iMyanmarHouse.com - Best Property Website for Myanmar
×

အရက္က က်န္းမာေရးအတြက္ ေကာင္းတဲ့အရာ တစ္ခုေတာ့မဟုတ္ေပမယ့္ သင့္တင့္မွ်တတဲ့ ပမာဏေလာက္ ေသာက္ရင္ေတာ့ က်န္းမာေရးကို အရမ္းမထိခိုက္ႏိုင္ပါဘူး။

ဒါေပမယ့္ အရက္ေတြအမ်ားႀကီး ႏွစ္ေပါင္းမ်ားစြာေသာက္လာရင္ေတာ့ ဦးေႏွာက္၊ ေသြးအတြင္း အခ်ိဳဓာတ္၊ အသည္း ၊ သြားနဲ႔ တျခား က်န္းမာေရး ဆိုးက်ိဳးေတြအမ်ားႀကီးရွိပါတယ္။

အရက္ေသာက္ျခင္းက သြားနဲ႔ ခံတြင္းတစ္ရွဴးေတြကို ဘယ္လိုထိခိုက္ႏိုင္သလဲ

အေမရိကန္ျပည္ေထာင္စု ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ကာကြယ္ေရး ဌာန (CDC) က အရက္ေတြကို သင့္တင့္မွ်တရုံေသာက္တဲ့ပမာဏဆိုတာ အမ်ိဳးသမီးေတြဆိုရင္ တစ္ေန႔ တစ္ခြက္၊ အမ်ိဳးသားေတြဆို တစ္ေန႔ ၂ခြက္ထက္ ပိုမေသာက္သံုးတာကို ဆိုလိုေၾကာင္း ထုတ္ျပန္ထားပါတယ္။

အမ်ိဳးသမီးေတြအေနနဲ႔ တစ္ပတ္မွာ အရက္ ၈ ခြက္ေက်ာ္လြန္၊ အမ်ိဳးသားေတြဆိုရင္ တစ္ပတ္မွာ အရက္ ၁၅ ခြက္ထက္ ေက်ာ္လြန္ေအာင္ ေသာက္ရင္ေတာ့ အလြန္အကၽြံေသာက္သံုးတဲ့ အဆင့္ကို ေရာက္ရွိတယ္လို႔CDC က ထုတ္ျပန္ထားပါတယ္။

အဲ့လို အလြန္အကၽြံေသာက္သံုးသူေတြဟာ သြားနဲ႔ ခံတြင္းေရာဂါေတြျဖစ္တဲ့ သြားပ်က္စီးတာ၊ ခံတြင္းမွာ အပူဖုေတြေဖာက္တာေတြနဲ႔ ခံတြင္းကင္ဆာျဖစ္ပြားႏိုင္ေခ်မ်ားပါတယ္။

သြားေတြ စြန္းထင္းတာ

အရက္ရဲ႕ အေရာင္က Chromogens ကြန္ေပါင္းေတြပါ၀င္တာေၾကာင့္ သြားေၾကြလႊာေတြမွာ စြန္းထင္းကုန္ပါတယ္။

အျဖဴေရာင္ျဖစ္တဲ့ သြားေတြက တျဖည္းျဖည္း ၀ါက်င့္က်င့္ ပံုစံမ်ိဳးေတြ စြန္းထင္းလာပါတယ္။

အရက္အျပင္ ၀ိုင္အနီေရာင္ေသာက္သံုးသူေတြလည္း သြားေတြစြန္းထင္းႏုိင္ပါတယ္။ အမည္းေရာင္ဘီယာ ေသာက္သံုးသူေတြကလည္း သြားေၾကြလႊာေတြ တျဖည္းျဖည္း မည္းလာပါလိမ့္မယ္။

ခံတြင္းေျခာက္ေသြ႔ျခင္း

တံေတြးေတြက ခံတြင္းနဲ႔သြားေတြကို စိုစြတ္ေအာင္ ျပဳလုပ္ေပးတာပါ။ အဲ့ဒီအျပင္ တံေတြးက သြားေခ်းလႊာေတြနဲ႔ ဘက္တီးရီးယားေတြကို ကူညီဖယ္ရွားေပးပါတယ္။ အရက္ေသာက္တာမ်ားရင္ေတာ့ တံေတြးထြက္ရွိမႈကို ထိခိုက္ႏုိင္ၿပီး ခံတြင္းေျခာက္ေသြ႔ေစပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရက်က ကျန်းမာရေးအတွက် ကောင်းတဲ့အရာ တစ်ခုတော့မဟုတ်ပေမယ့် သင့်တင့်မျှတတဲ့ ပမာဏလောက် သောက်ရင်တော့ ကျန်းမာရေးကို အရမ်းမထိခိုက်နိုင်ပါဘူး။

ဒါပေမယ့် အရက်တွေအများကြီး နှစ်ပေါင်းများစွာသောက်လာရင်တော့ ဦးနှောက်၊ သွေးအတွင်း အချိုဓာတ်၊ အသည်း ၊ သွားနဲ့ တခြား ကျန်းမာရေး ဆိုးကျိုးတွေအများကြီးရှိပါတယ်။

အရက်သောက်ခြင်းက သွားနဲ့ ခံတွင်းတစ်ရှူးတွေကို ဘယ်လိုထိခိုက်နိုင်သလဲ

အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဌာန (CDC) က အရက်တွေကို သင့်တင့်မျှတရုံသောက်တဲ့ပမာဏဆိုတာ အမျိုးသမီးတွေဆိုရင် တစ်နေ့ တစ်ခွက်၊ အမျိုးသားတွေဆို တစ်နေ့ ၂ခွက်ထက် ပိုမသောက်သုံးတာကို ဆိုလိုကြောင်း ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးတွေအနေနဲ့ တစ်ပတ်မှာ အရက် ၈ ခွက်ကျော်လွန်၊ အမျိုးသားတွေဆိုရင် တစ်ပတ်မှာ အရက် ၁၅ ခွက်ထက် ကျော်လွန်အောင် သောက်ရင်တော့ အလွန်အကျွံသောက်သုံးတဲ့ အဆင့်ကို ရောက်ရှိတယ်လို့CDC က ထုတ်ပြန်ထားပါတယ်။

အဲ့လို အလွန်အကျွံသောက်သုံးသူတွေဟာ သွားနဲ့ ခံတွင်းရောဂါတွေဖြစ်တဲ့ သွားပျက်စီးတာ၊ ခံတွင်းမှာ အပူဖုတွေဖောက်တာတွေနဲ့ ခံတွင်းကင်ဆာဖြစ်ပွားနိုင်ချေများပါတယ်။

သွားတွေ စွန်းထင်းတာ

အရက်ရဲ့ အရောင်က Chromogens ကွန်ပေါင်းတွေပါဝင်တာကြောင့် သွားကြွေလွှာတွေမှာ စွန်းထင်းကုန်ပါတယ်။

အဖြူရောင်ဖြစ်တဲ့ သွားတွေက တဖြည်းဖြည်း ဝါကျင့်ကျင့် ပုံစံမျိုးတွေ စွန်းထင်းလာပါတယ်။

အရက်အပြင် ဝိုင်အနီရောင်သောက်သုံးသူတွေလည်း သွားတွေစွန်းထင်းနိုင်ပါတယ်။ အမည်းရောင်ဘီယာ သောက်သုံးသူတွေကလည်း သွားကြွေလွှာတွေ တဖြည်းဖြည်း မည်းလာပါလိမ့်မယ်။

ခံတွင်းခြောက်သွေ့ခြင်း

တံတွေးတွေက ခံတွင်းနဲ့သွားတွေကို စိုစွတ်အောင် ပြုလုပ်ပေးတာပါ။ အဲ့ဒီအပြင် တံတွေးက သွားချေးလွှာတွေနဲ့ ဘက်တီးရီးယားတွေကို ကူညီဖယ်ရှားပေးပါတယ်။ အရက်သောက်တာများရင်တော့ တံတွေးထွက်ရှိမှုကို ထိခိုက်နိုင်ပြီး ခံတွင်းခြောက်သွေ့စေပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top