iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရး ေကာင္းမြန္ဖို႔အတြက္ အစားအစာေတြက ရရွိတဲ့ အာဟာရဓါတ္ေတြ၊ အက်ိဳးအာနိသင္ ေကာင္းမြန္တဲ့ ဗီတာမင္ဓါတ္ေတြ ရရွိဖို႔ လိုအပ္ပါတယ္။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာ ျဖစ္ဖုိ႔အတြက္ေတာ့ သန္႔ရွင္းလတ္ဆတ္ျခင္း၊ ဓါတုဆိုးေဆးေတြ မပါဝင္ျခင္းနဲ႔ သင္တင့္မွ်တတဲ့ အရသာနဲ႔ ခ်က္ျပဳတ္ထားတဲ့ ဟင္းလ်ာျဖစ္ဖို႔ေတာ့ လိုပါတယ္။ က်န္းမာေရး ေကာင္းမြန္ေစတဲ့ အစားအစာေတြထဲမွာ ကန္စြန္းရြက္လည္း ပါဝင္ပါတယ္။ ေၾကာ္စား၊ ခ်ဥ္ရည္ဟင္းခ်က္စားျခင္းလိုမ်ိဳး အစရွိသလို လုပ္စားလုိ႔ရတဲ့ ကန္စြန္းရြက္က က်န္းမာေရးအတြက္ ဘာေတြေကာင္းေစသလဲ ဖတ္ၾကည့္ေပးပါဦး။

ကန္စြန္းရြက္က ကိုလက္စထေရာ က်ေစျခင္းနဲ႔ ခႏၶာကိုယ္အေလးခ်ိန္က်ေစဖို႔ အေထာက္အကူျပဳပါတယ္။ ကန္စြန္းရြက္ စားေပးတာက Triglycoside လိုမ်ိဳး ကိုလက္စထေရာေတြကို ေလ်ာ့က်ေစတာပါ။ အသီးအရြက္ေတြရဲ႕ အဓိက လုပ္ငန္းေဆာင္တာကလည္း ကိုလက္စထေရာေတြကို ေလ်ာ့က်ေစဖို႔ပါပဲ။

သံဓါတ္ လံုလံုေလာက္ေလာက္ ရရွိမယ္ဆိုရင္ ေသြးအားနည္းေရာဂါေတြ မျဖစ္ေစႏုိင္ပါဘူး။ သံဓါတ္က ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အေရးတႀကီးလိုအပ္ပါတယ္။ သံဓါတ္ျပည့္ဝေနမယ္ဆိုရင္ ေသြးနီဥဆဲလ္ေတြ ေကာင္းမြန္စြာ လည္ပတ္ဖို႔ အေထာက္အကူျပဳပါတယ္။ ကန္စြန္းရြက္မွာ ပါဝင္မႈ အမ်ားဆံုးကေတာ့ သံဓါတ္ပါပဲ။

ကန္စြန္းရြက္မွာ အမွ်င္ဓါတ္ေတြ ပါဝင္ၿပီး အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ့အျပင္ အစာအိမ္လမ္းေၾကာင္းမွာ ျပႆနာေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ေနာက္တစ္ခုကေတာ့ ဝမ္းခ်ဳပ္တာကို ေပ်ာက္ကင္းေစပါတယ္။ ဝမ္းခ်ဳပ္တဲ့အခါမွာ ကန္စြန္းရြက္ကို ေၾကာ္စားတာနဲ႔ ေရလံုျပဳတ္စားတာမ်ိဳး ျပဳလုပ္ေပးပါ။

မ်က္စိအားေကာင္းဖို႔ ႀကိဳးစားေနတယ္ဆိုရင္လည္း ကန္စြန္းရြက္ေလး စားေပးပါ။ ကန္စြန္းရြက္မွာ ဗီတာမင္ ေအ ပါဝင္ၿပီး ဗီတာမင္ ေအက မ်က္စိအာ႐ံုကို ေကာင္းမြန္ေစပါတယ္။ ကန္စြန္းရြက္မွာ ဗီတာမင္ စီ လည္း မ်ားမ်ားပါဝင္တာေၾကာင့္ ႏွလံုးက်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါေသးတယ္။ ကန္စြန္းရြက္က ခႏၶာကိုယ္ထဲမွာ ရွိတဲ့ free radicals ေတြကို ေလွ်ာ့ခ်ေပးတဲ့ ဓါတ္တိုးဆန္႔က်င္မႈအျဖစ္ အာဟာရေတြ ေပးစြမ္းႏုိင္ပါတယ္။ ကိုလက္စထေရာ တိုးတာကို ေလွ်ာ့ခ်ေပးတဲ့အတြက္ ေသြးေၾကာ ပိ္တ္ဆို႔တာေတြ မျဖစ္ေစေတာ့ဘဲ ႏွလံုးနဲ႔ ေလျဖတ္တာေတြ ေလွ်ာ့က်ေစပါတယ္။ မဂၢနီစီယမ္ကေတာ့ ႏွလံုးထေဖာက္ျခင္းေတြ မျဖစ္ေစဖို႔ ေသြးဖိအား အတက္အက်ကို ထိန္းထားေပးႏိုင္ပါတယ္။

ေက်ာက္ကပ္ေရာဂါ ရွိလို႔ ဆီးသြားျခင္းမွာ ျပႆနာေတြ ရွိေနတယ္ဆိုရင္လည္း ကန္စြန္းရြက္ စားေပးဖို႔ လိုပါတယ္။ ကန္စြန္းရြက္မွာ ေရဓါတ္မ်ားမ်ား ပါဝင္တာေၾကာင့္ ဆီးသြားေစဖို႔ အေထာက္အကူျပဳတာပါ။ (၁၀၀) ဂရမ္မွာ ေရဓါတ္က (၈၂) ဂရမ္ေလာက္ ပါဝင္ပါတယ္။ ဒါဆိုရင္ ေက်ာ္ကပ္ေကာင္းေကာင္း အလုပ္လုပ္ႏိုင္ဖို႔ ကူညီေပးပါတယ္။

ကန္စြန္းရြက္မွာ ပါဝင္တဲ့ အာဟာရဓါတ္ေတြဟာ အေရျပားဆဲလ္ေတြ အသစ္ျပန္လည္ျဖစ္ေပၚဖို႔အတြက္ ကူညီေပးပါတယ္။ အေရျပားမွာ အမာရြတ္ျဖစ္ေပၚျခင္း၊ အနီစက္ေတြ ျဖစ္ေပၚေစျခင္းကို သက္သာေစႏိုင္ပါတယ္။ အင္းဆက္ကိုက္တာေၾကာင့္ အမာရြတ္က်န္ျခင္းကို သက္သာေစခ်င္တယ္ဆိုရင္ အနာေပၚ ကန္စြန္းရြက္ ေအးေအးေလး ကပ္ေပးတာမ်ိဳး လုပ္ေပးပါ။

ခုဆိုရင္ေတာ့ ကန္စြန္းရြက္က ေပးစြမ္းႏုိင္တဲ့ အာဟာရေတြကို သိရၿပီဆိုေတာ့ ကန္စြန္းပလိန္း၊ ကန္စြန္းရြက္ခ်ဥ္ဟင္း၊ ကန္စြန္းရြက္ျပဳတ္ကို တုိ႔စရာအျဖစ္ စားေပးလုိ႔ ရတယ္ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အစားအစာတွေက ရရှိတဲ့ အာဟာရဓါတ်တွေ၊ အကျိုးအာနိသင် ကောင်းမွန်တဲ့ ဗီတာမင်ဓါတ်တွေ ရရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ဖို့အတွက်တော့ သန့်ရှင်းလတ်ဆတ်ခြင်း၊ ဓါတုဆိုးဆေးတွေ မပါဝင်ခြင်းနဲ့ သင်တင့်မျှတတဲ့ အရသာနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်ဖို့တော့ လိုပါတယ်။ ကျန်းမာရေး ကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ကန်စွန်းရွက်လည်း ပါဝင်ပါတယ်။ ကြော်စား၊ ချဉ်ရည်ဟင်းချက်စားခြင်းလိုမျိုး အစရှိသလို လုပ်စားလို့ရတဲ့ ကန်စွန်းရွက်က ကျန်းမာရေးအတွက် ဘာတွေကောင်းစေသလဲ ဖတ်ကြည့်ပေးပါဦး။

ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက် စားပေးတာက Triglycoside လိုမျိုး ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ အသီးအရွက်တွေရဲ့ အဓိက လုပ်ငန်းဆောင်တာကလည်း ကိုလက်စထရောတွေကို လျော့ကျစေဖို့ပါပဲ။

သံဓါတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး။ သံဓါတ်က ကိုယ်ဝန်ဆောင်ချိန်မှာ အရေးတကြီးလိုအပ်ပါတယ်။ သံဓါတ်ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စွာ လည်ပတ်ဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက်မှာ ပါဝင်မှု အများဆုံးကတော့ သံဓါတ်ပါပဲ။

ကန်စွန်းရွက်မှာ အမျှင်ဓါတ်တွေ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ ဝမ်းချုပ်တာကို ပျောက်ကင်းစေပါတယ်။ ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားတာနဲ့ ရေလုံပြုတ်စားတာမျိုး ပြုလုပ်ပေးပါ။

မျက်စိအားကောင်းဖို့ ကြိုးစားနေတယ်ဆိုရင်လည်း ကန်စွန်းရွက်လေး စားပေးပါ။ ကန်စွန်းရွက်မှာ ဗီတာမင် အေ ပါဝင်ပြီး ဗီတာမင် အေက မျက်စိအာရုံကို ကောင်းမွန်စေပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသေးတယ်။ ကန်စွန်းရွက်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ free radicals တွေကို လျှော့ချပေးတဲ့ ဓါတ်တိုးဆန့်ကျင်မှုအဖြစ် အာဟာရတွေ ပေးစွမ်းနိုင်ပါတယ်။ ကိုလက်စထရော တိုးတာကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ မဖြစ်စေတော့ဘဲ နှလုံးနဲ့ လေဖြတ်တာတွေ လျှော့ကျစေပါတယ်။ မဂ္ဂနီစီယမ်ကတော့ နှလုံးထဖောက်ခြင်းတွေ မဖြစ်စေဖို့ သွေးဖိအား အတက်အကျကို ထိန်းထားပေးနိုင်ပါတယ်။

ကျောက်ကပ်ရောဂါ ရှိလို့ ဆီးသွားခြင်းမှာ ပြဿနာတွေ ရှိနေတယ်ဆိုရင်လည်း ကန်စွန်းရွက် စားပေးဖို့ လိုပါတယ်။ ကန်စွန်းရွက်မှာ ရေဓါတ်များများ ပါဝင်တာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုတာပါ။ (၁၀၀) ဂရမ်မှာ ရေဓါတ်က (၈၂) ဂရမ်လောက် ပါဝင်ပါတယ်။ ဒါဆိုရင် ကျော်ကပ်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။

ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ အရေပြားဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်။ အရေပြားမှာ အမာရွတ်ဖြစ်ပေါ်ခြင်း၊ အနီစက်တွေ ဖြစ်ပေါ်စေခြင်းကို သက်သာစေနိုင်ပါတယ်။ အင်းဆက်ကိုက်တာကြောင့် အမာရွတ်ကျန်ခြင်းကို သက်သာစေချင်တယ်ဆိုရင် အနာပေါ် ကန်စွန်းရွက် အေးအေးလေး ကပ်ပေးတာမျိုး လုပ်ပေးပါ။

ခုဆိုရင်တော့ ကန်စွန်းရွက်က ပေးစွမ်းနိုင်တဲ့ အာဟာရတွေကို သိရပြီဆိုတော့ ကန်စွန်းပလိန်း၊ ကန်စွန်းရွက်ချဉ်ဟင်း၊ ကန်စွန်းရွက်ပြုတ်ကို တို့စရာအဖြစ် စားပေးလို့ ရတယ်နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top