iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္သြန္နီကို ဟင္းလ်ာေတြခ်က္တဲ့ အခါ ဟင္းအႏွစ္ရဖို႔အတြက္ အသံုးျပဳၾကပါတယ္။ဒါေပမယ့္ ၾကက္သြန္နီအစိမ္း တစ္ေန႔တစ္လံုး စားျခင္းဟာ က်န္းမာေရးအတြက္အက်ိဳးျပဳတယ္ဆိုတာကိုလည္း သတိျပဳသင့္ပါတယ္။

၁။ပန္းနာရင္ၾကပ္

ၾကက္သြန္နီထဲမွာ ဓာတ္မတည့္ရာမွျဖစ္ေပၚလာတဲ့ ေရာဂါေတြကို ကုသေပးတဲ့ Quercetin ဆိုတဲ့ အာနိသင္ပါဝင္ပါတယ္။ယင္း Quercetin ဟာ ဓာတ္မတည့္မႈေတြ၊ေယာင္ယမ္းမႈေတြကို တားဆီးေပးတဲ့ ပန္းနာရင္ၾကပ္ ကိုလည္း ကုသႏိုင္စြမ္းပါတယ္။ထို႔ျပင္ Quercetin ကအသက္႐ွဴလမ္းေၾကာင္းမွာ႐ွိတဲ့ ေလႁပြန္ေတြကို က်ယ္ေစတယ္လို႔လည္း သိရပါတယ္။

၂။ကင္ဆာ

ၾကက္သြန္နီဟာ နႏြင္းနဲ႔ေရာလိုက္တာနဲ႔ ကင္ဆာေျဖေဆးတစ္ခုျဖစ္သြားပါတယ္။ အူလမ္းေၾကာင္းထဲ႐ွိ ကင္ဆာျဖစ္ေစတဲ့ အရင္းအျမစ္ေတြကို ေလ်ာ့ပါးေသးငယ္ေစတဲ့အတြက္လည္း အူမႀကီးကင္ဆာကို ကာကြယ္ေပးပါတယ္ၾကက္သြန္နီရဲ႕ နံရံမွာ႐ွိေနတဲ့ ေအာ္ဂဲႏို ဆာလဖာ ျဒပ္ေပါင္းေတြဟာ ကင္ဆာဆဲလ္ေတြတိုက္ဖ်က္ေပးလို႔ တစ္ေန႔တစ္လံုးပံုမွန္စားသင့္ပါတယ္။

၃။ဆီးခ်ိဳေရာဂါ

ၾကက္သြန္နီမွာပါဝင္တဲ့ Allyl Propyl Disulphide လို႔ေခၚတဲ့ အဆီဟာ ဆီးခ်ိဳေရာဂါကို ကုသေပးႏိုင္တဲ့ အင္ဆူလင္ (Insulin) ေဟာ္မုန္းဓာတ္ကို ထုတ္လုပ္ေပးပါတယ္။

၄။ ႏွလံုးေရာဂါ

ႏွလံုးက်န္းမာေရးအတြက္ စာသံုးသင့္တဲ့ အစာအာဟာရထဲမွာ ၾကက္သြန္နီကို ထည့္စဥ္းစားမိၾကမွာ မဟုတ္ေပမယ့္ ၾကက္သြန္နီဟာ အမွန္တကယ္ေတာ့ ေဆးဖက္ဝင္ပါတယ္။ၾကက္သြန္နီထဲ႐ွိ quercetin ဓာတ္ဟာ လူႀကီးပိုင္းေသြးတိုးေရာဂါ႐ွိသူေတြအတြက္ ေသြးေပါင္ခ်ိန္ေလ်ာ့နည္းေစရန္ ကူညီေပးပါတယ္။ ဝိုင္နီထဲမွာပါဝင္တဲ့ ႏွလံုးကာကြယ္ေပးတဲ့ ဓာတ္ပစၥည္းထက္ ၾကက္သြန္နီဟာ ပိုၿပီးအာနိသင္စြမ္းအားမ်ားပါတယ္။ႏွလံုးေသြးလႊတ္ေၾကာမာျခင္းကိုကာကြယ္ေပးႏိုင္တယ္လို႔လည္းဆိုပါတယ္။

၅။သြားမ်ား ေဆြးေျမ့ျခင္း

ၾကက္သြန္နီအစိမ္းစားျခင္းဟာ ခံတြင္းကိုနံေစေပမယ့္ တကယ္တမ္းေတာ့ ခံတြင္းက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ပါတယ္။ ၾကက္သြန္နီကို အစိမ္းလိုက္ဝါးစားေပးျခင္းျဖင့္ သြားမ်ားကို ခိုင္မာေစၿပီး သြားေဆြ႔ေျမ့ျခင္းရဲ႕ တရားခံျဖစ္တဲ့ ဘက္တီးရီးယားပိုးမ်ားက ိုတိုက္ဖ်က္ေပးပါတယ္။

လြယ္ကူလွတဲ့ ၾကက္သြန္နီသဘာဝျဖစ္ေဆးကို တစ္ေန႔တစ္လံုး ပံုမွန္စားေပးျခင္းျဖင့္ ေရာဂါဘယမွ ကင္းေဝးၾကပါေစ။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်သွန်နီကို ဟင်းလျာတွေချက်တဲ့ အခါ ဟင်းအနှစ်ရဖို့အတွက် အသုံးပြုကြပါတယ်။ဒါပေမယ့် ကြက်သွန်နီအစိမ်း တစ်နေ့တစ်လုံး စားခြင်းဟာ ကျန်းမာရေးအတွက်အကျိုးပြုတယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။

၁။ပန်းနာရင်ကြပ်

ကြက်သွန်နီထဲမှာ ဓာတ်မတည့်ရာမှဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ကုသပေးတဲ့ Quercetin ဆိုတဲ့ အာနိသင်ပါဝင်ပါတယ်။ယင်း Quercetin ဟာ ဓာတ်မတည့်မှုတွေ၊ယောင်ယမ်းမှုတွေကို တားဆီးပေးတဲ့ ပန်းနာရင်ကြပ် ကိုလည်း ကုသနိုင်စွမ်းပါတယ်။ထို့ပြင် Quercetin ကအသက်ရှူလမ်းကြောင်းမှာရှိတဲ့ လေပြွန်တွေကို ကျယ်စေတယ်လို့လည်း သိရပါတယ်။

၂။ကင်ဆာ

ကြက်သွန်နီဟာ နနွင်းနဲ့ရောလိုက်တာနဲ့ ကင်ဆာဖြေဆေးတစ်ခုဖြစ်သွားပါတယ်။ အူလမ်းကြောင်းထဲရှိ ကင်ဆာဖြစ်စေတဲ့ အရင်းအမြစ်တွေကို လျော့ပါးသေးငယ်စေတဲ့အတွက်လည်း အူမကြီးကင်ဆာကို ကာကွယ်ပေးပါတယ်ကြက်သွန်နီရဲ့ နံရံမှာရှိနေတဲ့ အော်ဂဲနို ဆာလဖာ ဒြပ်ပေါင်းတွေဟာ ကင်ဆာဆဲလ်တွေတိုက်ဖျက်ပေးလို့ တစ်နေ့တစ်လုံးပုံမှန်စားသင့်ပါတယ်။

၃။ဆီးချိုရောဂါ

ကြက်သွန်နီမှာပါဝင်တဲ့ Allyl Propyl Disulphide လို့ခေါ်တဲ့ အဆီဟာ ဆီးချိုရောဂါကို ကုသပေးနိုင်တဲ့ အင်ဆူလင် (Insulin) ဟော်မုန်းဓာတ်ကို ထုတ်လုပ်ပေးပါတယ်။

၄။ နှလုံးရောဂါ

နှလုံးကျန်းမာရေးအတွက် စာသုံးသင့်တဲ့ အစာအာဟာရထဲမှာ ကြက်သွန်နီကို ထည့်စဉ်းစားမိကြမှာ မဟုတ်ပေမယ့် ကြက်သွန်နီဟာ အမှန်တကယ်တော့ ဆေးဖက်ဝင်ပါတယ်။ကြက်သွန်နီထဲရှိ quercetin ဓာတ်ဟာ လူကြီးပိုင်းသွေးတိုးရောဂါရှိသူတွေအတွက် သွေးပေါင်ချိန်လျော့နည်းစေရန် ကူညီပေးပါတယ်။ ဝိုင်နီထဲမှာပါဝင်တဲ့ နှလုံးကာကွယ်ပေးတဲ့ ဓာတ်ပစ္စည်းထက် ကြက်သွန်နီဟာ ပိုပြီးအာနိသင်စွမ်းအားများပါတယ်။နှလုံးသွေးလွှတ်ကြောမာခြင်းကိုကာကွယ်ပေးနိုင်တယ်လို့လည်းဆိုပါတယ်။

၅။သွားများ ဆွေးမြေ့ခြင်း

ကြက်သွန်နီအစိမ်းစားခြင်းဟာ ခံတွင်းကိုနံစေပေမယ့် တကယ်တမ်းတော့ ခံတွင်းကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။ ကြက်သွန်နီကို အစိမ်းလိုက်ဝါးစားပေးခြင်းဖြင့် သွားများကို ခိုင်မာစေပြီး သွားဆွေ့မြေ့ခြင်းရဲ့ တရားခံဖြစ်တဲ့ ဘက်တီးရီးယားပိုးများက ိုတိုက်ဖျက်ပေးပါတယ်။

လွယ်ကူလှတဲ့ ကြက်သွန်နီသဘာဝဖြစ်ဆေးကို တစ်နေ့တစ်လုံး ပုံမှန်စားပေးခြင်းဖြင့် ရောဂါဘယမှ ကင်းဝေးကြပါစေ။

Credit : My Style

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top