iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ခင္းကို ေရေသာက္ျခင္းနဲ႔ ဘာေၾကာင့္ အစျပဳသင့္လဲ

မနက္ခင္းအိပ္ယာႏုိးတာ နဲ႔ ဗလာနတၱိ အစာအိမ္ထဲကို ေရအလံုအေလာက္ေသာက္သံုးၿပီး စတင္လိုက္ပါ။ ေရေသာက္တာဟာ က်န္းမာေရးအတြက္ အေထာက္အကူျပဳတယ္ဆိုတာ စာဖတ္သူအေနနဲ႔ သိၿပီးသားျဖစ္ေပမဲ့ ဒီေန႔မွာေတာ့ ပိုမိုစိတ္၀င္စားစရာေကာင္းတဲ့ နည္းလမ္းသစ္ေလးေတြကို မွ်ေ၀ေပးသြားပါမယ္။

ပ်မ္းမွ်အားျဖင့္ ကမၻာေပၚမွာ အသက္အရွည္ဆံုးလို႔ သတ္မွတ္ျခင္းခံရတဲ့ ဂ်ပန္ႏိုင္ငံသားေတြဟာ ခႏၱာကိုယ္ ဓါတ္ကို ျပန္လည္ျဖည့္တင္းဖို႔နဲ႔ ေရာဂါေ၀ဒနာေတြကို ကာကြယ္ႏိုင္ဖို႔ အခုေဖာ္ျပမဲ့ နည္းစနစ္ကို က်င့္သံုးပါတယ္။

ေရေသာက္တာဟာ ေခါင္းကိုက္တာ ကိုယ္လက္ကိုက္ခဲတာ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါ၊ ၀က္ရူးျပန္ေရာဂါ ၊ပန္းနာရင္က်ပ္ ၊ ဦးေႏွာက္အေျမွးေရာင္ေရာဂါ၊ ေက်ာက္ကပ္နဲ႔ ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ အစာအိမ္ေရာင္ေရာဂါ၊ ၀မ္းခ်ဳပ္၊ ၀မ္းေလွ်ာ၊ သားအိမ္ေရာဂါေတြနဲ႔ အမ်ိဳးသမီး ဓမၼတာဆိုင္ရာ ျပႆနာေတြ၊ မ်က္စိေ၀ဒနာ ၊နား ၊ႏွာေခါင္း၊ လည္ပင္းနဲ႔ဆိုင္တဲ့ ေရာဂါ စတာေတြအတြက္ ေကာင္းမြန္ပါတယ္။

ဘယ္လိုေသာက္ရမလဲ

၁။ မနက္အိပ္ယာႏိုးတာနဲ႔ ပထမဆံုးျပဳလုပ္ရမွာကေတာ့ ေရ (၄) ခြက္ (၆၄၀ မီလီမီတာ) ေသာက္ပါ။

၂။ အဲဒီေနာက္ သြားတိုက္ၿပီး ၄၅ မိနစ္အတြင္း အစာ (သို႔) ေရမေသာက္ပါႏွင့္။

၃။ အဲဒီေနာက္ သင့္တေန႔တာရဲ့ ပံုမွန္လုပ္ရိုးလုပ္စဥ္အတိုင္း လုပ္ေဆာင္ႏိုင္ပါၿပီ။

မွတ္ခ်က္။ ။ တကယ္လို႔ စာဖတ္သူဟာ အသက္အရြယ္အိုမင္းေနသူတစ္ေယာက္ (သို႕) နာမက်န္းျဖစ္ေနတဲ့သူတစ္ေယာက္ဆိုရင္ အထက္ေဖာ္ျပပါ ပမာဏအတိုင္း ေရမေသာက္ႏိုင္ရင္လည္း ေသာက္ႏိုင္သေလာက္သာေသာက္ပါ။ မိမိမေသာက္ႏိုင္တာကို ၄ ခြက္ျပည့္ေအာင္ ေသာက္မယ္ဆိုၿပီး အတင္းအၾကပ္ လုပ္ယူစရာမလိုပါဘူး။

အထက္မွာ ေဖာ္ျပခဲ့တဲ့ ေ၀ဒနာတစ္ခုခု ခံစားေနရရင္ အခုမွ်ေ၀ေပးလိုက္တဲ့ နည္းလမ္းေလးကို က်င့္သံုးလိုက္ပါ။ ျခားနားတဲ့ ခံစားခ်က္မ်ိဳးကို ရရွိပိုင္ဆိုင္လာမွာျဖစ္ပါတယ္။

လိုက္နာျပဳလုပ္ရမဲ့ ကာလ

အထက္ပါနည္းအတိုင္း ျပဳလုပ္ရမဲ့ အခ်ိန္ကာလကိုေတာ့ မိမိလိုအပ္သလို ခ်ိန္ဆႏိုင္ပါတယ္။

    စာဖတ္သူဟာ ေသြးတိုးတဲ့ ေ၀ဒနာ ခံစားေနရသူျဖစ္ရင္ အထက္ပါနည္းအတိုင္း ရက္ ၃၀ ခန္႔ ျပဳလုပ္ေပးပါ။
    အစာအိမ္ေရာင္ ေ၀ဒနာခံစားေနရသူျဖစ္ရင္ ၁၀ ရက္ျပဳလုပ္ေပးပါ။
    ဆီခ်ိဳ ေ၀ဒနာရွင္ေတြအတြက္ ရက္ ၃၀ ျပဳလုပ္ေပးပါ။
    ၀မ္းခ်ဳပ္ေနရင္ေတာ့ ၁၀ ရက္ ျပဳလုပ္ေပးပါ။
    တီဘီ (B) ေ၀ဒနာရွင္ေတြကေတာ့ ရက္ေပါင္း ၉၀ ေလာက္ အတန္ၾကာ ျပဳလုပ္ေပးရပါမယ္။
    အဆစ္အျမစ္ ကိုက္ခဲတဲ့ ေ၀ဒနာခံစားေနရသူေတြကေတာ့ ၃ ရက္သာျပဳလုပ္ေပးၿပီ ၁ ပတ္ေလာက္ နားထားပါ။ အဲဒီေနာက္ ေန႔စဥ္ပံုမွန္ျပဳလုပ္ေပးပါ။

စာဖတ္သူမွာ အထက္ေဖာ္ျပခဲ့တဲ့ ေ၀ဒနာေတြရွိမေနခဲ့ရင္လည္း ဒီနည္းလမ္းကို အေျခခံက်က်ျပဳလုပ္ေပးၿပီး အားအင္ျပည့္၀တဲ့ ေန႔သစ္ကို စတင္လိုက္ဖို႔ အႀကံျပဳလုိက္ပါရေစ။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မနက်ခင်းကို ရေသောက်ခြင်းနဲ့ ဘာကြောင့် အစပြုသင့်လဲ

မနက်ခင်းအိပ်ယာနိုးတာ နဲ့ ဗလာနတ္တိ အစာအိမ်ထဲကို ရေအလုံအလောက်သောက်သုံးပြီး စတင်လိုက်ပါ။ ရေသောက်တာဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ စာဖတ်သူအနေနဲ့ သိပြီးသားဖြစ်ပေမဲ့ ဒီနေ့မှာတော့ ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းသစ်လေးတွေကို မျှဝေပေးသွားပါမယ်။

ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ဂျပန်နိုင်ငံသားတွေဟာ ခန္တာကိုယ် ဓါတ်ကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ရောဂါဝေဒနာတွေကို ကာကွယ်နိုင်ဖို့ အခုဖော်ပြမဲ့ နည်းစနစ်ကို ကျင့်သုံးပါတယ်။

ရေသောက်တာဟာ ခေါင်းကိုက်တာ ကိုယ်လက်ကိုက်ခဲတာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဝက်ရူးပြန်ရောဂါ ၊ပန်းနာရင်ကျပ် ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အစာအိမ်ရောင်ရောဂါ၊ ဝမ်းချုပ်၊ ဝမ်းလျှော၊ သားအိမ်ရောဂါတွေနဲ့ အမျိုးသမီး ဓမ္မတာဆိုင်ရာ ပြဿနာတွေ၊ မျက်စိဝေဒနာ ၊နား ၊နှာခေါင်း၊ လည်ပင်းနဲ့ဆိုင်တဲ့ ရောဂါ စတာတွေအတွက် ကောင်းမွန်ပါတယ်။

ဘယ်လိုသောက်ရမလဲ

၁။ မနက်အိပ်ယာနိုးတာနဲ့ ပထမဆုံးပြုလုပ်ရမှာကတော့ ရေ (၄) ခွက် (၆၄၀ မီလီမီတာ) သောက်ပါ။

၂။ အဲဒီနောက် သွားတိုက်ပြီး ၄၅ မိနစ်အတွင်း အစာ (သို့) ရေမသောက်ပါနှင့်။

၃။ အဲဒီနောက် သင့်တနေ့တာရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်နိုင်ပါပြီ။

မှတ်ချက်။ ။ တကယ်လို့ စာဖတ်သူဟာ အသက်အရွယ်အိုမင်းနေသူတစ်ယောက် (သို့) နာမကျန်းဖြစ်နေတဲ့သူတစ်ယောက်ဆိုရင် အထက်ဖော်ပြပါ ပမာဏအတိုင်း ရေမသောက်နိုင်ရင်လည်း သောက်နိုင်သလောက်သာသောက်ပါ။ မိမိမသောက်နိုင်တာကို ၄ ခွက်ပြည့်အောင် သောက်မယ်ဆိုပြီး အတင်းအကြပ် လုပ်ယူစရာမလိုပါဘူး။

အထက်မှာ ဖော်ပြခဲ့တဲ့ ဝေဒနာတစ်ခုခု ခံစားနေရရင် အခုမျှဝေပေးလိုက်တဲ့ နည်းလမ်းလေးကို ကျင့်သုံးလိုက်ပါ။ ခြားနားတဲ့ ခံစားချက်မျိုးကို ရရှိပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

လိုက်နာပြုလုပ်ရမဲ့ ကာလ

အထက်ပါနည်းအတိုင်း ပြုလုပ်ရမဲ့ အချိန်ကာလကိုတော့ မိမိလိုအပ်သလို ချိန်ဆနိုင်ပါတယ်။

    စာဖတ်သူဟာ သွေးတိုးတဲ့ ဝေဒနာ ခံစားနေရသူဖြစ်ရင် အထက်ပါနည်းအတိုင်း ရက် ၃၀ ခန့် ပြုလုပ်ပေးပါ။
    အစာအိမ်ရောင် ဝေဒနာခံစားနေရသူဖြစ်ရင် ၁၀ ရက်ပြုလုပ်ပေးပါ။
    ဆီချို ဝေဒနာရှင်တွေအတွက် ရက် ၃၀ ပြုလုပ်ပေးပါ။
    ဝမ်းချုပ်နေရင်တော့ ၁၀ ရက် ပြုလုပ်ပေးပါ။
    တီဘီ (B) ဝေဒနာရှင်တွေကတော့ ရက်ပေါင်း ၉၀ လောက် အတန်ကြာ ပြုလုပ်ပေးရပါမယ်။
    အဆစ်အမြစ် ကိုက်ခဲတဲ့ ဝေဒနာခံစားနေရသူတွေကတော့ ၃ ရက်သာပြုလုပ်ပေးပြီ ၁ ပတ်လောက် နားထားပါ။ အဲဒီနောက် နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။

စာဖတ်သူမှာ အထက်ဖော်ပြခဲ့တဲ့ ဝေဒနာတွေရှိမနေခဲ့ရင်လည်း ဒီနည်းလမ်းကို အခြေခံကျကျပြုလုပ်ပေးပြီး အားအင်ပြည့်ဝတဲ့ နေ့သစ်ကို စတင်လိုက်ဖို့ အကြံပြုလိုက်ပါရစေ။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top