iMyanmarHouse.com - Best Property Website for Myanmar
×

အုန္းစိမ္းရည္သည္ မလိုင္ပါေသာႏို့ရည္မဟုတ္ပါ။ သို့ေသာ္ အုန္းသီးကို ခြဲလိုက္လွွ်င္ၾကည္လင္သန့္စင္ေသာ အုန္းရည္မ်ားကို အတြင္း၌ေတြ႔ႏိုင္သည္။ ထိုအုန္းစိမ္းရည္သည္ က်န္းမာေရးအသိဥာဏ္ရွိသူတိုင္း ေသာက္သံုးၾကသည့္ အသံုးေဆာင္တစ္ခုကဲ့သို့ျဖစ္ေနသည္။ ေသာက္သံုးရာတြင္လည္း အနံ႔အရသာျပင္းျပျခင္းမရွိပါ။

အုန္းစိမ္းရည္သည္ သက္ရွိကိုယ္တြင္း၌ အစာေျခဖ်က္မႈကိုတိုးပြားေစျပီး အဆိပ္ကိုေျပေစ၍ အရြယ္ကိုပါႏုပ်ိဳေစေသာ ဂုဏ္သတိၱမ်ားလည္းရွိသည္။ အဂၤလန္ႏိုင္ငံတြင္ အုန္းစိမ္းရည္ကိုေသာက္သံုးမႈ လိုအပ္ခ်က္ တစ္ဟုန္ထိုးတိုးတက္လ်က္ရွိသည္။ "Vita-Co-Co" တံဆိပ္ျဖင့္ အုန္းစိမ္းရည္ေရာင္းခ်မႈမွာ အဂၤလန္ႏိုင္ငံ၌ ေရာင္းအားအေကာင္းဆံုးျဖစ္ျပီး ေရာင္းခ်ရမႈရာခိုင္ႏႈန္းမွာ ၁,၂၀၀ ထိ ႏွစ္စဥ္ျမင့္တက္လ်က္ရွိသည္။

ေသာက္သံုးသူမ်ားက ထိုအုန္းစိမ္းရည္တြင္ အဓိကပါဝင္သည့္ ကိုယ္တြင္းဆားဓာတ္(သို့မဟုတ္) အဏုဇီဝ အာဟာရဓာတ္မ်ားျဖစ္သည့္ လွ်ပ္စစ္ဓာတ္ စီးဝင္ႏိုင္ေသာအရည္ (လွ်ပ္လိုက္ရည္)မ်ားသည္ လူ၏ၾကြက္သားမ်ား လႈပ္ရွားမႈအတြက္ အဓိကက်ျပီး ကိုယ္ကာယေလ့က်င့္ခန္းမ်ားျပဳလုပ္ျပီးခိ်န္တြင္ ကိုယ္တြင္းရွိ အရည္ဓာတ္ကိုမွ်တေအာင္ ေဆာင္ရြက္ေပးသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ အုန္းစိမ္းရည္သည္ အားကစားသမားမ်ားေသာက္သံုးေသာ အခ်ိဳရည္မ်ားထက္ သၾကားပါဝင္မႈနည္းျခင္းက ကယ္လိုရီဓာတ္ကိုပို၍ စုေဆာင္းရရွိသည္။ သို့ရာတြင္ သင့္အေနျဖင့္ ေလ့က်င့္ခန္းမ်ားကို ျပင္းထန္စြာ မလုပ္လ်ွင္မူ ေရေသာက္ျခင္းကေကာင္းသည္။

ထုတ္လုပ္သူမ်ားကျပဳလုပ္သည့္ က်န္းမာေရးဆိုင္ရာ ေျပာဆိုခ်က္အေပၚ အေသးစားေလ့လာမႈတစ္ခုအရ အုန္းစိမ္းရည္ကို ပံုမွန္ေသာက္သံုးျခင္းသည္ ႏွလံုးေရာဂါျဖစ္ပြားမႈႏႈန္းေလ်ာ့ပါးေစရန္ အေၾကာင္းအခ်က္ႏွင့္ ပတ္သက္ဆက္စပ္မႈရွိႏိုင္ေၾကာင္းေတြ႔ရွိခဲ့သည္။ ေသြးတိုးေရာဂါခံစားေနရသူ ၇၁ ရာခိုင္ႏႈန္းမ်ားကို ထူးထူးျခားျခားေလ်ာ့က်ေစသည္ဟုလည္း အခ်ိဳ့ကေတြ႔ရွိၾကသည္ဟု ေဖာ္ျပထားပါသည္။

Credit : Lyhealthcare
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္... 
အုန်းစိမ်းရည်သည် မလိုင်ပါသောနို့ရည်မဟုတ်ပါ။ သို့သော် အုန်းသီးကို ခွဲလိုက်လှျှင်ကြည်လင်သန့်စင်သော အုန်းရည်များကို အတွင်း၌တွေ့နိုင်သည်။ ထိုအုန်းစိမ်းရည်သည် ကျန်းမာရေးအသိဉာဏ်ရှိသူတိုင်း သောက်သုံးကြသည့် အသုံးဆောင်တစ်ခုကဲ့သို့ဖြစ်နေသည်။ သောက်သုံးရာတွင်လည်း အနံ့အရသာပြင်းပြခြင်းမရှိပါ။

အုန်းစိမ်းရည်သည် သက်ရှိကိုယ်တွင်း၌ အစာခြေဖျက်မှုကိုတိုးပွားစေပြီး အဆိပ်ကိုပြေစေ၍ အရွယ်ကိုပါနုပျိုစေသော ဂုဏ်သတ္တိများလည်းရှိသည်။ အင်္ဂလန်နိုင်ငံတွင် အုန်းစိမ်းရည်ကိုသောက်သုံးမှု လိုအပ်ချက် တစ်ဟုန်ထိုးတိုးတက်လျက်ရှိသည်။ "Vita-Co-Co" တံဆိပ်ဖြင့် အုန်းစိမ်းရည်ရောင်းချမှုမှာ အင်္ဂလန်နိုင်ငံ၌ ရောင်းအားအကောင်းဆုံးဖြစ်ပြီး ရောင်းချရမှုရာခိုင်နှုန်းမှာ ၁,၂၀၀ ထိ နှစ်စဉ်မြင့်တက်လျက်ရှိသည်။

သောက်သုံးသူများက ထိုအုန်းစိမ်းရည်တွင် အဓိကပါဝင်သည့် ကိုယ်တွင်းဆားဓာတ်(သို့မဟုတ်) အဏုဇီဝ အာဟာရဓာတ်များဖြစ်သည့် လျှပ်စစ်ဓာတ် စီးဝင်နိုင်သောအရည် (လျှပ်လိုက်ရည်)များသည် လူ၏ကြွက်သားများ လှုပ်ရှားမှုအတွက် အဓိကကျပြီး ကိုယ်ကာယလေ့ကျင့်ခန်းများပြုလုပ်ပြီးချိန်တွင် ကိုယ်တွင်းရှိ အရည်ဓာတ်ကိုမျှတအောင် ဆောင်ရွက်ပေးသည်။

အဘယ့်ကြောင့်ဆိုသော် အုန်းစိမ်းရည်သည် အားကစားသမားများသောက်သုံးသော အချိုရည်များထက် သကြားပါဝင်မှုနည်းခြင်းက ကယ်လိုရီဓာတ်ကိုပို၍ စုဆောင်းရရှိသည်။ သို့ရာတွင် သင့်အနေဖြင့် လေ့ကျင့်ခန်းများကို ပြင်းထန်စွာ မလုပ်လျှင်မူ ရေသောက်ခြင်းကကောင်းသည်။

ထုတ်လုပ်သူများကပြုလုပ်သည့် ကျန်းမာရေးဆိုင်ရာ ပြောဆိုချက်အပေါ် အသေးစားလေ့လာမှုတစ်ခုအရ အုန်းစိမ်းရည်ကို ပုံမှန်သောက်သုံးခြင်းသည် နှလုံးရောဂါဖြစ်ပွားမှုနှုန်းလျော့ပါးစေရန် အကြောင်းအချက်နှင့် ပတ်သက်ဆက်စပ်မှုရှိနိုင်ကြောင်းတွေ့ရှိခဲ့သည်။ သွေးတိုးရောဂါခံစားနေရသူ ၇၁ ရာခိုင်နှုန်းများကို ထူးထူးခြားခြားလျော့ကျစေသည်ဟုလည်း အချို့ကတွေ့ရှိကြသည်ဟု ဖော်ပြထားပါသည်။

Credit : Lyhealthcare

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top