iMyanmarHouse.com - Best Property Website for Myanmar
×

ဒီပံုျပင္ေလးကိုဖတ္ၿပီးသူငယ္ခ်င္းမိတ္ေဆြေတြၾကားထဲမွာ ေပါင္းသင္းဆက္ဆံေရးေကာင္းၿပီး ေပ်ာ္ရႊင္စရာဘ၀ကိုပိုင္ဆိုင္ႏိုင္ၾကမယ္လို႔ ေမွ်ာ္လင့္ ပါတယ္။ တစ္ခါတုန္းက သူငယ္ခ်င္းႏွစ္ေယာက္ဟာ သဲကႏၲာရတစ္ခုကိုျဖတ္ၿပီးအတူခရီးသြားခဲ့ၾကပါတယ္။ အေတာ္အတန္ ခရီးေပါက္လာတဲ့အခါအခ်င္းခ်င္း စကားမ်ားအျငင္းအခုန္ျဖစ္ၾကသည္။ တစ္ေယာက္ေသာသူငယ္ခ်င္းက အျခားတစ္ေယာက္ရဲ႕မ်က္ႏွာကို လက္နဲ႔႐ုိက္လိုက္ပါတယ္။ အ႐ုိက္ခံလိုက္ရ တဲ့သူဟာအလြန္ကိုနာက်င္သြားခဲ့ေပမယ့္ ဘာတစ္ခြန္းမွ ျပန္မေျပာခဲ့ဘူး။ ဒါေပမယ့္သဲေပၚမွာ စာတစ္ေၾကာင္းေရးလုိက္ပါတယ္။
“ဒီေန႔ ကၽြန္ေတာ့္ရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းက ကၽြန္ေတာ့္မ်က္ႏွာကို ႐ိုက္ႏွက္ခဲ့တယ္”
ဒီလိုနဲ႔ သူတို႔ေတြ ဆက္ေလွ်ာက္လာခဲ့ၾကတာ အိုေအစစ္တစ္ခုကိုေရာက္သြားခဲ့တယ္။ တစ္လမ္းလံုး ေမာပန္းႏြမ္းနယ္လာတာျဖစ္ေလေတာ့ ေရခ်ိဳးၾကဖို႔ ဆံုးျဖတ္လိုက္ၾကတယ္။ မ်က္ႏွာကိုအ႐ုိက္ခံထားရတဲ့သူဟာ ေရကူးေနရင္းနဲ႔ႂကြက္တက္ၿပီး ေရနစ္ပါေတာ့တယ္။ က်န္တဲ့တစ္ေယာက္က သူ႔ကိုအခ်ိန္မီ ကယ္တင္လုိက္ႏုိင္ခဲ့တယ္။ ေရနစ္တဲ့သူဟာေက်ာက္တံုးတစ္ခုေပၚမွာ စာတစ္ေၾကာင္းထြင္းၿပီး ေရးလုိက္ပါတယ္။
“ဒီေန႔ ကၽြန္ေတာ့္ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းက ကၽြန္ေတာ့္အသက္ကို ကယ္တင္ခဲ့တယ္”
မ်က္ႏွာကို လက္နဲ႔႐ုိက္ခဲ့ၿပီးေရနစ္တာကို ကယ္တင္ခဲ့တဲ့ သူငယ္ခ်င္းက နားမလည္ႏုိင္စြာ ေမးျမန္းခဲ့ပါတယ္။”ငါ…မင္းမ်က္ႏွာကို လက္နဲ႔႐ိုက္တုန္းက မင္း…သဲေပၚမွာ စာေရးခဲ့တယ္၊ အခုမင္းေရနစ္ေနတာကို ကယ္တင္ခဲ့ေတာ့ ေက်ာက္တံုးေပၚမွာ စာေရးတယ္၊ဘာျဖစ္လို႔လဲကြ”
အဲဒီအခါ စာေတြေရးခဲ့တဲ့သူငယ္ခ်င္းက ဘာျပန္ေျပာလဲဆိုေတာ့-”ငါတို႔ေတြကို တစ္ေယာက္ေယာက္က ထိခုိက္နာက်င္ေအာင္ လုပ္ခဲ့မယ္ဆိုရင္ ငါတို႔အေနနဲ႔ အဲဒီနာက်င္မႈကို သဲေပၚမွာပဲေရးထိုးမွတ္တမ္းတင္သင့္တယ္၊ ဒါမွလည္း ခြင့္လႊတ္သည္းခံမႈ ေလနဲ႔အတူ အဲဒီနာက်င္မႈေတြ လြင့္စင္၊ ေပ်ာက္ကြယ္သြားမွာျဖစ္တယ္။ ဒါေပမယ့္ တစ္ေယာက္ေယာက္က ငါတို႔အတြက္ေကာင္းတာလုပ္ေပးခဲ့တယ္၊ ေက်းဇူးျပဳခဲ့တယ္ဆိုရင္ေတာ့ အဲဒါကို ေက်ာက္တံုးထက္မွာ ကမၺည္းထိုးၿပီး မွတ္တမ္းတင္သင့္တယ္။ ဒါမွလည္းဘယ္လိုေလမ်ိဳးေၾကာင့္မွ မပ်က္စီး၊ မေပ်ာက္ကြယ္သြားမွာျဖစ္တယ္” တဲ့။
နာက်င္မႈေတြကိုသဲေပၚမွာပဲ မွတ္သားၾကဖို႔နဲ႔ ေက်းဇူးတရားေတြကိုေတာ့ ေက်ာက္ထက္အကၡရာတင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ေတြ ႀကိဳးစားၾကရေအာင္လားဗ်ာ။

Credit : original writer
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီပုံပြင်လေးကိုဖတ်ပြီးသူငယ်ချင်းမိတ်ဆွေတွေကြားထဲမှာ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ပျော်ရွှင်စရာဘဝကိုပိုင်ဆိုင်နိုင်ကြမယ်လို့ မျှော်လင့် ပါတယ်။ တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရတစ်ခုကိုဖြတ်ပြီးအတူခရီးသွားခဲ့ကြပါတယ်။ အတော်အတန် ခရီးပေါက်လာတဲ့အခါအချင်းချင်း စကားများအငြင်းအခုန်ဖြစ်ကြသည်။ တစ်ယောက်သောသူငယ်ချင်းက အခြားတစ်ယောက်ရဲ့မျက်နှာကို လက်နဲ့ရိုက်လိုက်ပါတယ်။ အရိုက်ခံလိုက်ရ တဲ့သူဟာအလွန်ကိုနာကျင်သွားခဲ့ပေမယ့် ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး။ ဒါပေမယ့်သဲပေါ်မှာ စာတစ်ကြောင်းရေးလိုက်ပါတယ်။
“ဒီနေ့ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ကျွန်တော့်မျက်နှာကို ရိုက်နှက်ခဲ့တယ်”
ဒီလိုနဲ့ သူတို့တွေ ဆက်လျှောက်လာခဲ့ကြတာ အိုအေစစ်တစ်ခုကိုရောက်သွားခဲ့တယ်။ တစ်လမ်းလုံး မောပန်းနွမ်းနယ်လာတာဖြစ်လေတော့ ရေချိုးကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မျက်နှာကိုအရိုက်ခံထားရတဲ့သူဟာ ရေကူးနေရင်းနဲ့ကြွက်တက်ပြီး ရေနစ်ပါတော့တယ်။ ကျန်တဲ့တစ်ယောက်က သူ့ကိုအချိန်မီ ကယ်တင်လိုက်နိုင်ခဲ့တယ်။ ရေနစ်တဲ့သူဟာကျောက်တုံးတစ်ခုပေါ်မှာ စာတစ်ကြောင်းထွင်းပြီး ရေးလိုက်ပါတယ်။
“ဒီနေ့ ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းက ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တယ်”
မျက်နှာကို လက်နဲ့ရိုက်ခဲ့ပြီးရေနစ်တာကို ကယ်တင်ခဲ့တဲ့ သူငယ်ချင်းက နားမလည်နိုင်စွာ မေးမြန်းခဲ့ပါတယ်။”ငါ…မင်းမျက်နှာကို လက်နဲ့ရိုက်တုန်းက မင်း…သဲပေါ်မှာ စာရေးခဲ့တယ်၊ အခုမင်းရေနစ်နေတာကို ကယ်တင်ခဲ့တော့ ကျောက်တုံးပေါ်မှာ စာရေးတယ်၊ဘာဖြစ်လို့လဲကွ”
အဲဒီအခါ စာတွေရေးခဲ့တဲ့သူငယ်ချင်းက ဘာပြန်ပြောလဲဆိုတော့-”ငါတို့တွေကို တစ်ယောက်ယောက်က ထိခိုက်နာကျင်အောင် လုပ်ခဲ့မယ်ဆိုရင် ငါတို့အနေနဲ့ အဲဒီနာကျင်မှုကို သဲပေါ်မှာပဲရေးထိုးမှတ်တမ်းတင်သင့်တယ်၊ ဒါမှလည်း ခွင့်လွှတ်သည်းခံမှု လေနဲ့အတူ အဲဒီနာကျင်မှုတွေ လွင့်စင်၊ ပျောက်ကွယ်သွားမှာဖြစ်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ငါတို့အတွက်ကောင်းတာလုပ်ပေးခဲ့တယ်၊ ကျေးဇူးပြုခဲ့တယ်ဆိုရင်တော့ အဲဒါကို ကျောက်တုံးထက်မှာ ကမ္ဗည်းထိုးပြီး မှတ်တမ်းတင်သင့်တယ်။ ဒါမှလည်းဘယ်လိုလေမျိုးကြောင့်မှ မပျက်စီး၊ မပျောက်ကွယ်သွားမှာဖြစ်တယ်” တဲ့။
နာကျင်မှုတွေကိုသဲပေါ်မှာပဲ မှတ်သားကြဖို့နဲ့ ကျေးဇူးတရားတွေကိုတော့ ကျောက်ထက်အက္ခရာတင်ဖို့အတွက် ကျွန်တော်တို့တွေ ကြိုးစားကြရအောင်လားဗျာ။

Credit : original writer

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top