလးေတြ ကုိယ္မစားဖူးတဲ့ အစား အစာေလးေတြ ျမည္းစမ္းရတာ သေဘာက်ပါတယ္။ အဓိကအားျဖင့္ေတာ့ သူတို႔ရဲ႕ ရႈခင္းေတြ၊တစ္ ေနရာသြားလုိ႔ ရွိရင္ သူတို႔ဆီမွာ ထင္ရွားတဲ့အထိမ္းအမွတ္ေနရာေတြကုိ သြားျဖစ္တယ္။ ေနရာတစ္ခုသြားမယ္ဆုိရင္ ဒီေဒသက ဘယ္လုိအစားအစာထင္ရွားလဲေပါ့ အဲ့ဒါေလးေတြကုိလုိက္ၿပီးၾကည့္ျဖစ္တယ္။ႏုိင္ငံတစ္ႏိုင္ငံကုိ သြားမယ္ဆုိရင္ေတာ့ အမွတ္တရေတြက အမ်ားႀကီးပါပဲ။ ကုိယ္မေရာက္ ဖူးေသးတဲ့ေနရာေတြကုိ သြားရတာျဖစ္တဲ့အတြက္ ေနရာတုိင္းကေတာ့ အမွတ္တရေတြခ်ည္းပါပဲ” လုိ႔ သူမက ယခင္ကခရီးသြားျခင္း နဲ႕ ပတ္သက္ၿပီး ေျဖဆိုေပးခဲ့ဖူးပါတယ္။

ယခုေနာက္ပိုင္းမွာ ဇာတ္လမ္းေတြကို စီစစ္ေရြးခ်ယ္ၿပီး ရိုက္ကူးလ်က္ရွိတယ္လို႕လည္း သိရပါတယ္။

Photo : ယုသႏၱာတင္ FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင် ယုသန္တာတင်က သူမဖေ့စ်ဘွတ်အကောင့်ကို ဟက်နေတဲ့ ဟက်ကာတွေကို အကြွေးပါ တစ်ခါထဲ ဆပ်ပေးဖို့ ပြောလိုက်ပါတယ်။

တစ်မနက်ခင်းလုံး သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဟက်နေတာ ဘာများသိချင်လို့လဲတဲ့။ သူမက social network ကြီးမလုံခြုံမှန်းသိလို့ ဘာမှမထားဘူးဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

“တစ်မနက်လုံး အကောင့် ကို hack နေတယ် ကွယ် ဘာများသိချင်လို့လဲ ဘာမှတော့အကောင့်ထဲမရှိပါဘူး မရှိဘူးဆိုတာထက် social network ကြီးမလုံခြုံမှန်းသိလို့ ဘာမှမထားတာ အကောင့်ယူသွားရင်တော့ အထဲမှာ online shopping တွေက ဈေးဝယ်ထားတာတွေပဲရှိတယ်

ယူသွားရင်တော့ကြွေးတွေပါတစ်ခါထဲဆပ်ပေးရမယ်နော် “ဆိုပြီး ပြောထားပါတယ်။

သူမရဲ့ သူငယ်ချင်းတွေက ခရီးတွေ သွားလွန်းလို့ ဖေ့စ်ဘွတ်အကောင့်ဟက်တာလားဆိုပြီး စနောက်ထားပါသေးတယ်။ ယုသန္တာတင်ဟာ ခရီးသွားရတာကို တော်တော်ဝါသနာပါသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးလိုက် ခရီးသွားလိုက်နဲ့ သူ့ရဲ့ ဘဝလေးဟာ ပျော်စရာကောင်းလှပါတယ်။

သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း သူမရဲ့ခံစားချက်တွေထက် ခရီးသွားတဲ့ပုံလေးတွေ ရိုက်ကွင်းပုံလေးတွေကိုသာ တင်ဖြစ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

“ခရီးသွားတဲ့အခါကျရင် ကိုယ်မရောက်ဖူးသေးတဲ့ နေရာဒေသကျရင် အဲ့ဒီနေရာရဲ့ လှတဲ့ရှုခင်းလေးတွေ ကိုယ်မစားဖူးတဲ့ အစား အစာလေးတွေ မြည်းစမ်းရတာ သဘောကျပါတယ်။ အဓိကအားဖြင့်တော့ သူတို့ရဲ့ ရှုခင်းတွေ၊တစ် နေရာသွားလို့ ရှိရင် သူတို့ဆီမှာ ထင်ရှားတဲ့အထိမ်းအမှတ်နေရာတွေကို သွားဖြစ်တယ်။ နေရာတစ်ခုသွားမယ်ဆိုရင် ဒီဒေသက ဘယ်လိုအစားအစာထင်ရှားလဲပေါ့ အဲ့ဒါလေးတွေကိုလိုက်ပြီးကြည့်ဖြစ်တယ်။နိုင်ငံတစ်နိုင်ငံကို သွားမယ်ဆိုရင်တော့ အမှတ်တရတွေက အများကြီးပါပဲ။ ကိုယ်မရောက် ဖူးသေးတဲ့နေရာတွေကို သွားရတာဖြစ်တဲ့အတွက် နေရာတိုင်းကတော့ အမှတ်တရတွေချည်းပါပဲ” လို့ သူမက ယခင်ကခရီးသွားခြင်း နဲ့ ပတ်သက်ပြီး ဖြေဆိုပေးခဲ့ဖူးပါတယ်။

ယခုနောက်ပိုင်းမှာ ဇာတ်လမ်းတွေကို စီစစ်ရွေးချယ်ပြီး ရိုက်ကူးလျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo : ယုသန္တာတင် FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top