iMyanmarHouse.com - Best Property Website for Myanmar
×








Credit : Myanmarload

အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက် ပွဲဦးထွက်ဇာတ်ကားနဲ့ အကယ်ဒမီကို ဆွတ်ခူးခဲ့သူ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သူမကတော့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး ဖြစ်ပါတယ်။

ဖွေးဖွေးဟာ ဇာတ်ရုပ်မျိုးစုံကို သဏ္ဍာန်လုပ်သရုပ်တူ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ အနုပညာအပေါ်မှာ တန်ဖိုးထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

အောင်မြင်တာနဲ့အမျှ သူမဟာ မကြာခဏဆိုသလိုလည်း ဝေဖန်မှုတွေနဲ့ ကြုံတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ သူမရဲ့ ပွဲတက်ဝတ်စုံကိစ္စနဲ့ လူမှုစာမျက်နှာထက်မှာ အတော်လေးဂယက်ထခဲ့ပြီး သူမရဲ့ ပရိသတ်တွေနဲ့ ဖက်ရှင်ချစ်မြတ်နိုးသူတွေကြာ အထင်လွဲမှားခဲ့ကြခဲ့ပါတယ်။

ဖွေးဖွေးဟာ ပွင့်ပွင့်လင်းလင်းနေတတ်သူတစ်ဦးဖြစ်ပြီး သူမရဲ့ ခံစားချက်တွေကိုလည်း သူမရဲ့ fan page နဲ့ Instagram ပေါ်မှာ ရင်ဖွင့်ရေးသားလေ့ရှိတာကို တွေ့ရပါတယ်။

အခုတစ်ခါမှာလည်း ဖွေးဖွေးက သူမရဲ့ ဓာတ်ပုံအောက်မှာ comment လာပေးထားတဲ့ သူတစ်ဦးကို သူမရဲ့ စိတ်ထဲရှိတဲ့အတိုင်း ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဖွေးဖွေးရဲ့ reply ပြန်ထားပုံကို သဘောကျနေပြီး instagram က post အောက်မှာလည်း မင်းသား အလင်းရောင် ဝင်ရောက် ထောက်ခံရေးသားထားတာကိုလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ ဖွေးဖွေးဟာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပြီး မကြာခင်ရုံတင်တော့မဲ့ “ရွှေကြာ” ဇာတ်ကားကိုတော့ ပရိသတ်တွေက ရင်ခုန်စွာစောင့်မျှော်နေကြပါတယ်။

Credit : Myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top