iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၇ ခုႏွစ္ထဲမွာ လူငယ္ဒါရုိက္တာ ထူးပုိင္ေဇာ္ဦးရဲ႕ ‘ည’ ရုပ္ရွင္ကား ရုံတင္ခဲ့ျပီး သရုပ္ေဆာင္၊ ရုိက္ခ်က္၊ ဇာတ္လမ္း၊ အသံ စသျဖင့္ ဟာကြက္မရွိေအာင္ အတတ္ႏုိင္ဆုံး ၾကိဳးစားေဖာက္ထြက္လာတဲ့ ကားတစ္ကား ျဖစ္တာနဲ႔အညီ ျမန္မာရုပ္ရွင္ေလာကကို တုိးတက္ေျပာင္းလဲေစခ်င္တဲ့ ပရိသတ္ေတြ သာမက အႏုပညာ ေလာကသားေတြကပါ ဝန္းရံခဲ့ၾကပါတယ္။

ဒါေပမယ့္ ‘ည’ ဇာတ္ကားဟာ အကယ္ဒမီဆုအတြက္ စကာတင္ အျဖစ္ေတာင္ တစ္ေနရာမွာမွ မပါဝင္ခဲ့ဘဲ အကယ္ဒမီဆုေပးပြဲ က်င္းပရာ ေနရာမွာလည္း ‘ည’ ရုပ္ရွင္ကား ပိုစတာေလး တစ္ခုေတာင္ မေတြ႕ခဲ့ရဘူးလို႔ လူငယ္ ဒါရုိက္တာတစ္ဦး ျဖစ္တဲ့ အာကာ ကေန ေျပာၾကားလာပါတယ္။

“ကၽြန္ေတာ့္အျမင္သီးသန္႔ကေတာ့ ည ရုပ္ရွင္ကားကို စကာတင္ေတာင္ မထည့္ထားဘူးဆုိတာ ကၽြန္ေတာ္တုိ႔ လူငယ္ေတြ လုပ္တာကို မင္းတုိ႔ကြာ ရွိတယ္လို႔ေတာင္ မထင္ဘူး မင္းတုိ႔ တက္မလာနဲ႔၊ ေနာက္လဲ လုပ္ဖုိ႔ မစဥ္းစားနဲ႔၊ မင္းတုိ႔ တက္လာရင္ ေနာက္လဲ ဒါမ်ဳိးျဖစ္မယ္လို႔ ေခၚခ်ဳိးတယ္လုိ႔ ကၽြန္ေတာ္ ထင္တယ္” လို႔ သူ႕ရဲ႕ အျမင္ကို ပြင့္ပြင့္လင္းလင္း ရဲရဲဝံ့ဝံ့ ေျပာခဲ့ပါတယ္။

အလားတူပဲ ‘ဥပါယ္တံမ်ဥ္’ နဲ႔ ‘မုျဒာေခၚသံ’ တုိ႔မွာ အဓိကသရုပ္ေဆာင္ ေနရာမွာသာ မကဘဲ အသံပုိင္း ကိုပါ တာဝန္ယူခဲ့တဲ့ ဇာဏ္ခီ ကလည္း ၂၀၁၇ အတြက္ ရုံတင္ကားေတာ္ေတာ္မ်ားမ်ားကို ၾကည့္ရႈခဲ့ျပီး အသံပုိင္းမွာ ‘ည’ ဇာတ္ကားကို မွီတဲ့ ဇာတ္ကားမရွိတဲ့အတြက္ စကာတင္ (Nomination) အဆင့္မွာေတာင္ ေဖာ္ျပမခံခဲ့ရတာကို အံ့ၾသတယ္လို႔ သူ႕ရဲ႕ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့ပါတယ္။ ဒါရုိက္တာ ထူးပုိင္ေဇာ္ဦး ကိုယ္တုိင္လည္း အကယ္ဒမီဆုကို မေမွ်ာ္မွန္းေပမယ့္ လေပါင္းမ်ားစြာ ပင္ပင္ပန္းပန္း အားထုတ္ရုိက္ကူးထားတဲ့ ဇာတ္ကားကို ပရိသတ္ေတြက အားေပးေပမယ့္ စကာတင္အဆင့္ေလးေတာင္ တစ္ေနရာမွ မပါဝင္ခဲ့တဲ့အတြက္ စိတ္ပ်က္လက္ပ်က္ ျဖစ္ရတယ္လုိ႔ သူ႕ရဲ႕ ဆုိရွယ္အေကာင့္မွာ တင္ထားခဲ့ပါတယ္။

မၾကာခင္မွာ ဒါရုိက္တာ အာကာ ရုိက္ကူးထားတဲ့ “ဒု႒ာဝတီကို ေက်ာ္လြန္၍” ဇာတ္ကားကလည္း ၂၀၁၈ အတြင္းမွာပဲ ရုံတင္လာမွာ ျဖစ္သလို၊ ‘ဥပါယ္တံမ်ဥ္’ ‘Dimensions’ ‘မုျဒာေခၚသံ’ ဆုိတဲ့ လူငယ္ေတြ ရုိက္ကူးထားတဲ့ ဇာတ္ကားေတြကလည္း ၂၀၁၈ အတြင္းမွာပဲ ရုံတင္ထားပါတယ္။

“ေနာက္ႏွစ္ ငါတုိ႔ေတြကိုလည္း အဲ့လုိ ေခၚၾကိတ္မလားလို႔ ကၽြန္ေတာ့္မွာ ဖီလင္ျဖစ္တယ္” လို႔ ဒါရုိက္တာ အာကာက ဆုိပါတယ္။ “ကၽြန္ေတာ္ေျပာတာ သူတုိ႔ကို ဆုေပးဖို႔ ေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ ဒီႏွစ္မွာ ဒီကားကို လ်စ္လ်ဴရႈလုိ႔ မရပါဘူး။ ဆုရဖုိ႔ကို ထားပါ။ ဒီစကာတင္ေလးကားထဲမွာေတာင္ မပါဘူးလား။ အသံ၊ ဇာတ္ညႊန္း၊ ကင္မရာ ေနာက္ျပီးအမ်ားၾကီးပါ။ ဆုတစ္ခုမွာမွ မပါဘူး။ အကယ္ဒမီဝင္းထဲကို ဝင္သြားထဲက ပိုစတာေတြ ကပ္ထားတယ္။ ည မပါဘူး” လို႔ေျပာခဲ့တယ္။

ဒါ့ေၾကာင့္ ေနာက္ႏွစ္သူတုိ႔ရဲ႕ ဇာတ္ကားေတြကို အကယ္ဒမီေပးပြဲခ်ိန္ ေရာက္ရင္လည္း အလားတူ ဆက္ဆံခံရမွာ၊ မ်ဳိးဆက္သစ္ ရုပ္ရွင္သမားေတြကို အသိအမွတ္ျပဳျခင္း မရွိမွာကို စုိးရိမ္သလို၊ ဝမ္းနည္းမိတယ္လုိ႔ ကိုအာကာက ဆုိပါတယ္။

Credit : Cantwait2say
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၂၀၁၇ ခုနှစ်ထဲမှာ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ‘ည’ ရုပ်ရှင်ကား ရုံတင်ခဲ့ပြီး သရုပ်ဆောင်၊ ရိုက်ချက်၊ ဇာတ်လမ်း၊ အသံ စသဖြင့် ဟာကွက်မရှိအောင် အတတ်နိုင်ဆုံး ကြိုးစားဖောက်ထွက်လာတဲ့ ကားတစ်ကား ဖြစ်တာနဲ့အညီ မြန်မာရုပ်ရှင်လောကကို တိုးတက်ပြောင်းလဲစေချင်တဲ့ ပရိသတ်တွေ သာမက အနုပညာ လောကသားတွေကပါ ဝန်းရံခဲ့ကြပါတယ်။

ဒါပေမယ့် ‘ည’ ဇာတ်ကားဟာ အကယ်ဒမီဆုအတွက် စကာတင် အဖြစ်တောင် တစ်နေရာမှာမှ မပါဝင်ခဲ့ဘဲ အကယ်ဒမီဆုပေးပွဲ ကျင်းပရာ နေရာမှာလည်း ‘ည’ ရုပ်ရှင်ကား ပိုစတာလေး တစ်ခုတောင် မတွေ့ခဲ့ရဘူးလို့ လူငယ် ဒါရိုက်တာတစ်ဦး ဖြစ်တဲ့ အာကာ ကနေ ပြောကြားလာပါတယ်။

“ကျွန်တော့်အမြင်သီးသန့်ကတော့ ည ရုပ်ရှင်ကားကို စကာတင်တောင် မထည့်ထားဘူးဆိုတာ ကျွန်တော်တို့ လူငယ်တွေ လုပ်တာကို မင်းတို့ကွာ ရှိတယ်လို့တောင် မထင်ဘူး မင်းတို့ တက်မလာနဲ့၊ နောက်လဲ လုပ်ဖို့ မစဉ်းစားနဲ့၊ မင်းတို့ တက်လာရင် နောက်လဲ ဒါမျိုးဖြစ်မယ်လို့ ခေါ်ချိုးတယ်လို့ ကျွန်တော် ထင်တယ်” လို့ သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ ပြောခဲ့ပါတယ်။

အလားတူပဲ ‘ဥပါယ်တံမျဉ်’ နဲ့ ‘မုဒြာခေါ်သံ’ တို့မှာ အဓိကသရုပ်ဆောင် နေရာမှာသာ မကဘဲ အသံပိုင်း ကိုပါ တာဝန်ယူခဲ့တဲ့ ဇာဏ်ခီ ကလည်း ၂၀၁၇ အတွက် ရုံတင်ကားတော်တော်များများကို ကြည့်ရှုခဲ့ပြီး အသံပိုင်းမှာ ‘ည’ ဇာတ်ကားကို မှီတဲ့ ဇာတ်ကားမရှိတဲ့အတွက် စကာတင် (Nomination) အဆင့်မှာတောင် ဖော်ပြမခံခဲ့ရတာကို အံ့သြတယ်လို့ သူ့ရဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ကိုယ်တိုင်လည်း အကယ်ဒမီဆုကို မမျှော်မှန်းပေမယ့် လပေါင်းများစွာ ပင်ပင်ပန်းပန်း အားထုတ်ရိုက်ကူးထားတဲ့ ဇာတ်ကားကို ပရိသတ်တွေက အားပေးပေမယ့် စကာတင်အဆင့်လေးတောင် တစ်နေရာမှ မပါဝင်ခဲ့တဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ သူ့ရဲ့ ဆိုရှယ်အကောင့်မှာ တင်ထားခဲ့ပါတယ်။

မကြာခင်မှာ ဒါရိုက်တာ အာကာ ရိုက်ကူးထားတဲ့ “ဒုဋ္ဌာဝတီကို ကျော်လွန်၍” ဇာတ်ကားကလည်း ၂၀၁၈ အတွင်းမှာပဲ ရုံတင်လာမှာ ဖြစ်သလို၊ ‘ဥပါယ်တံမျဉ်’ ‘Dimensions’ ‘မုဒြာခေါ်သံ’ ဆိုတဲ့ လူငယ်တွေ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကလည်း ၂၀၁၈ အတွင်းမှာပဲ ရုံတင်ထားပါတယ်။

“နောက်နှစ် ငါတို့တွေကိုလည်း အဲ့လို ခေါ်ကြိတ်မလားလို့ ကျွန်တော့်မှာ ဖီလင်ဖြစ်တယ်” လို့ ဒါရိုက်တာ အာကာက ဆိုပါတယ်။ “ကျွန်တော်ပြောတာ သူတို့ကို ဆုပေးဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီနှစ်မှာ ဒီကားကို လျစ်လျူရှုလို့ မရပါဘူး။ ဆုရဖို့ကို ထားပါ။ ဒီစကာတင်လေးကားထဲမှာတောင် မပါဘူးလား။ အသံ၊ ဇာတ်ညွှန်း၊ ကင်မရာ နောက်ပြီးအများကြီးပါ။ ဆုတစ်ခုမှာမှ မပါဘူး။ အကယ်ဒမီဝင်းထဲကို ဝင်သွားထဲက ပိုစတာတွေ ကပ်ထားတယ်။ ည မပါဘူး” လို့ပြောခဲ့တယ်။

ဒါ့ကြောင့် နောက်နှစ်သူတို့ရဲ့ ဇာတ်ကားတွေကို အကယ်ဒမီပေးပွဲချိန် ရောက်ရင်လည်း အလားတူ ဆက်ဆံခံရမှာ၊ မျိုးဆက်သစ် ရုပ်ရှင်သမားတွေကို အသိအမှတ်ပြုခြင်း မရှိမှာကို စိုးရိမ်သလို၊ ဝမ်းနည်းမိတယ်လို့ ကိုအာကာက ဆိုပါတယ်။

Credit : Cantwait2say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top