iMyanmarHouse.com - Best Property Website for Myanmar
×
မိႆရာသီဖြား (မတ္လ ၂၁ရက္မွ – ဧၿပီ ၁၉ ရက္အထိ)
Credit : My Style
မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)
ချိန်းဆိုထားတဲ့ Meeting တွေ၊ တာဝန်ဝတ္တရားတွေရှိပေမယ့်လည်း ဒီနေ့တစ်နေ့လုံး စာအုပ်တွေ၊ တိရစ္ဆာန်တွေ၊ အပင်တွေဝန်းရံပြီးတော့ အိမ်မှာပဲနေချင်စိတ်ဖြစ်နေနိုင်ပါတယ်။ ကိုယ့်ရဲ့တာဝန်သိစိတ်က အထူးပြင်းထန်နေလို့ အလုပ်ကိုနည်းနည်းလေးမျှ ပြီးအောင်လုပ်ပေးပြီးတော့ အနားယူပါ။ ရေပူပူလေးနဲ့ ရေချိုးပြီး သီချင်းလေးနားထောင်ရင်း အပန်းဖြေအနားယူပါ။
ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)
ကိုယ်နဲ့နီးစပ်နေတဲ့ သူတစ်ယောက်ယောက်နဲ့ ယာယီခွဲခွာမှုက အတူကုန်ဆုံးခဲ့တဲ့ အချိန်ကောင်းလေးတွေကို ပြန်လည်တွေးတောသတိရမိနေစေမှာပါ။ ဖုန်းနဲ့ပဲဖြစ်ဖြစ် စကားပြောဖြစ်မှာဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှ လူတွေရဲ့ နွေးထွေးမှု၊ ချစ်ခင်မှုတို့ကို ခံစားမိမှာဖြစ်ပေမယ့်လည်း အဝေးမှာရှိနေတဲ့ လူတွေအကြောင်းကိုတွေးပြီးတော့ အနည်းငယ် ဝမ်းနည်းနေမှာဖြစ်ပါတယ်။
မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)
ရောထွေးရှုပ်ယှက်နေတဲ့ မှာကြားချက်တွေပြည့်နေတဲ့ အိမ်မက်တွေက ညဖက်အချိန် သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တစ်မိနစ်လောက် ပျော်ရွှင်စရာအိမ်မက်လေးဖြစ်နေပေမယ့်လည်း မကြာခင်ပဲ မှောင်မိုက်တဲ့အိမ်မက်အဖြစ်ပြောင်းသွားနိုင်ပါတယ်။ ထိုအိမ်မက်တွေကို မှတ်မိသမျှ ချရေးပါ။ အမှာတွေက ထင်ထားတာထက်တော့ ပိုပြီးအကောင်းဖက်ကဖြစ်နိုင်ပါတယ်။ ဒီနေ့တစ်နေ့လုံးမှာ ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်ပူပင်မှုတွေက ဒုက္ခပေးနိုင်ပေမယ့်လည်း ထင်သလောက်တော့ မဆိုးရွားနိုင်ပါဘူး။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်လောက်တဲ့အထိ ကိုယ့်ကိုယ်ကိုမဖြစ်မိစေအောင် အခြေအနေနဲ့ ပတ်သက်ပြီး သေချာသင်ယူပါ။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)
သင့်ဘဝမှာ အရေးပါတဲ့လူတစ်ယောက်ဟာ အလွန်အကျွံကို အလုပ်လုပ်လို့ သင့်အတွက်ကို စိတ်ရှုပ်ဒေါသထွက်စေနိုင်ပါတယ်။ သူတို့ရဲ့အလုပ်အချိန်ပိုတွေလုပ်ခြင်းက နှစ်ကိုယ်တူတန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးလိုတဲ့ ကိုယ့်ရဲ့စိတ်ကူးဆန္ဒကို အနှောက်အယှက်ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုစိုးရိမ်မှုတွေ စုပုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့အပေါ် သက်ရောက်သွားနိုင်ပါတယ်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)
ဒီနေ့မှာ တီထွင်ဉာဏ်စွမ်းအပြည့်ရှိတဲ့ ပရောဂျက်တစ်ခုမျိုးကို လုပ်ချင်လိုစိတ်၊ ပြီးမြောက်အောင်ဆောင်ရွက်လိုစိတ်တွေဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း စိတ်ကူးနဲ့လက်တွေ့က တစ်ထပ်တည်းမကျနိုင်ပါဘူး။ ဒီလိုမျိုးဖြစ်လို့ လုံးဝလက်မလွှတ်လိုက်ခင် အလုပ်တွေကို ခဏဘေးဖယ်လိုက်ပါ။ ဒါတွေအားလုံးဟာ ယာယီသာဖြစ်လို့ မနက်ဖြန်ရောက်တဲ့အခါ သင့်ရဲ့စိတ်ဟာလည်း နဂိုမူလအတိုင်း ပြန်ဖြစ်သွားမှာပါ။
ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)
ကိုယ့်ဘဝထဲက ထူးခြားအရေးကြီးတဲ့ လူတစ်ဦးဦးနဲ့ပတ်သက်ပြီး အကာကွယ်လွန်နေနိုင်ပါတယ်။ စိတ်ညစ်စရာကောင်းတဲ့ သတင်းတွေကြားပြီးတော့လည်း အနာဂတ်အတွက် စိုးရိမ်ပူပန်နေနိုင်ပေမယ့်လည်း စိတ်မပျက်သွားပါနဲ့။ အားလုံးကအဆင်ပြေသွားမှာဖြစ်လို့ ကိုယ့်ကိုယ့်ကိုအနားပေးပြီး ချစ်ရသူတွေနဲ့ အချိန်လေးတွေ ကုန်ဆုံးလိုက်ပါ။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်သွားကြည့်ခြင်းပဲဖြစ်ဖြစ် ပြုလုပ်ပေးတာက တင်းမာမှုတွေကို ဖြေလျော့ပြီး စိတ်ကိုအနားပေးလိုက်ပါ။
တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)
အတော်အသင့်နာမည်ကျော်ကြားနေတဲ့ မင်းသား၊ တေးဂီတပညာရှင်၊ သို့မဟုတ် အခြားဖျော်ဖြေသူများနဲ့ ရင်းနှီးကျွမ်းဝင်မှုရရှိလာနိုင်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်လို့ သွားလာရမှုတွေက နောင်တစ်ချိန်မှာ ကိုယ့်အတွက်တန်ဖိုးရှိမယ့် အသိမိတ်ဆွေတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုမျိုး လှပတဲ့ လူတွေကြားထဲမှာ အလွန်ပျော်ရွှင်နေရလို့ အိမ်တောင်ပြန်ချင်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မနက်ဖြန်အတွက် အားတင်းထားရအုံးမှာဖြစ်လို့ ညလုံးပေါက်တဲ့အထိတော့ မနေမိပါစေနဲ့။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)
အဝေးကြီးမှာနေနေသူ၊ အချိန်အကြာကြီးသတင်းမကြားရသူတစ်ဦးဦးထံမှ သင့်ထံဒီနေ့ အံ့အားသင့်ဖွယ် ဖုန်းခေါ်ဆိုလာနိုင်ပါတယ်။ ဝမ်းမြောက်ကြည်နူးလွန်းလို့ အချိန်အကြာကြီးတောင် ဖုန်းပြောဖြစ်နိုင်ပါတယ်။ လုပ်ကိုင်စရာ ကိစ္စတွေရှိပေမယ့်လည်း ရာသီဥတုကြောင့် အိမ်တွင်းပဲပုန်းနေရနိုင်ပါတယ်။ ဒါပေမယ့်လည်း စိတ်မပူပါနဲ့။ အခြားကိစ္စတွေဖြေရှင်ဖို့ အချိန်တွေရှိပါသေးတယ်။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)
ငွေကြေးက ဒီနေ့အတွက် စိတ်ပူရမယ့် အရင်းအမြစ်တစ်ခုဖြစ်လာနိုင်ပါတယ်။ အသုံးအဖြုန်းကြီးသွားပြီလို့ တွေးမိတာမျိုးပါ။ ဒီလိုစိတ်ရှုပ်စရာက သင့်ရဲ့တနေ့တာကို ပျက်စီးသွားစေနိုင်လို့ ဒီအခြေအနေကို ဖျောက်ဖျက်လို့ရမယ်ဆိုရင် အတတ်နိုင်ဆုံးကြိုးစားလိုက်ပါ။ ဒါမှမဟုတ်ရင်တော့လည်း တောင့်သာခံနေရမှာဖြစ်ပါတယ်။
မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်နဝါရီ ၁၉ ရက်အထိ)
ပြီးခဲ့တဲ့ရက်တွေက စိတ်ရှုပ်ထွေးမှုတွေ၊ ပြဿနာတွေက သင့်ရဲ့အရေးပါအရာရောက်သူနဲ့ ပဋိပက္ခတွေဖြစ်လာစေနိုင်ပါတယ်။ ပြဿနာတွေဖြစ်လာဖို့ မရည်ရွယ်ပေမယ့်လည်း သင့်ရဲ့တနေ့တာပေါ် စုပြုံကျလာနိုင်လို့ အချိန်အနည်းငယ်လောက်ပေးပြီး ဘယ်သူမှမရှိတဲ့နေရာကိုသွားကာ မကောင်းတဲ့အရှုပ်အထွေးတွေကို ဖြေဖျောက်ပစ်လိုက်ပါ။ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းတွေ၊ ချစ်ရသူနဲ့ နောက်တစ်ကြိမ်တွေ့တဲ့အခါမှာတော့ စိတ်ခံစားရသက်သာသွားမှာပါ။
ကုံရာသီဖွား (ဇန်နဝါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)
ဒီနေ့တစ်နေ့လုံး အိပ်ရာထဲမှာပဲ အချိန်ကုန်ချင်ပေမယ့်လည်း အလုပ်တာဝန်တွေမပြီးသေးလို့ စိတ်မဖြောင့်နိုင်ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာ လိုအပ်နေတာက အနားယူခြင်းဖြစ်လို့ ကိုယ့်ကိုယ်ကို အတင်းအကြပ်မလုပ်ပါနဲ့။ ခေါင်းရှင်းရှင်းနဲ့ ရင်ဆိုင်ဖို့အတွက် ပြန်လည်အားအင်ဖြည့်တင်းဖို့ တယောက်တည်းအချိန်လိုအပ်ပါတယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)
မထင်မှတ်တဲ့ အရေးကြီးကိစ္စတွေကြောင့် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ချိန်းဆိုထားတဲ့အကြံတွေ ဖျက်လိုက်ရနိုင်ပါတယ်။ ဒီလိုဖြစ်လို့ သင့်ကိုစိတ်အနည်းငယ်ညစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း အများကြီးတွေးပြီး မပူပါနဲ့။ နောက်ထပ်တစ်ကြိမ်တွေ့ဆုံဖို့အတွက် ပြန်လည်ချိန်းဆိုနိုင်လို့ တယောက်တည်းအချိန်ပေးပြီး အနားယူလိုက်ပါ။
Credit : My Style
 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top