iMyanmarHouse.com - Best Property Website for Myanmar
×

သခြားသီးက ေပးစြမ္းႏိုင္တဲ့ အလွအပ

ပ်ိဳပ်ိဳေမတို႔ သခြားသီးေလး ရွိရံုနဲ႔ လွပႏိုင္ၿပီဆိုရင္ အံ့ၾသသြားေလာက္ပါတယ္။ သခြားသီးမွာ အလွအပအတြက္ အံ့ၾသစရာေကာင္းေလာက္တဲ့ အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ပါဝင္ပါတယ္။ ပ်ိဳပ်ိဳေမတို႔ သံုးတဲ့ တခ်ိဳ႕ အလွကုန္ပစၥည္းေတြမွာလည္း သခြားသီးကို အေျခခံၿပီး ထုတ္လုပ္ထားတာေတြ ရွိတယ္ေနာ္။ သခြားသီးက အလွအပအတြက္ ဘယ္လိုအက်ိဳးျပဳတာလဲ၊ သခြားသီးကို အလွအပအတြက္ ဘယ္လို အသံုးျပဳလိုိ႔ ရမလဲဆိုတာ ဖတ္ၾကည့္ဦးေနာ္။

သခြားသီးဟာ ေရဓါတ္အမ်ားဆံုး ပါဝင္တဲ့ အသီးတစ္မ်ိဳး ျဖစ္ၿပီး ဗီတာမင္စီလည္း ပါဝင္တာမိို႔ အေရျပား က်ိန္းစပ္ျခင္း၊ အသားမွာ နီစပ္စပ္ျဖစ္တာေတြကို သက္သာေစပါတယ္။ သခြားသီးမွာ မ်က္လံုးေဖာင္းအစ္ျခင္းေတြကို တားဆီးေပးႏိုင္တဲ့ Caffeic အက္ဆစ္လည္း ပါဝင္ပါေသးတယ္။ ဒါ့အျပင္ သခြားသီးမွာ PH ပမာဏကို ထိန္းညွိၿပီးသား ျဖစ္တာမို႔ အသားအေရေျခာက္ျခင္းကိုလည္း မျဖစ္ေစႏိုင္ပါဘူး။

သခြားသီးမွာ အမွ်င္ဓါတ္ေတြလည္း ပါဝင္သလို ပိုတက္စီယမ္နဲ႔ မဂၢနီဆီယမ္ေတြလည္း ပါဝင္ပါေသးတယ္။ ဒီဓါတ္ေတြဟာ ခႏၶာကိုယ္ကို မ်ားစြာ အက်ိဳးျပဳပါတယ္။ အရိုး၊ ၾကြက္သားေတြကို ေကာင္းမြန္ေစပါတယ္။ သခြားသီးမွာ Silica လည္း ပါဝင္တာမို႔ အသားအေရ ၾကည္လင္ေတာက္ပေစၿပီး ေရဓါတ္မ်ားမ်ား ရလို႔ က်န္းမာေရးလည္း ေကာင္းေစပါတယ္။

မ်က္လံုးအစ္ျခင္း

မ်က္လံုးအစ္ေဖာင္းတာေတြအတြက္ သခြားသီးကို အသံုးျပဳလို႔ ရတယ္ေနာ္။ သခြားသီးမွာ ေရဓါတ္မ်ားမ်ား ပါဝင္တာက မ်က္လံုးေျပေလ်ာ့ဖို႔ ကူညီပါတယ္။ အသံုးျပဳနည္းကေတာ့ သခြားသီးေလးေတြကို အခ်ပ္အျပားေလးေတြ လွီးၿပီး ေရခဲေသတၱာထဲ ခဏေလာက္ ထည့္ထားပါ။ ေအးတယ္ဆိုရင္ ရပါၿပီ။ ၿပီးရင္ေတာ့ မ်က္စိမွတ္ထားၿပီး မ်က္လံုးေပၚမွာ သခြားသီးေလး ကပ္ေပးလိုက္ပါ။ (၁၅) မိနစ္ေလာက္ေနမွ ဖယ္လိုက္ပါ။ သက္သာသြားပါလိမ့္မယ္။

ဝက္ျခံအတြက္ Mask

ဝက္ျခံရွိတဲ့ မိန္းကေလးေတြအေနနဲ႔ သခြားသီး အသံုးျပဳၿပီးေတာ့ Mask ျပဳလုပ္လို႔ ရတယ္ေနာ္။ ဝက္ျခံေတြက ေရာင္ရမ္းနီရဲၿပီး နာက်င္ရတယ္ဆိုရင္ေတာ့ သခြားသီးကိုသာ သတိရလိုက္ပါ။ သခြားသီးကို အခြံႏႊာၿပီး ၾကိတ္စက္နဲ႔ ေက်ေအာင္ ႀကိတ္ပါ။ ၿပီးရင္ေတာ့ ပန္းကန္ေလး တစ္လံုးထဲမွာ ရွားေစာင္းလက္ပပ္ ဂ်ယ္လ္၊ ႀကိတ္ထားတဲ့သခြားသီးနဲ႔ Milk powder ေလး နည္းနည္းကို ေရာလိုက္ပါ။ ၿပီးရင္ေတာ့ ဝက္ျခံရွိတဲ့ ေနရာေလးေတြမွာ ကပ္ထားလိုက္ပါ။ (၁၅) မိနစ္ေလာက္ထားရင္ေတာ့ ေျခာက္သြားပါလိမ့္မယ္။ ၿပီးမွ မ်က္ႏွာသစ္လိုက္ပါ။ ဝက္ျခံေရာင္ရမ္းတာေတြ ေလ်ာ့သြားၿပီး အဖုေတြ ခ်ပ္သြားပါလိမ့္မယ္။

Scrub

Scrubလုပ္နည္းေတြကေတာ့ အမ်ားႀကီး ရွိပါတယ္ေနာ္။ ဒီထဲကမွ ခႏၶာကုိယ္ကို ေရဓါတ္ျဖည့္ေပးၿပီး ယားယံျခင္းေတြ မျဖစ္ေစတဲ့ သခြားသီးေလးနဲ႔ Scrub လုပ္ၾကည့္ၾကမယ္ေနာ္။ နည္းလမ္းကေတာ့ သခြားသီးကို အခြံေလးႏႊာၿပီး ပါးပါးေလး လွီးပါ။ အေနေတာ္အရြယ္ တစ္လံုးေလာက္ဆိုရင္ ရပါတယ္။ ပုလင္း ဒါမွမဟုတ္ ခြက္တစ္လံုးထဲမွာ လွီးထားတဲ့ သခြားသီးေလးကို ညက္ေနေအာင္ ႀကိတ္ေခ်လိုက္ပါ။ အရည္ထြက္တဲ့အထိေပါ့။ ၿပီးရင္ေတာ့ သံလြင္ဆီ လက္ဖက္စားဇြန္းေလး တဝက္နဲ႔၊ သၾကားေလး နည္းနည္းေလာက္ ထပ္ေရာလိုက္ပါ။ သမေအာင္ ေမႊလိုက္ၿပီးၿပီ ဆိုရင္ေတာ့ Scrub ေလး ရပါၿပီ။ ပ်ိဳပ်ိဳေမတို႔ မ်က္ႏွာနဲ႔ ခႏၶာကိုယ္ကို Scrub လုပ္လို႔ ရၿပီေနာ္။ အညစ္အေၾကးေတြ ကင္းစင္ၿပီး ေရဓါတ္ျပည့္ဝေနမွာမို႔ ၾကည္ၾကည္လင္လင္ေလး ျဖစ္ေနေတာ့မွာပါေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ

ပျိုပျိုမေတို့ သခွားသီးလေး ရှိရုံနဲ့ လှပနိုင်ပြီဆိုရင် အံ့သြသွားလောက်ပါတယ်။ သခွားသီးမှာ အလှအပအတွက် အံ့သြစရာကောင်းလောက်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ပါဝင်ပါတယ်။ ပျိုပျိုမေတို့ သုံးတဲ့ တချို့ အလှကုန်ပစ္စည်းတွေမှာလည်း သခွားသီးကို အခြေခံပြီး ထုတ်လုပ်ထားတာတွေ ရှိတယ်နော်။ သခွားသီးက အလှအပအတွက် ဘယ်လိုအကျိုးပြုတာလဲ၊ သခွားသီးကို အလှအပအတွက် ဘယ်လို အသုံးပြုလို့ ရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။

သခွားသီးဟာ ရေဓါတ်အများဆုံး ပါဝင်တဲ့ အသီးတစ်မျိုး ဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်တာမို့ အရေပြား ကျိန်းစပ်ခြင်း၊ အသားမှာ နီစပ်စပ်ဖြစ်တာတွေကို သက်သာစေပါတယ်။ သခွားသီးမှာ မျက်လုံးဖောင်းအစ်ခြင်းတွေကို တားဆီးပေးနိုင်တဲ့ Caffeic အက်ဆစ်လည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် သခွားသီးမှာ PH ပမာဏကို ထိန်းညှိပြီးသား ဖြစ်တာမို့ အသားအရေခြောက်ခြင်းကိုလည်း မဖြစ်စေနိုင်ပါဘူး။

သခွားသီးမှာ အမျှင်ဓါတ်တွေလည်း ပါဝင်သလို ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တွေလည်း ပါဝင်ပါသေးတယ်။ ဒီဓါတ်တွေဟာ ခန္ဓာကိုယ်ကို များစွာ အကျိုးပြုပါတယ်။ အရိုး၊ ကြွက်သားတွေကို ကောင်းမွန်စေပါတယ်။ သခွားသီးမှာ Silica လည်း ပါဝင်တာမို့ အသားအရေ ကြည်လင်တောက်ပစေပြီး ရေဓါတ်များများ ရလို့ ကျန်းမာရေးလည်း ကောင်းစေပါတယ်။

မျက်လုံးအစ်ခြင်း

မျက်လုံးအစ်ဖောင်းတာတွေအတွက် သခွားသီးကို အသုံးပြုလို့ ရတယ်နော်။ သခွားသီးမှာ ရေဓါတ်များများ ပါဝင်တာက မျက်လုံးပြေလျော့ဖို့ ကူညီပါတယ်။ အသုံးပြုနည်းကတော့ သခွားသီးလေးတွေကို အချပ်အပြားလေးတွေ လှီးပြီး ရေခဲသေတ္တာထဲ ခဏလောက် ထည့်ထားပါ။ အေးတယ်ဆိုရင် ရပါပြီ။ ပြီးရင်တော့ မျက်စိမှတ်ထားပြီး မျက်လုံးပေါ်မှာ သခွားသီးလေး ကပ်ပေးလိုက်ပါ။ (၁၅) မိနစ်လောက်နေမှ ဖယ်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ဝက်ခြံအတွက် Mask

ဝက်ခြံရှိတဲ့ မိန်းကလေးတွေအနေနဲ့ သခွားသီး အသုံးပြုပြီးတော့ Mask ပြုလုပ်လို့ ရတယ်နော်။ ဝက်ခြံတွေက ရောင်ရမ်းနီရဲပြီး နာကျင်ရတယ်ဆိုရင်တော့ သခွားသီးကိုသာ သတိရလိုက်ပါ။ သခွားသီးကို အခွံနွှာပြီး ကြိတ်စက်နဲ့ ကျေအောင် ကြိတ်ပါ။ ပြီးရင်တော့ ပန်းကန်လေး တစ်လုံးထဲမှာ ရှားစောင်းလက်ပပ် ဂျယ်လ်၊ ကြိတ်ထားတဲ့သခွားသီးနဲ့ Milk powder လေး နည်းနည်းကို ရောလိုက်ပါ။ ပြီးရင်တော့ ဝက်ခြံရှိတဲ့ နေရာလေးတွေမှာ ကပ်ထားလိုက်ပါ။ (၁၅) မိနစ်လောက်ထားရင်တော့ ခြောက်သွားပါလိမ့်မယ်။ ပြီးမှ မျက်နှာသစ်လိုက်ပါ။ ဝက်ခြံရောင်ရမ်းတာတွေ လျော့သွားပြီး အဖုတွေ ချပ်သွားပါလိမ့်မယ်။

Scrub

Scrubလုပ်နည်းတွေကတော့ အများကြီး ရှိပါတယ်နော်။ ဒီထဲကမှ ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်ပေးပြီး ယားယံခြင်းတွေ မဖြစ်စေတဲ့ သခွားသီးလေးနဲ့ Scrub လုပ်ကြည့်ကြမယ်နော်။ နည်းလမ်းကတော့ သခွားသီးကို အခွံလေးနွှာပြီး ပါးပါးလေး လှီးပါ။ အနေတော်အရွယ် တစ်လုံးလောက်ဆိုရင် ရပါတယ်။ ပုလင်း ဒါမှမဟုတ် ခွက်တစ်လုံးထဲမှာ လှီးထားတဲ့ သခွားသီးလေးကို ညက်နေအောင် ကြိတ်ချေလိုက်ပါ။ အရည်ထွက်တဲ့အထိပေါ့။ ပြီးရင်တော့ သံလွင်ဆီ လက်ဖက်စားဇွန်းလေး တဝက်နဲ့၊ သကြားလေး နည်းနည်းလောက် ထပ်ရောလိုက်ပါ။ သမအောင် မွှေလိုက်ပြီးပြီ ဆိုရင်တော့ Scrub လေး ရပါပြီ။ ပျိုပျိုမေတို့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို Scrub လုပ်လို့ ရပြီနော်။ အညစ်အကြေးတွေ ကင်းစင်ပြီး ရေဓါတ်ပြည့်ဝနေမှာမို့ ကြည်ကြည်လင်လင်လေး ဖြစ်နေတော့မှာပါနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top