iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္ ၾကည့္ေကာင္းတယ္လို့ သတ္မွတ္ခံရတဲ့အခါမွာလည္း ရင္သားအလွဟာ ပါဝင္ပတ္သက္ေနပါတယ္။ ရင္သားလွတဲ့ မိန္းကေလးေတြဟာလည္း ကိုယ့္ကိုကိုယ္ယံုၾကည္မႈ ရွိေနတတ္ၾကပါတယ္။ ဒါေၾကာင့္မိန္းကေလးတစ္ေယာက္အတြက္ ရင္သားအလွမထိခိုက္ေစဖို႔နဲ႔ က်န္းမာေရးေကာင္းမြန္ေနေစဖို႔အတြက္ သိထားသင့္တဲ့ လမ္းညႊန္ခ်က္ေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

၁။ ျဖည့္စြက္ေဆးေသာက္ပါ

ရင္သားက်န္းမာေရးအတြက္လိုအပ္တဲ့ အစားအေသာက္ေတြကို ျပည့္ဝေအာင္စားေပးပါ။ တကယ္လုိ့ မစားျဖစ္ရင္ျဖည့္စြက္ေဆးကို မွီဝဲသင့္ပါတယ္။ မွီဝဲသင့္တဲ့အစားအေသာက္ေတြကေတာ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေပါၾကြယ္ဝတဲ့ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြ၊ အဆီနည္းအသား၊ ငါး၊ ပဲအမ်ိဳးမ်ိဳးနဲ႔ အခြံခ်ြတ္မထားတဲ့ ဆန္လံုးညိဳလိုေကာက္ႏွံစာေတြပဲျဖစ္ၾကပါတယ္။ တကယ္လို႔ ဒီအာဟာရေတြကို အလံုအေလာက္မစားျဖစ္ရင္ေတာ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ပါတဲ့ ျဖည့္စြက္ေဆးကို မွီဝဲသင့္ပါတယ္။

၂။  က်န္းမာေရးႏွင့္ ညီညြတ္ေသာအဆီကိုစားပါ

အဆီေတြဟာ ေဟာ္မုန္းထုတ္လုပ္ဖို႔အတြက္လုိအပ္ပါတယ္။ အဆီေတြဟာ ခႏၶာကိုယ္ရဲ႔ အေရးၾကီးလုပ္ငန္းေဆာင္တာမ်ားစြာကို ေကာင္းမြန္ေစပါတယ္။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့အဆီကို စားေပးတဲ့အခါ သင့္ခႏၶာကိုယ္ကပိုၾကည့္ေကာင္းလာျပီး စိတ္ခံစားမႈလည္း ပိုေကာင္းလာတာကိုေတြ႔႔ရမွာပါ။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အဆီေတြကေတာ့ ငါးအဆီ၊ အခြံမာသီး၊ အေစ့အဆန္၊ သံလြင္ဆီစတာေတြ ျဖစ္ၾကပါတယ္။ တကယ္လို႔ မစားျဖစ္ရင္ အိုမီဂါသရီၚ ဖက္တီးအက္စစ္ အားျဖည့္ေဆးကို မွီဝဲေပးပါ။

၃။ အပင္ထြက္ေဟာ္မုန္းကို မွီဝဲပါ

ဖုိင္တိုေဟာ္မုန္းေတြဟာ အပင္ကေနရတဲ့ ေဟာ္မုန္းေတြျဖစ္ျပီး ခႏၶာကိုယ္က်န္းမာေရးအတြက္ မရွိမျဖစ္အေရးပါတဲ့ ေဟာ္မုန္းအမ်ိဳးအစားအားလံုးကို ဖန္တီးထုတ္လုပ္ရာမွာ ကူညီပါတယ္။ ေဟာ္မုန္းစနစ္ ဟန္ခ်က္ညီတာဟာ ရင္သားေတြကို က်န္းမာေစပါတယ္။ ဒါေၾကာင့္ ဖိုင္တိုေဟာမုန္းရေအာင္ အပင္ထြက္ အစားအစာေတြကို စားသံုးေပးသင့္ပါတယ္။

၄။ အသည္းကို က်န္းမာေအာင္ ဂရုစိုက္ပါ

အသည္းရဲ႔ လုပ္ငန္းေဆာင္တာဟာ ေဟာ္မုန္းေတြနဲ႔ တျခားဓာတုပစၥည္းေတြကို တည္ေဆာက္ျဖိဳခြဲတာျဖစ္ပါတယ္။ အသည္းက်န္းမာေစဖို႔အတြက္ အရက္အလြန္အမင္း မေသာက္ပါနဲ႔။ မေကာင္းတဲ့ ထပ္ျပန္ေၾကာ္ဆီ၊ တိရစၦာန္ထြက္အဆီ စတာေတြကိုေရွာင္ပါ။ မိႈတက္ေနတဲ့ အစားအစာေတြကို လံုးဝမစားပါနဲ႔။ အသည္းေကာင္းေနမွ ေဟာ္မုန္းေတြဟန္ခ်က္ညီကာ ရင္သားက်န္းမာေနမွာျဖစ္ပါတယ္။

၅။ စိတ္ဖိစီးမႈကို ေျဖေဖ်ာက္ပါ

စိတ္ဖိစီးမႈကို ေလ်ာ့ခ်ႏိုင္ဖို႔က အေျပာလြယ္သေလာက္ လုပ္ရတာခက္ခဲပါတယ္။ စိတ္ဖိစီးမႈဟာ ခႏၶာကိုယ္က်န္းမာေရးအေပၚ အၾကီးအက်ယ္သက္ေရာက္မႈရွိေနတာေၾကာင့္ အာဟာရျပည့္ဝေအာင္စားတာ၊ တရားထိုင္တာ၊ ေယာဂက်င့္တာ၊ ေလ့က်င့္ခန္းလုပ္တာ စတဲ့နည္းလမ္းေတြနဲ႔ ေလ်ာ့ခ်ၾကည့္သင့္ပါတယ္။

၆။ အပို ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ပါ

ကိုယ္အေလးခ်ိန္ပိုေနရင္ ခႏၶာကိုယ္တစ္ခုလံုးရဲ႔ က်န္းမာေရးကိုထိခိုက္ေစသလိုပဲ ရင္သားကိုပါထိခိုက္ေစႏိုင္ပါတယ္။ ပံုမွန္ထက္ ကိုယ္အေလးခ်ိန္ပိုမ်ားတာနဲ႔ က်န္းမာေရးျပႆနာအၾကာား ဆက္စပ္မႈရွိေနတာေၾကာင့္ ကိုယ္အေလးခ်ိန္ကို ပံုမွန္ရွိေအာင္ ထိန္းသင့္ပါတယ္။

၇။ အမွ်င္ဓာတ္မ်ားေသာ အစားအစာ စားပါ

အမွ်င္ဓာတ္မ်ားတဲ့ အစားအစာေတြကို စားတာက အူလႈပ္ရွားမႈကို ေကာင္းမြန္ေစပါတယ္။ ခႏၶာကိုယ္က မလုိအပ္တဲ့အဆိပ္အေတာက္ေတြနဲ႔အပို အီစထရိုဂ်င္ေတြကို ဖယ္ရွားေပးႏိုင္ရင္ ရင္သားကိုက်န္းမာေစတာေၾကာင့္ အမွ်င္ဓာတ္မ်ားတဲ့ သစ္သီး၊ ဟင္းသီးဟင္းရြက္၊ အခြံခ်ြတ္မထားတဲ့ ေကာက္ႏွံစာစတာေတြကို စားေပးသင့္ပါတယ္။ အသားကို ေလ်ာ့စားသင့္ပါတယ္။

၈။ က်န္းမာေရးႏွင့္ မညီညြတ္ေသာ အရာမ်ားႏွင့္ ထိိေတြ႔မႈမရွိပါေစႏွင့္

ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး၊ ကင္ဆာျဖစ္ေစတဲ့ အရာေတြနဲ႔ ညစ္ညမ္းတဲ့ အခိုးအေငြ႔စတာေတြနဲ႔ မထိေတြ႔မိေအာင္၊ မရႈရိႈက္မိေအာင္ တတ္ႏိုင္သမွ်ေရွာင္ပါ။ ဒီအရာေတြဟာ ခႏၶာကိုယ္တြင္းေဟာ္မုန္းစနစ္ကိုသာမက ရင္သားက်န္းမာေရးကိုပါ ထိခိုက္ေစႏိုင္ပါတယ္။

Credit : Lyhealthcare
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးတစ်ယောက် ကြည့်ကောင်းတယ်လို့ သတ်မှတ်ခံရတဲ့အခါမှာလည်း ရင်သားအလှဟာ ပါဝင်ပတ်သက်နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေးတွေဟာလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိနေတတ်ကြပါတယ်။ ဒါကြောင့်မိန်းကလေးတစ်ယောက်အတွက် ရင်သားအလှမထိခိုက်စေဖို့နဲ့ ကျန်းမာရေးကောင်းမွန်နေစေဖို့အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ဖြည့်စွက်ဆေးသောက်ပါ

ရင်သားကျန်းမာရေးအတွက်လိုအပ်တဲ့ အစားအသောက်တွေကို ပြည့်ဝအောင်စားပေးပါ။ တကယ်လို့ မစားဖြစ်ရင်ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ မှီဝဲသင့်တဲ့အစားအသောက်တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်းအသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ်မထားတဲ့ ဆန်လုံးညိုလိုကောက်နှံစာတွေပဲဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရတွေကို အလုံအလောက်မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။

၂။  ကျန်းမာရေးနှင့် ညီညွတ်သောအဆီကိုစားပါ

အဆီတွေဟာ ဟော်မုန်းထုတ်လုပ်ဖို့အတွက်လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးလုပ်ငန်းဆောင်တာများစွာကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်ကပိုကြည့်ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်းလာတာကိုတွေ့ရမှာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကတော့ ငါးအဆီ၊ အခွံမာသီး၊ အစေ့အဆန်၊ သံလွင်ဆီစတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီါ် ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

၃။ အပင်ထွက်ဟော်မုန်းကို မှီဝဲပါ

ဖိုင်တိုဟော်မုန်းတွေဟာ အပင်ကနေရတဲ့ ဟော်မုန်းတွေဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါတဲ့ ဟော်မုန်းအမျိုးအစားအားလုံးကို ဖန်တီးထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်းစနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာစေပါတယ်။ ဒါကြောင့် ဖိုင်တိုဟောမုန်းရအောင် အပင်ထွက် အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

၄။ အသည်းကို ကျန်းမာအောင် ဂရုစိုက်ပါ

အသည်းရဲ့ လုပ်ငန်းဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြားဓာတုပစ္စည်းတွေကို တည်ဆောက်ဖြိုခွဲတာဖြစ်ပါတယ်။ အသည်းကျန်းမာစေဖို့အတွက် အရက်အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန်ကြော်ဆီ၊ တိရစ္ဆာန်ထွက်အဆီ စတာတွေကိုရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝမစားပါနဲ့။ အသည်းကောင်းနေမှ ဟော်မုန်းတွေဟန်ချက်ညီကာ ရင်သားကျန်းမာနေမှာဖြစ်ပါတယ်။

၅။ စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ

စိတ်ဖိစီးမှုကို လျော့ချနိုင်ဖို့က အပြောလွယ်သလောက် လုပ်ရတာခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ကျန်းမာရေးအပေါ် အကြီးအကျယ်သက်ရောက်မှုရှိနေတာကြောင့် အာဟာရပြည့်ဝအောင်စားတာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းတွေနဲ့ လျော့ချကြည့်သင့်ပါတယ်။

၆။ အပို ကိုယ်အလေးချိန်ကို လျော့ချပါ

ကိုယ်အလေးချိန်ပိုနေရင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုထိခိုက်စေသလိုပဲ ရင်သားကိုပါထိခိုက်စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန်ပိုများတာနဲ့ ကျန်းမာရေးပြဿနာအကြာား ဆက်စပ်မှုရှိနေတာကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ရှိအောင် ထိန်းသင့်ပါတယ်။

၇။ အမျှင်ဓာတ်များသော အစားအစာ စားပါ

အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့အဆိပ်အတောက်တွေနဲ့အပို အီစထရိုဂျင်တွေကို ဖယ်ရှားပေးနိုင်ရင် ရင်သားကိုကျန်းမာစေတာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာစတာတွေကို စားပေးသင့်ပါတယ်။ အသားကို လျော့စားသင့်ပါတယ်။

၈။ ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှုမရှိပါစေနှင့်

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ်တွင်းဟော်မုန်းစနစ်ကိုသာမက ရင်သားကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

Credit : Lyhealthcare

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top