မိႆရာသီဖြား (မတ္လ ၂၁ရက္မွ – ဧၿပီ ၁၉ ရက္အထိ)
Credit : My Style
မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)
လူတွေအကုန်လုံးက ကိုယ့်ကိုကျောခိုင်းထားတယ်၊ ပြောသမျှကိုလည်း စိတ်ဝင်စားမှုမရှိသလိုဖြစ်နေသလိုမျိုး ခံစားမိနေမှာပါ။ ဖြစ်နိုင်တာကတော့ အခြားသူစကားပြောနေတာကို သေချာနားမထောင်ခဲ့တဲ့ ကိုယ့်ရဲ့မတတ်နိုင်မှုကို ပြန်လည်ထင်ဟင်နေသလိုမျိုးပါ။ ဒါကြောင့် ကိုယ့်အပေါ်မှာပဲ အာရုံစိုက်နေမယ့်အစား မိမိဝန်းကျင်ရှိ ဖြစ်ပျက်နေသမျှကို သေချာလိုက်ကြည့်ပါ။
ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)
ကိုယ့်ရဲ့စိတ်ကူးဉာဏ်တွေနဲ့အညီ ခံစားချက်တွေကိုလိုက်ပါစီးမျောခွင့်ပေးလိုက်ပါ။ ကိုယ်တွေ့ရှိထားသမျှကိုလည်း အခြားသူတွေနဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟဆွေးနွေးပါ။ လက်ရှိအခြေအနေကို အသိအမှတ်ပြုတတ်ပြီး ငြင်းဆန်တတ်တဲ့ အကျင့်ကို ဖျောက်ပစ်ပြီး ပုံမှန်အလုပ်မလုပ်တတ်တဲ့ ဦးနှောက်ရဲ့အခြမ်းကို လေ့ကျင့်ခန်းလုပ်ပေးပါ။
မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)
ရရှိလာသမျှ အချက်အလက်တွေအားလုံးကို ယုံကြည်လိုက်ပါ။ စိတ်ပိုင်းဆိုင်ရာအရ အတော်အသင့်ခံစားရကောင်းနေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အသုံးပြုပြီးတော့ အောင်မြင်လိုသမျှတွေအားလုံး ရယူနိုင်ဖို့ကြိုးစားလိုက်ပါ။ မြင့်မားတဲ့ တီထွင်ကြံဆဉာဏ်တွေဖြစ်ပေါ်လာဖို့ အချက်အလက်တွေအားလုံးကို အခြေခံအနေနဲ့ လွတ်လွတ်လပ်လပ်စိတ်တိုင်းကျ အသုံးပြုလိုက်ပါ။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)
ကိုယ့်ရဲ့အာရုံကို အထူးလိုချင်နေသည့် ပြင်းထန်တဲ့ တွန်းအားတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာအရ စိန်ခေါ်မှုတွေပြုလုပ်နေနိုင်ပါတယ်။ အခြေအနေတိုင်းကို အထူးသတိထားတတ်ခြင်းက ဒီနေ့မှာ သင့်ကိုအတန်ငယ်ရူးသလိုတောင် ဖြစ်သွားစေနိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကိစ္စတွေကို အတန်ငယ်ညှိပြီး အနားယူပါ။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)
စီးပွားရေးလုပ်ငန်းအခွင့်အလမ်းအသစ်တွေဟာ သိဟ်ရာသီဖွားတွေဆီကို လာနိုင်ပါတယ်။ အမြဲတမ်းအတွကို လုပ်ဆောင်ချင်စိတ်မရှိပေမယ့်လည်း ပိုက်ဆံအတွက် ယာယီတော့စိတ်ဝင်စားနိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ အိမ်မှာဖြစ်ဖြစ် အပြောင်းအလဲလေးတွေ လုပ်ချင်တာဖြစ်နိုင်ပါတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ အားသွန်ခွန်စိုက်နဲ့ ပြီးမြောက်အောင်လုပ်မှာကတော့ သေချာနေပါတယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)
ဒီနေ့ရဲ့ စိတ်အနေအထားနဲ့ပတ်သက်ပြီး အတန်ငယ်စိတ်ရှုပ်နေနိုင်လို့ ကိစ္စတွေကို လှုပ်ရှားမှုမြန်မြန်ဆန်ဆန်နဲ့ တုံ့ဆိုင်းတဲ့ချဉ်းကပ်မှုတို့ ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုမျိုး နားမလည်နိုင်လောက်အောင် ရှုပ်ထွေးတဲ့ အခြေအနေတွေကြောင့် ပြဿနာတွေမဖြစ်လာရအောင် အချိန်ယူလမ်းလျှောက်ပြီး ကိုယ့်ကိုယ်ကို အနားပေးပါ။
တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)
ဒီနေ့တစ်နေ့လုံးက လက်ဖျားခါရလောက်တဲ့ နေ့တစ်နေ့ဖြစ်လို့ စိတ်တိုင်းကျဆန့်ကျင်ဖက်တွေချည်းလုပ်ပြီး ကိုယ်ဘယ်သူလဲဆိုတာကို လွတ်လွတ်လပ်လပ် ဖော်ထုတ်လိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်ဆိုတာကို တခါလောက်တော့ တွေ့ကြုံမှုရယူလိုက်ပါ။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)
ကိုယ့်ရှေ့ကိုရောက်လာမယ့် ပြဿနာတွေ အကုန်လုံးကိုဖြေရှင်းနိုင်ဖို့ ကိုယ့်ရဲ့ကိုယ်ပိုင်ဖန်တီးမှုကို လွတ်လပ်စွာအသုံးပြုပါ။ လက်တွေ့ကျကျ၊ နည်းစနစ်ကျကျကို တသွေမသိမ်းလိုက်နာဖို့ မလိုပါဘူး။ ထိုနည်းလမ်းတွေက လုပ်ပြီးသွားပြီဖြစ်လို့ ယခုတခါမှာ ဆန်းသစ်တဲ့နည်းလမ်းလေးကို အသုံးပြုကြည့်ပါ။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)
ဒီနေ့တစ်နေ့လုံးမှာ အလုပ်နှင့်လူတွေကြားထဲ ဗျာများနေရနိုင်ပါတယ်။ အချို့အရာတွေက မမျှော်မှန်းထားတဲ့အချိန်မှာ ဖြစ်ပေါ်လာတတ်လို့ ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ ကိုယ့်ကိုယ်ကိုနဲ့ပတ်သက်ပြီး ထင်ထားတာထက် ပိုပြီးကြးမြတ်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိနားလည်စေမယ့် အရာတစ်ခုရှိလာနိုင်ပါတယ်။
မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်နဝါရီ ၁၉ ရက်အထိ)
အချို့သောပုံစံတွေနဲ့ ကိုယ့်ကိုယ်ကို သံသယဖြစ်စေမယ့် ပြင်းထန်တဲ့တွန်းအားတစ်ခုနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ စကားတွေနဲ့ အလိမ်မခံမိပါစေနဲ့။ ထိုစကားတွေနောက်မှာ ပုန်းကွယ်နေတဲ့ မှန်ကန်တဲ့အဓိပ္ပာယ်ကို ရှာဖွေပါ။ ကိုယ့်ရဲ့ဘဝထဲမှာ အားပြင်တဲ့တည်ရှိမှုတွေ ဖြစ်လာလိုတဲ့ ခေါင်းမာတဲ့ဆန္ဒတွေကို ပြန်လည်တိုက်ထုတ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။
ကုံရာသီဖွား (ဇန်နဝါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)
ကိုယ်ယုံကြည်ရတဲ့ လူတွေနဲ့ပတ်သက်ပြီး သတိထားပါ။ ပစ္စည်းတစ်ခုခုကို လက်ခံတဲ့အခါမှာလည်း ချက်ခြင်းလက်ငင်းလက်မခံဘဲ နှစ်ကြိမ်လောက်သေချာအောင် ပြန်လည်စစ်ဆေးပါ။ ဒါဆိုရင်တော့ အဆိုးဆုံးတွေဖြစ်မလာဖို့ ပိုမိုကောင်းမွန်စွာ ကာကွယ်ထားနိုင်မှာပါနော်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)
မိန်ရာသီဖွားတွေရဲ့ခံစားချက်ကို လူတွေက နားလည်မှာမဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ စိတ်ခံစားချက်တွေထက် အကြောင်းအရာတွေ၊ သတင်းအချက်အလက်တွေကို ပိုပြီးုတုန့်ပြန်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်စကားပြောဆက်ဆံနေတဲ့ သူတွေကို သေချာအဆက်အသွယ်လုပ်နိုင်အောင် အနည်းငယ်လေးသာ အားစိုက်ထုတ်ဖို့လိုတာပါ။ လိုအပ်တယ်ဆိုရင်လည်း နောက်ထပ်ပြန်မေးဖို့ မဆွန့်တုတ်နေပါနဲ့။
Credit : My Style
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...