iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Duwun

အနုပညာအလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ မေမေသက်မွန်မြင်ကတော့ ကလေးတွေအတွက်လည်း အမြဲတမ်း အချိန်ပေး တတ်သူပါ။ ဒီနေ့မှာလည်း သားလေးအားချစ်ကို ကျောင်းလိုက်ပို့ပေးဖြစ်နေတာ တွေ့ရပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်မှာ သားသား လေးကို ကျောင်းလိုက်ပို့ပေးနေတဲ့ ပုံလေးတင်ပြီး တော့ ဒီနေ့မှာ စာမေးပွဲဖြေဆိုကြသူတွေအတွက်လည်း ဆုတောင်းပေးထားတာ တွေ့ရပါတယ်။

"အားချစ်လေးတောင် ကျောင်းတက်တဲ့ အရွယ်ရောက်ပြီ!ဘဝတချိုးတွက် စာမေးပွဲဖြေနေကြသူအားလုံး ကောင်းကောင်းမွန်မွန် ချောမောစွာဖြေနိုင်ကြပါစေနော်!"ဆိုပြီး ဆုတောင်းပေးထားတာပါ။

သက်မွန်မြင့်က လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း မှော်ဘီအောင်ဇဗ္ဗူတောရက ပုဂံဘုရားကို ဘုရားအနေကဇာတင်လှူဖြစ်ခဲ့သလို ဥပါယ်တံမျဉ်ရဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ သီလရှင်ဝတ်တဲ့အလှူလေးမှာလည်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၄ခုနှစ်ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ အိမ်ထောင်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင် သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ပြီး သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top