iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ က်ဖို႔အတြက္ အေျခခံအက်ဆံုးနဲ႔ ႐ိုးရွင္းတဲ့ နည္းလမ္းတစ္ခုကေတာ့ မနက္ေစာေစာမွာ သံပရာရည္ေႏြးေႏြးေလးတစ္ခြက္ ေသာက္ျခင္းပဲ ျဖစ္ပါတယ္။ ဒီနည္းလမ္းက ကၽြႏ္ုပ္တို႔အားလံုးနဲ႔ ရင္းႏွီးေနတဲ့ နည္းလမ္းျဖစ္ၿပီး ေတာ္ေတာ္မ်ားမ်ားလည္း စမ္းလုပ္ၾကည့္ဖူးၾကပါလိမ့္မယ္။ ဒီသံပရာရည္ ေသာက္တာနဲ႔ ပတ္သက္ၿပီး သိထားသင့္တဲ့အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

♦       ရင္ပူျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

          သံပရာသီးမွာ အက္ဆစ္ဓာတ္ ပါဝင္တဲ့အတြက္ ေသာက္တာ မ်ားသြားရင္ ရင္ပူေစႏိုင္ပါတယ္။ ဒါေၾကာင့္ အက္ဆစ္ေတြ ျပန္ကန္တက္တယ္လို႔ သံသယျဖစ္ရင္ သံပရာရည္ အမ်ားႀကီး မေသာက္ပါနဲ႔။

♦       သြားေၾကြလႊာေတြကို ပ်က္စီးေစႏိုင္ပါတယ္။

          သံပရာသီးမွာ ပါဝင္တဲ့ အက္ဆစ္ဓာတ္က သြားရဲ႕ေၾကြလႊာကို ပ်က္စီးေစႏိုင္ပါတယ္။ အက္ဆစ္ဓာတ္က သြားထဲကို ထိုးေဖာက္ဝင္ေရာက္ၿပီး သံပရာသီးမွာ ပါဝင္တဲ့ သဘာဝသၾကားဓာတ္က သြားကို ထပ္ၿပီးပ်က္စီးေစပါတယ္။ ဒါေၾကာင့္ သံပရာရည္ ေသာက္ျခင္းက သြားေခါင္းနဲ႔ သြားရဲ႕ခံႏိုင္ရည္ ႏွစ္မ်ိဳးစလံုးကို ပ်က္စီးေစပါတယ္။

♦       ပ်ိဳ႕အန္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

          သံပရာသီးမွာ ကၽြႏု္ပ္တို႔ ခႏၶာကိုယ္အတြက္ မရွိမျဖစ္ လိုအပ္တဲ့ ဗီတာမင္စီ ၾကြယ္ဝေပမယ့္ အလြန္အကၽြံ စားသံုးရင္ေတာ့ က်န္းမာေရးျပႆနာအမ်ိဳးမ်ိဳးကို ျဖစ္ေစႏိုင္ပါတယ္။ ဗိုက္နာျခင္း၊ ပ်ိဳ႕ျခင္း၊ အစာအိမ္ မအီမသာျဖစ္ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။

♦        ဆီး မၾကာခဏ သြားေစႏိုင္ပါတယ္။

          သံပရာရည္ေသာက္တာ မ်ားရင္ ေနာက္ထပ္ ႀကံဳေတြ႕ရႏိုင္တဲ့ က်န္းမာေရးျပႆနာတစ္ခုကေတာ့ ဆီး မၾကာခဏသြားၿပီး ေရဓာတ္ ခန္းေျခာက္ျခင္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေရဓာတ္ ခန္းေျခာက္ျခင္းကို တြန္းလွန္ႏိုင္ဖို႔ ေရ မ်ားမ်ားေသာက္ေပးဖို႔ လိုပါတယ္။

Credit : Drmynmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန် ကျဖို့အတွက် အခြေခံအကျဆုံးနဲ့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကတော့ မနက်စောစောမှာ သံပရာရည်နွေးနွေးလေးတစ်ခွက် သောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကျွန်ုပ်တို့အားလုံးနဲ့ ရင်းနှီးနေတဲ့ နည်းလမ်းဖြစ်ပြီး တော်တော်များများလည်း စမ်းလုပ်ကြည့်ဖူးကြပါလိမ့်မယ်။ ဒီသံပရာရည် သောက်တာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

♦       ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။

          သံပရာသီးမှာ အက်ဆစ်ဓာတ် ပါဝင်တဲ့အတွက် သောက်တာ များသွားရင် ရင်ပူစေနိုင်ပါတယ်။ ဒါကြောင့် အက်ဆစ်တွေ ပြန်ကန်တက်တယ်လို့ သံသယဖြစ်ရင် သံပရာရည် အများကြီး မသောက်ပါနဲ့။

♦       သွားကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။

          သံပရာသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က သွားရဲ့ကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။ အက်ဆစ်ဓာတ်က သွားထဲကို ထိုးဖောက်ဝင်ရောက်ပြီး သံပရာသီးမှာ ပါဝင်တဲ့ သဘာဝသကြားဓာတ်က သွားကို ထပ်ပြီးပျက်စီးစေပါတယ်။ ဒါကြောင့် သံပရာရည် သောက်ခြင်းက သွားခေါင်းနဲ့ သွားရဲ့ခံနိုင်ရည် နှစ်မျိုးစလုံးကို ပျက်စီးစေပါတယ်။

♦       ပျို့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

          သံပရာသီးမှာ ကျွနု်ပ်တို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်စီ ကြွယ်ဝပေမယ့် အလွန်အကျွံ စားသုံးရင်တော့ ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အစာအိမ် မအီမသာဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

♦        ဆီး မကြာခဏ သွားစေနိုင်ပါတယ်။

          သံပရာရည်သောက်တာ များရင် နောက်ထပ် ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ ဆီး မကြာခဏသွားပြီး ရေဓာတ် ခန်းခြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေဓာတ် ခန်းခြောက်ခြင်းကို တွန်းလှန်နိုင်ဖို့ ရေ များများသောက်ပေးဖို့ လိုပါတယ်။

Credit : Drmynmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top