iMyanmarHouse.com - Best Property Website for Myanmar
×

အ႐ြယ္လည္းရလာၿပီ၊ အလုပ္အကိုင္ေလးလည္း႐ွိ၊ ရုပ္ရည္ေလးကလည္းမဆိုးဘူး။ ခ်စ္သူရည္းစားမ႐ွိဘဲ အထီးက်န္ေဝဒနာကို ခံစားေနရတာေလးပဲဆုိးတာ။ တြဲၾကည့္လုိက္တယ္၊ တကယ္ခ်စ္ဖုိ႔၊ ဘဝလက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္ဖုိ႔က်ေတာ့ ခက္ေနရတဲ့ အေၾကာင္းအရင္းေတြဟာ ဒါေတြပါပဲ။

၁။ ဒဏ္ရာေတြမက်က္ေသးဘူး

အရင္တုန္းက ရခဲ့တဲ့ အခ်စ္ဒဏ္ေတြက ေမ့ေမ့ေပ်ာက္ေပ်ာက္ ရွိေနတာေတာင္ တုိက္ဆုိင္တိုင္း ခံစားေနရတုန္းပဲ။ ေနာက္တစ္ႀကိမ္ထပ္ၿပီး နာက်င္ခံစားရမွာ ေၾကာက္ေနမိတယ္။

၂။ စံႏႈန္းေတြကမ်ားလြန္းတယ္

အရက္မေသာက္ရဘူး၊ ေဆးလိပ္မေသာက္ရဘူး၊ ဘာဘြဲ႕ရမွ၊ ဘယ္လိုမ်ိဳးမွ ဆုိၿပီးေတာ့ စံသတ္မွတ္ေတြက မ်ားလြန္းေနရင္လည္း ခ်စ္သူရဖုိ႔ခက္တယ္။

၃။ ပိုင္႐ွင္႐ွိၿပီးသားကိုမွခ်စ္မိတယ္

ပိုင္႐ွင္ရွိတယ္ဆုိတာက သူ႕မွာ အိမ္ေထာင္ရွိတာလည္းျဖစ္ႏုိင္တယ္၊ ခ်စ္သူရွိတာလည္းျဖစ္ႏိုင္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္ဘက္က ေရွ႕ဆက္တုိးလို႔ မရဘူးေလ။ ေနာက္တစ္မ်ိဳးကေတာ့ ကိုယ္မဟုတ္ဘဲ တျခားလူကိုႏွလံုးသားအပိုင္ေပးထားတဲ့လူမ်ိဳးေပါ့။ သူလည္း single ပဲ။ ဒါေပမဲ့ သူ႔ႏွလံုးသားက သူမ်ားဆီမွာ။

၄။ သံသယမ်ားတဲ့ကိုယ္

ကိုယ့္စိတ္က တစ္ခုခုဆုိ အယံုမလြယ္ဘူး။ သံသယၾကီးတယ္။ အဲ့ဒီေတာ့ လူတစ္ေယာက္ကိုခ်စ္ဖို႔လည္းခက္တယ္ေလ။

၅။ ၿငီးေငြ႕လြယ္သူ

ကိုယ့္ကိုယ္ကိုယ္ အခ်စ္ႀကီးသူဆိုၿပီး မထင္လိုက္နဲ႔ေနာ္။ အခ်စ္ႀကီးေတာ့ လူေတြကို လြယ္လြယ္ခ်စ္၊ လြယ္လြယ္ျဖတ္ေနမိတာ။ ရည္းစားသာ မ်ားသြားတယ္။ တကယ့္လက္တြဲေဖာ္ဆုိတာ ခုထိ ဘာမွန္းမသိေသးတဲ့ အပ်ိဳႀကီးေတြ အမ်ားႀကီးပဲ။

၆။ ေၾကာက္တယ္

အိမ္ေထာင္က်သြားရင္ တာဝန္ဝတၱရားေတြကို ထမ္းေဆာင္ရေတာ့မယ္။ အဲ့တာကို ေတြးေၾကာက္တယ္။ ကိုယ့္ရဲ႕ လြတ္လပ္ခြင့္ ဆံုးရႈံးမွာေရာ၊ မလွေတာ့မွာေရာ ေၾကာက္ေနတာနဲ႔ ခ်စ္ပါတယ္ဆုိတဲ့လူကိုေတာင္ မယူရဲသူေတြအမ်ားႀကီး

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရွယ်လည်းရလာပြီ၊ အလုပ်အကိုင်လေးလည်းရှိ၊ ရုပ်ရည်လေးကလည်းမဆိုးဘူး။ ချစ်သူရည်းစားမရှိဘဲ အထီးကျန်ဝေဒနာကို ခံစားနေရတာလေးပဲဆိုးတာ။ တွဲကြည့်လိုက်တယ်၊ တကယ်ချစ်ဖို့၊ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ကျတော့ ခက်နေရတဲ့ အကြောင်းအရင်းတွေဟာ ဒါတွေပါပဲ။

၁။ ဒဏ်ရာတွေမကျက်သေးဘူး

အရင်တုန်းက ရခဲ့တဲ့ အချစ်ဒဏ်တွေက မေ့မေ့ပျောက်ပျောက် ရှိနေတာတောင် တိုက်ဆိုင်တိုင်း ခံစားနေရတုန်းပဲ။ နောက်တစ်ကြိမ်ထပ်ပြီး နာကျင်ခံစားရမှာ ကြောက်နေမိတယ်။

၂။ စံနှုန်းတွေကများလွန်းတယ်

အရက်မသောက်ရဘူး၊ ဆေးလိပ်မသောက်ရဘူး၊ ဘာဘွဲ့ရမှ၊ ဘယ်လိုမျိုးမှ ဆိုပြီးတော့ စံသတ်မှတ်တွေက များလွန်းနေရင်လည်း ချစ်သူရဖို့ခက်တယ်။

၃။ ပိုင်ရှင်ရှိပြီးသားကိုမှချစ်မိတယ်

ပိုင်ရှင်ရှိတယ်ဆိုတာက သူ့မှာ အိမ်ထောင်ရှိတာလည်းဖြစ်နိုင်တယ်၊ ချစ်သူရှိတာလည်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က ရှေ့ဆက်တိုးလို့ မရဘူးလေ။ နောက်တစ်မျိုးကတော့ ကိုယ်မဟုတ်ဘဲ တခြားလူကိုနှလုံးသားအပိုင်ပေးထားတဲ့လူမျိုးပေါ့။ သူလည်း single ပဲ။ ဒါပေမဲ့ သူ့နှလုံးသားက သူများဆီမှာ။

၄။ သံသယများတဲ့ကိုယ်

ကိုယ့်စိတ်က တစ်ခုခုဆို အယုံမလွယ်ဘူး။ သံသယကြီးတယ်။ အဲ့ဒီတော့ လူတစ်ယောက်ကိုချစ်ဖို့လည်းခက်တယ်လေ။

၅။ ငြီးငွေ့လွယ်သူ

ကိုယ့်ကိုယ်ကိုယ် အချစ်ကြီးသူဆိုပြီး မထင်လိုက်နဲ့နော်။ အချစ်ကြီးတော့ လူတွေကို လွယ်လွယ်ချစ်၊ လွယ်လွယ်ဖြတ်နေမိတာ။ ရည်းစားသာ များသွားတယ်။ တကယ့်လက်တွဲဖော်ဆိုတာ ခုထိ ဘာမှန်းမသိသေးတဲ့ အပျိုကြီးတွေ အများကြီးပဲ။

၆။ ကြောက်တယ်

အိမ်ထောင်ကျသွားရင် တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရတော့မယ်။ အဲ့တာကို တွေးကြောက်တယ်။ ကိုယ့်ရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးမှာရော၊ မလှတော့မှာရော ကြောက်နေတာနဲ့ ချစ်ပါတယ်ဆိုတဲ့လူကိုတောင် မယူရဲသူတွေအများကြီး

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top