iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Marry
ပို့သပေးပါတယ်။
အမျိုးသမီးတွေရဲ့ ကမ္ဘာတည်သရွေ့ရှိနေမယ့် ဗီဇဟာ ရစ်တာ ကောက်တာနဲ့ ချွဲတာပါပဲ
တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေဖြစ်ပြီဆိုရင် အချစ်အပြင် နားလည်မှု ဂရုစိုက်မှုတွေလည်း လိုအပ်ပါတယ်။ တစ်ယောက် အပေါ်တစ်ယောက် နားလည်ပေးမယ်ဆိုရင် အချစ်တွေက ပိုပြီး ခိုင်မာနိုင်မှာပါ။ မိန်းကလေးတွေရဲ့ ဖျောက်လို့မရတဲ့ မွေးရာပါလို ဖြစ်နေတဲ့ စရိုက်နဲ့အကျင့်လေးတွေကို ကိုကိုတွေအနေနဲ့ နားလည်ပေးမယ်ဆိုရင် အဆင်ပြေတဲ့ Relationship လေးတစ်ခု ကို ပိုင်ဆိုင်နိုင်မှာပါ။ ချစ်သူအပေါ်နွဲ့ဆိုးဆိုးတတ်တဲ့ မိန်းကလေး တွေရဲ့အမူအကျင့်ကတော့ ရစ်တာ၊ စိတ်ကောက်တာ၊ ချွဲတာပါပဲ။
တစ်ချို့အမျိုးသားတွေဟာ ကိုယ့်ချစ်သူရဲ့ဒီလိုအပြုအမူလေး တွေကို အသည်းယားပြီးအချစ်ပိုပေမယ့် တစ်ချို့တွေကတော့ စိတ်ကုန်စိတ်ပျက်သွားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ အမျျိုးသမီးတွေရဲ့ သမိုင်းပေးတာဝန်တစ်ခုလိုကိုဖြစ်နေတာပါ။ မရစ်တဲ့အမျိုးသမီးဆိုတာ ကမ္ဘာပေါ်မှာရှိကိုမရှိပါဘူး။ ယောကျာ်း လေးအများစု အရက်သောက်ပြီးမှ လုပ်တဲ့ကိစ္စတွေကို အမျိုးသမီးတွေဟာ မမူးပဲ လုပ်နိုင်စွမ်းရှိကြပါတယ်။ ဒါကတေ့ာ ရစ်တာပါပဲ။ တကယ်တော့ရစ်တယ်ဆိုတာလည်း သင့်ကို ချစ်လို့ပါ။ သူနဲ့အတူမရှိတဲ့အချိန်မှာ သင့်ရဲ့နေထိုင်ပြုမူသွားလာ လှုပ်ရှားမှုတွေကို သူမကသိချင်တာပါ။ ဒါဟာ သင့်ရဲ့အသေးစိတ် ကစလို့ အစစအရာရာကို သူမကတန်ဖိုးထားချစ်မြတ်နိုးလို့ပါ။
တကယ်တေ့ာရစ်တာမဟုတ်ပါဘူး ချစ်တာပါ။ လူတစ်ယောက် ဟာ တခြားလူတစ်ယောက် ဘာလုပ်တယ်ဆိုတာကို အသေး စိတ်သိချင်တယ်ဆိုတာ တော်ရုံချစ်တဲ့စိတ်နဲ့မရပါဘူး။ မိန်းမ တွေဟာ သူမတို့စိတ်မဝင်စားတဲ့သူကို ရစ်ဖို့မပြောနဲ့ မျက်လုံး တောင်စွေမကြည့်တတ်ပါဘူး။ အမျိုးသမီးတွေဟာ အချစ်နဲ့ ပက်သက်လာရင် Serious ဖြစ်တတ်ကြပါတယ်။ တကယ်ချစ်မိ သွားတဲ့အခါတွေမှာဆိုရင် ရစ်တာ စိတ်ကောက်တာ ချွဲတာ စတဲ့ ဗီဇလေးတွေကပေါ်လာတတ်ပါတယ်။ သင့်ချစ်သူလေးက သင့်ကိုရစ်နေပြီလား ကောက်နေပြီလား ချွဲနေပြီလား ဒါဆိုသင် ဂုဏ်ယူလိုက်ပါတော့ သူမရဲ့အချစ်ကို သင်တကယ်ပိုင်ဆိုင်နေ ပါပြီ။
Credit : Marry
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top