iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေယာက္တည္းကိုခ်စ္ၿပီး ေသတဲ့အထိ အတူတူရွိသြားရတယ္ ဆုိတာမ်ိဳးက ရွိေတာ့ရွိတယ္။ ရွားတယ္ေနာ္။ မ်ားေသာအားျဖင့္ေတာ့ လူတုိင္းရဲ႕ဘဝမွာ အခ်စ္ကို သံုးႀကိမ္ေလာက္ ထိေတြ႔ဖူးၾကပါလိမ့္မယ္။

၁။ ငယ္ရြယ္စဥ္အခ်စ္

အခ်စ္ဆုိတာ ဘာမွန္းေတာင္ ေသခ်ာမသိေသးခင္မွာပဲ တစ္ေယာက္ေယာက္ကို ခ်စ္မိၿပီလို႔ ထင္ၾကတယ္။ ဆယ္ေက်ာ္သက္ ရင္ခုန္တတ္စအရြယ္မွာ ခ်စ္မိတာမ်ိဳး။ စိတ္ခံစားခ်က္ေတြ၊ ရန္ျဖစ္တာေတြနဲ႔ ခႏၶာကိုယ္ခ်င္းထိေတြ႔တဲ့ အရာေတြ ပါဝင္တယ္။ ဒါေပမဲ့ ေသေသခ်ာခ်ာ ျပန္စဥ္းစားလိုက္ေတာ့ ဘယ္ဟာကို အခ်စ္လုိ႔ေခၚမွန္းမသိေတာ့ဘူး။

၂။ ဒုတိယေျမာက္အခ်စ္

ဒါကေတာ့ အခ်စ္ကို နားလည္တတ္တဲ့အခ်ိန္မွာ ခ်စ္မိတာ။ အခ်စ္ေၾကာင့္ သင္ခန္းစာေတြလည္း အေတာ္အသင့္ ရၿပီးေနၿပီေလ။ ကိုယ္လိုခ်င္တဲ့ ပံုစံမ်ိဳးနဲ႔ ေရာက္လာတဲ့ အခ်စ္ဟာ ေပ်ာ္စရာေကာင္းတာအမွန္ပဲ။ အရမ္းလည္း ခ်စ္တတ္သြားၿပီဆုိေတာ့ နာက်င္ရၿပီဆုိ အရမ္းနာက်င္ရတယ္။ တခ်ိဳ႕က တစ္ကိုယ္ေကာင္းဆန္ဆန္ခ်စ္တတ္လာတယ္။ တခ်ိဳ႕က အနစ္နာခံ ေပးဆပ္တတ္လာတယ္။ အခ်စ္ႀကီးႀကီး ခ်စ္တတ္လာၿပီ။

၃။ တတိယအခ်စ္

ဒီအခ်ိန္မွာေတာ့ အခ်စ္ကိုေရာ ဘဝကိုပါ နားလည္တတ္သြားၿပီ။ ဒီႏွစ္ခု ဟန္ခ်က္ညီေအာင္လည္း ထိန္းတတ္လာတယ္။ ရူးသြပ္တာေတြဆိုတာလည္း ရွားရွားပါးပါးပဲ။ အဲ့အခ်ိန္မွာ ကိုယ္နဲ႔သူဆံုမိတယ္။ မထင္မွတ္ဘဲ အဆင္ေျပေနရင္း တစ္ေယာက္ကိုတစ္ေယာက္ ၿငိတြယ္လာတယ္။ ဘဝကို အတူတူျဖတ္သန္းဖုိ႔ကိုပဲ ဦးစားေပးေတာ့တယ္ေလ။ ဒီလိုအခ်စ္မ်ိဳးဟာ ေပးဆပ္တာ ရယူတာထက္ ႏွစ္ေယာက္အတူရွိေနဖုိ႔ အဆင္ေျပေနၾကဖုိ႔ပဲ လုပ္ေဆာင္ၾကတာမ်ိဳးပါ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်ယောက်တည်းကိုချစ်ပြီး သေတဲ့အထိ အတူတူရှိသွားရတယ် ဆိုတာမျိုးက ရှိတော့ရှိတယ်။ ရှားတယ်နော်။ များသောအားဖြင့်တော့ လူတိုင်းရဲ့ဘဝမှာ အချစ်ကို သုံးကြိမ်လောက် ထိတွေ့ဖူးကြပါလိမ့်မယ်။

၁။ ငယ်ရွယ်စဉ်အချစ်

အချစ်ဆိုတာ ဘာမှန်းတောင် သေချာမသိသေးခင်မှာပဲ တစ်ယောက်ယောက်ကို ချစ်မိပြီလို့ ထင်ကြတယ်။ ဆယ်ကျော်သက် ရင်ခုန်တတ်စအရွယ်မှာ ချစ်မိတာမျိုး။ စိတ်ခံစားချက်တွေ၊ ရန်ဖြစ်တာတွေနဲ့ ခန္ဓာကိုယ်ချင်းထိတွေ့တဲ့ အရာတွေ ပါဝင်တယ်။ ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစားလိုက်တော့ ဘယ်ဟာကို အချစ်လို့ခေါ်မှန်းမသိတော့ဘူး။

၂။ ဒုတိယမြောက်အချစ်

ဒါကတော့ အချစ်ကို နားလည်တတ်တဲ့အချိန်မှာ ချစ်မိတာ။ အချစ်ကြောင့် သင်ခန်းစာတွေလည်း အတော်အသင့် ရပြီးနေပြီလေ။ ကိုယ်လိုချင်တဲ့ ပုံစံမျိုးနဲ့ ရောက်လာတဲ့ အချစ်ဟာ ပျော်စရာကောင်းတာအမှန်ပဲ။ အရမ်းလည်း ချစ်တတ်သွားပြီဆိုတော့ နာကျင်ရပြီဆို အရမ်းနာကျင်ရတယ်။ တချို့က တစ်ကိုယ်ကောင်းဆန်ဆန်ချစ်တတ်လာတယ်။ တချို့က အနစ်နာခံ ပေးဆပ်တတ်လာတယ်။ အချစ်ကြီးကြီး ချစ်တတ်လာပြီ။

၃။ တတိယအချစ်

ဒီအချိန်မှာတော့ အချစ်ကိုရော ဘဝကိုပါ နားလည်တတ်သွားပြီ။ ဒီနှစ်ခု ဟန်ချက်ညီအောင်လည်း ထိန်းတတ်လာတယ်။ ရူးသွပ်တာတွေဆိုတာလည်း ရှားရှားပါးပါးပဲ။ အဲ့အချိန်မှာ ကိုယ်နဲ့သူဆုံမိတယ်။ မထင်မှတ်ဘဲ အဆင်ပြေနေရင်း တစ်ယောက်ကိုတစ်ယောက် ငြိတွယ်လာတယ်။ ဘဝကို အတူတူဖြတ်သန်းဖို့ကိုပဲ ဦးစားပေးတော့တယ်လေ။ ဒီလိုအချစ်မျိုးဟာ ပေးဆပ်တာ ရယူတာထက် နှစ်ယောက်အတူရှိနေဖို့ အဆင်ပြေနေကြဖို့ပဲ လုပ်ဆောင်ကြတာမျိုးပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top