iMyanmarHouse.com - Best Property Website for Myanmar
×

လွပသန္စြမ္းတဲ့ ဆံေကသာပိုင္ဆိုင္ရဖို႔႔က အမ်ိဳးသားေတြေရာ၊ အမ်ိဳးသမီးေတြပါ ဆႏၵရွိတဲ့အရာပါ။ ဒါေပမယ့္ ဆံပင္ကြ်တ္္ျခင္းနဲ႔ဆံသားပ်က္စီးျခင္းက အခုတေလာ အရမ္းအျဖစ္မ်ားေနၾကတဲ့ ကိစၥျဖစ္လာပါတယ္။ အသက္ကတျဖည္းျဖည္းၾကီးလာတာေၾကာင့္ အရြယ္ေလးရလာတာနဲ႔အမွ် ဆံပင္ေတြ နည္းလာတာက ပံုမွန္ပါပဲ။ ဒါေပမယ့္ အသက္ငယ္ရြယ္စဥ္မွာတည္းက ဆံပင္ေတြစနည္းလာျပီဆိုရင္ေတာ့ ျပႆနာတစ္ခုခုရွိေနတဲ့ လကၡဏာျဖစ္ေနနိုင္ပါတယ္။
သင္သိမွာေတာ့မဟုတ္ေပမယ့္ ဆံေကသာနဲ႔ပတ္သက္တဲ့ ေဆးနည္းကို သင္စားေသာက္ေနတဲ့အာဟာရဓာတ္စာေတြထဲမွာ ေတြ႔ရွိနုိင္ပါတယ္။ ဟုတ္ပါတယ္။ ဆံပင္ဆိုတာ ရွင္သန္ၾကီးထြားမႈျမန္တဲ့ တစ္ရွဴးတစ္မ်ိဳးျဖစ္ျပီး ကိုယ္စားလိုက္တဲ့အစားအစာ ကိုမူတည္ျပီး သင့္ရဲ႕ဆံသားမွာ ၾကီးမားတဲ့ေျပာင္းလဲမႈေတြျဖစ္သြားေစနုိင္ပါတယ္။ ဒါ့ေၾကာင့္ ကုိယ္စားမယ့္အရာေတြကို ေရြးခ်ယ္ဆံုးျဖတ္ျပီး ဆံပင္သန္စြမ္းမႈ၊ ေတာက္ေျပာင္ေခ်ာေမြ႔မႈနဲ႔ ဆံပင္က်န္းမာေရးအလံုးစံုကို တိုးတက္ေအာင္လုပ္ေဆာင္နုိင္ပါတယ္။ ဆံပင္ကြ်တ္သက္သာ ေစဖို႔က သင္စားမယ့္ အစားအစာေတြမွာ အေရးပါတဲ့အာဟာရဓာတ္ေတြ ညီညြတ္မွ်တစြာ ေပါင္းစပ္ပါဝင္ေနဖို႔လိုပါတယ္။ အေရးၾကီးဆံုးအာဟာရကေတာ့ ပရိုတင္းဓာတ္ျဖစ္ပါတယ္။ ပရိုတင္းက ဆံပင္ရဲ႕အဓိကအေျချဖစ္တဲ့အတြက္ အေရးၾကီးဆံုးနဲ႔ မရွိမျဖစ္အာဟာရ ျဖစ္ျပီး ဇင့္၊ ဆာလဖာ၊ ဖက္တီးအက္စစ္၊ သံဓာတ္နဲ႔ ကာဗိုဟိုက္ဒရိတ္ျဒပ္ေပါင္းတို႔လည္း အေရးပါပါတယ္။

သင့္ရဲ႕ဆံေကသာသန္စြမ္းမႈကို ျမွင့္တင္ေပးနိုင္ျပီး ဆံပင္ကြ်တ္ျခင္းကို ေျဖရွင္းေပးနုိင္မယ့္ အစားအစာတခ်ိဳ႕ရွိပါတယ္။သင္ရဲ႕ေန႔စဥ္စားေသာက္ပံုအာဟာရေတြထဲမွာေအာက္ပါအစားအစာေတြကို ထည့္သြင္းစားသံုးပါ။သင့္ရဲ႕ ဆံပင္နဲ႔ပတ္သက္တဲ့ျပႆနာကို ၎တို႔က ကူညီေျဖရွင္းေပးပါလိမ့္မယ္။

(၁) ဗာဒံေစ့

ေလ့လာေတြ႔ရွိခ်က္ေတြအရ လူအေတာ္မ်ားမ်ားဟာ ဗာဒံေစ့မွာၾကြယ္၀စြာပါရွိတတ္တဲ့ ဗီတာမင္ B6၊ သံဓာတ္နဲ႔ဇင့္ တို႔အားနည္းတာေၾကာင့္ ဆံပင္ကြ်တ္ျခင္းနဲ႔ ရင္ဆိုင္ေနရတာေတြ႔ရပါတယ္။ ဗီတာမင္ E က ဆံပင္ႏွစ္ခြျဖစ္ျခင္းကို ကာကြယ္ေပးျပီး ဆံေကသာသန္စြမ္းမႈကို ျမွင့္တင္ေပးပါတယ္။ သံဓာတ္က ခႏၶာကိုယ္အစိတ္အပိုင္းေတြဆီ ေအာက္ဆီဂ်င္နဲ႔အာဟာရ ဓာတ္ပို႔ေဆာင္ေပးရာမွာ လိုအပ္တဲ့ ဟီမိုဂလိုဘင္ ထြက္ရွိမႈကိုအားေပးပါတယ္။ ဒါ့အျပင္ ဇင့္ကလည္း ဆံသားက်န္းမာဖို႔ ကူညီေထာက္ပံ့ေပးျပီး ဦးေရျပားမွာရွိတဲ့အဆီအိတ္ေလးေတြကို လုပ္ေဆာင္ခ်က္မွန္ကန္ေအာင္ ထိန္းညွိေပးပါတယ္။

(၂) ဥအမ်ိဳးမ်ိဳး၊ ငါး နဲ႔ ၾကက္သား

ဥအမ်ိဳးမ်ိဳးဟာ ဆံသားက်န္းမာေရးအတြက္ ေကာင္းတဲ့အစားအစာေတြစာရင္းမွာ ဘက္စံုအသံုးဝင္ဆံုး စားဖြယ္တစ္မ်ိဳးျဖစ္ပါတယ္။ ဥေတြဟာ ပရိုတင္းဓာတ္အၾကြယ္ဝဆံုး အရင္းအျမစ္ေတြဆိုတာ မယံုမရွိပါနဲ႔။ ဥမွာပါတဲ့ပရိုတင္းကို အရည္အေသြးအေကာင္းဆံုး ပရိုတင္းအျဖစ္ ယူဆၾကသလို ဆံပင္သန္စြမ္းျခင္းနဲ႔ ဆံပင္ေပါက္ျခင္းအတြက္ အေကာင္းဆံုးျဖစ္ ပါတယ္။ ဒါေတြအျပင္ ၾကက္ဥမွာ ဆံပင္ကြ်တ္ျခင္းကိုကာကြယ္ျပီး ဦးေရျပားက်န္းမာေရးကို တိုးတက္ေစနိုင္တဲ့ ဘိုင္အိုတင္း နဲ႔ ဗီတာမင္ B ၾကြယ္ဝလြန္းပါတယ္။ ဥေတြမွာ ဆံပင္အျမစ္ကို ေအာက္ဆီဂ်င္ပို႔ေပးတဲ့ သံဓာတ္လည္း ၾကြယ္ဝပါတယ္။ တစ္ပတ္ကို ႏွစ္ၾကိမ္ေလာက္ ၾကက္ဥပါတဲ့ မနက္စာစားေပးျခင္းျဖင့္ ပိုထူ၊ ပိုသန္စြမ္းတဲ့ ဆံေကသာပိုင္ရွင္ ျဖစ္ဖို႔ ေဝးေတာ့မွာ မဟုတ္ပါဘူး။

(၃) ပဲအမ်ိဳးမ်ိဳး

သတ္သတ္လြတ္စားသူေတြအတြက္ေတာ့ ဆံသားထိန္းသိမ္းေရးအတြက္ လိုအပ္တဲ့အာဟာရ ဓာတ္ေတြအလံုအေလာက္ရနိုင္ဖို႔ ခက္ခဲပါတယ္။ ပဲအမ်ိဳးမ်ိဳးမွာ ဗီတာမင္ E နဲ႔ ဓာတ္တုိးဆန္႔က်င္ ပစၥည္းေတြ အမ်ားအျပားပါဝင္ပါတယ္။ ဗီတာမင္ E ၾကြယ္ဝတဲ့ ပဲအမ်ိဳးအစားေတြလည္း အမ်ားၾကီးရွိပါတယ္။

(၄) ဒိန္ခ်ဥ္

ဆံသားထိန္းသိမ္းေရးအတြက္ ဒိန္ခ်ဥ္ကို ေရွးပေဝသဏီတည္းက အသံုးျပဳခဲ့ၾကပါတယ္။ ၎မွာ ဦးေရျပားဆီ ေသြးလည္ပတ္မႈေကာင္းမြန္ေစျပီး ဆံပင္ေပါက္ျခင္းကိုအားေပးတဲ့ ဗီတာမင္ B5 ၾကြယ္ဝပါတယ္။ ဒိန္ခ်ဥ္က ဆံပင္ပါးတာ၊ ဆံပင္ေျခာက္ေသြ႔တာလိုမ်ိဳး ဆံပင္ျပႆနာ အမ်ိဳးမ်ိဳးကို ကုသေပးနိုင္ပါတယ္။ သူ႔မွာ လက္တစ္အက္စစ္လည္း ၾကြယ္ဝတာေၾကာင့္ ပ်က္စီးေနတဲ့ဆံသားကုိ ကုသေပးျပီး ေဗာက္ေပ်ာက္ေအာင္ပါ စြမ္းေဆာင္နိုင္ပါတယ္။

(၅) ေဒါက္ခြရြက္

စိမ္းစိုစိုနဲ႔ ေဒါက္ခြရြက္ဟာ ဆံပင္သန္စြမ္းမႈအတြက္ လိုအပ္တဲ့ ဗီတာမင္ B,C,နဲ႔ E ၊ ပိုတက္စီယမ္၊ ကယ္လ္စီယမ္၊ သံဓာတ္၊မဂၢနီဆီယမ္နဲ႔ အိုမီဂါ 3 ဖက္တီးအက္စစ္တို႔ ပါဝင္တဲ့အရင္းအျမစ္တစ္ခုျဖစ္ပါတယ္။ ဒီလိုအစြမ္းသတၱိေတြပါဝင္တဲ့ ေဒါက္ခြဟာ ဆံပင္ကြ်တ္ျခင္းကို ကာကြယ္ေပးနုိင္တဲ့ အထူးစပါယ္ရွယ္အစားအစာတစ္ခုျဖစ္ေနခဲ့တာပါ။
ဆံပင္ကြ်တ္ျခင္းကို ကာကြယ္ေပးနုိင္တဲ့ အစိမ္းေရာင္ရွိတဲ့တျခားဟင္းသီးဟင္းရြက္ေတြကေတာ့ ပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္နဲ႔ ကိုက္လန္ တို႔ပါဝင္ပါတယ္။

(၆) မုန္လာဥနီ

မုန္လာဥနီဟာ မ်က္စိအတြက္ေကာင္းသလို ဆံပင္ကြ်တ္ျခင္းအတြက္ ထိန္းသိမ္းေရးမွာ အသံုးဝင္ပါတယ္။ မုန္လာဥနီမွာ ဆံပင္သန္စြမ္းဖို႔အေရးပါတဲ့ အာဟာရ ဘီတာကယ္ရိုတင္းဓာတ္ လံုေလာက္စြာပါရွိပါတယ္။ သူ႔မွာပါတဲ့ ဗီတာမင္ A ကလည္း ဦးေရျပားအတြက္ ေကာင္းတဲ့ သဘာဝအဆီထုတ္လုပ္ေပးဖို႔ အေထာက္အကူျပဳပါတယ္။

(၇) ဖရံုေစ့နဲ႔ ေနၾကာေစ့

ဖရံုေစ့ကို ဆံပင္ကြ်တ္ျခင္းအတြက္ ကယ္တင္မယ့္ အေကာင္းဆံုးစူပါအစားအစာေတြထဲက တစ္ခုအျဖစ္လက္ခံထားၾကပါတယ္။ ဒါ့ေၾကာင့္ သန္စြမ္းလွပတဲ့ ဆံေကသာရရွိနုိင္ဖို႔ဆိုရင္ သူ႔ကို ေန႔စဥ္စားေသာက္တဲံအာဟာရထဲ ထည့္သင့္ပါတယ္။ ဖရံုေစ့မွာ ကယ္လ္စီယမ္၊ မဂၢနီဆီယမ္၊ ဗီတာမင္ E၊ ဗီတာမင္ B ေတြ၊ သံဓာတ္၊ ပိုတက္စီယမ္၊ ဘိုင္အိုတင္း၊ ဆီလီနီယမ္၊ ဇင့္နဲ႔ ပရိုတင္း တို႔ၾကြယ္ဝစြာပါဝင္ပါတယ္။ ဖရံုေစ့ေတြမွာ ဆံပင္သန္စြမ္း ထူထဲ၊နက္ေမွာင္ေတာက္ပလာေစနိုင္ တဲ့ အိုမီဂါ 6 ဖက္တီးအက္စစ္ေတြ အမ်ားအျပားပါရွိပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လှပသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ရဖို့က အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ဆန္ဒရှိတဲ့အရာပါ။ ဒါပေမယ့် ဆံပင်ကျွတ်ခြင်းနဲ့ဆံသားပျက်စီးခြင်းက အခုတလော အရမ်းအဖြစ်များနေကြတဲ့ ကိစ္စဖြစ်လာပါတယ်။ အသက်ကတဖြည်းဖြည်းကြီးလာတာကြောင့် အရွယ်လေးရလာတာနဲ့အမျှ ဆံပင်တွေ နည်းလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အသက်ငယ်ရွယ်စဉ်မှာတည်းက ဆံပင်တွေစနည်းလာပြီဆိုရင်တော့ ပြဿနာတစ်ခုခုရှိနေတဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။
သင်သိမှာတော့မဟုတ်ပေမယ့် ဆံကေသာနဲ့ပတ်သက်တဲ့ ဆေးနည်းကို သင်စားသောက်နေတဲ့အာဟာရဓာတ်စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဆံပင်ဆိုတာ ရှင်သန်ကြီးထွားမှုမြန်တဲ့ တစ်ရှူးတစ်မျိုးဖြစ်ပြီး ကိုယ်စားလိုက်တဲ့အစားအစာ ကိုမူတည်ပြီး သင့်ရဲ့ဆံသားမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားမယ့်အရာတွေကို ရွေးချယ်ဆုံးဖြတ်ပြီး ဆံပင်သန်စွမ်းမှု၊ တောက်ပြောင်ချောမွေ့မှုနဲ့ ဆံပင်ကျန်းမာရေးအလုံးစုံကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ ဆံပင်ကျွတ်သက်သာ စေဖို့က သင်စားမယ့် အစားအစာတွေမှာ အရေးပါတဲ့အာဟာရဓာတ်တွေ ညီညွတ်မျှတစွာ ပေါင်းစပ်ပါဝင်နေဖို့လိုပါတယ်။ အရေးကြီးဆုံးအာဟာရကတော့ ပရိုတင်းဓာတ်ဖြစ်ပါတယ်။ ပရိုတင်းက ဆံပင်ရဲ့အဓိကအခြေဖြစ်တဲ့အတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ်အာဟာရ ဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ ဖက်တီးအက်စစ်၊ သံဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဒြပ်ပေါင်းတို့လည်း အရေးပါပါတယ်။

သင့်ရဲ့ဆံကေသာသန်စွမ်းမှုကို မြှင့်တင်ပေးနိုင်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြေရှင်းပေးနိုင်မယ့် အစားအစာတချို့ရှိပါတယ်။သင်ရဲ့နေ့စဉ်စားသောက်ပုံအာဟာရတွေထဲမှာအောက်ပါအစားအစာတွေကို ထည့်သွင်းစားသုံးပါ။သင့်ရဲ့ ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာကို ၎င်းတို့က ကူညီဖြေရှင်းပေးပါလိမ့်မယ်။

(၁) ဗာဒံစေ့

လေ့လာတွေ့ရှိချက်တွေအရ လူအတော်များများဟာ ဗာဒံစေ့မှာကြွယ်ဝစွာပါရှိတတ်တဲ့ ဗီတာမင် B6၊ သံဓာတ်နဲ့ဇင့် တို့အားနည်းတာကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ရင်ဆိုင်နေရတာတွေ့ရပါတယ်။ ဗီတာမင် E က ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးပြီး ဆံကေသာသန်စွမ်းမှုကို မြှင့်တင်ပေးပါတယ်။ သံဓာတ်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်နဲ့အာဟာရ ဓာတ်ပို့ဆောင်ပေးရာမှာ လိုအပ်တဲ့ ဟီမိုဂလိုဘင် ထွက်ရှိမှုကိုအားပေးပါတယ်။ ဒါ့အပြင် ဇင့်ကလည်း ဆံသားကျန်းမာဖို့ ကူညီထောက်ပံ့ပေးပြီး ဦးရေပြားမှာရှိတဲ့အဆီအိတ်လေးတွေကို လုပ်ဆောင်ချက်မှန်ကန်အောင် ထိန်းညှိပေးပါတယ်။

(၂) ဥအမျိုးမျိုး၊ ငါး နဲ့ ကြက်သား

ဥအမျိုးမျိုးဟာ ဆံသားကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာတွေစာရင်းမှာ ဘက်စုံအသုံးဝင်ဆုံး စားဖွယ်တစ်မျိုးဖြစ်ပါတယ်။ ဥတွေဟာ ပရိုတင်းဓာတ်အကြွယ်ဝဆုံး အရင်းအမြစ်တွေဆိုတာ မယုံမရှိပါနဲ့။ ဥမှာပါတဲ့ပရိုတင်းကို အရည်အသွေးအကောင်းဆုံး ပရိုတင်းအဖြစ် ယူဆကြသလို ဆံပင်သန်စွမ်းခြင်းနဲ့ ဆံပင်ပေါက်ခြင်းအတွက် အကောင်းဆုံးဖြစ် ပါတယ်။ ဒါတွေအပြင် ကြက်ဥမှာ ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပြီး ဦးရေပြားကျန်းမာရေးကို တိုးတက်စေနိုင်တဲ့ ဘိုင်အိုတင်း နဲ့ ဗီတာမင် B ကြွယ်ဝလွန်းပါတယ်။ ဥတွေမှာ ဆံပင်အမြစ်ကို အောက်ဆီဂျင်ပို့ပေးတဲ့ သံဓာတ်လည်း ကြွယ်ဝပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ကြက်ဥပါတဲ့ မနက်စာစားပေးခြင်းဖြင့် ပိုထူ၊ ပိုသန်စွမ်းတဲ့ ဆံကေသာပိုင်ရှင် ဖြစ်ဖို့ ဝေးတော့မှာ မဟုတ်ပါဘူး။

(၃) ပဲအမျိုးမျိုး

သတ်သတ်လွတ်စားသူတွေအတွက်တော့ ဆံသားထိန်းသိမ်းရေးအတွက် လိုအပ်တဲ့အာဟာရ ဓာတ်တွေအလုံအလောက်ရနိုင်ဖို့ ခက်ခဲပါတယ်။ ပဲအမျိုးမျိုးမှာ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် E ကြွယ်ဝတဲ့ ပဲအမျိုးအစားတွေလည်း အများကြီးရှိပါတယ်။

(၄) ဒိန်ချဉ်

ဆံသားထိန်းသိမ်းရေးအတွက် ဒိန်ချဉ်ကို ရှေးပဝေသဏီတည်းက အသုံးပြုခဲ့ကြပါတယ်။ ၎င်းမှာ ဦးရေပြားဆီ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံပင်ပေါက်ခြင်းကိုအားပေးတဲ့ ဗီတာမင် B5 ကြွယ်ဝပါတယ်။ ဒိန်ချဉ်က ဆံပင်ပါးတာ၊ ဆံပင်ခြောက်သွေ့တာလိုမျိုး ဆံပင်ပြဿနာ အမျိုးမျိုးကို ကုသပေးနိုင်ပါတယ်။ သူ့မှာ လက်တစ်အက်စစ်လည်း ကြွယ်ဝတာကြောင့် ပျက်စီးနေတဲ့ဆံသားကို ကုသပေးပြီး ဗောက်ပျောက်အောင်ပါ စွမ်းဆောင်နိုင်ပါတယ်။

(၅) ဒေါက်ခွရွက်

စိမ်းစိုစိုနဲ့ ဒေါက်ခွရွက်ဟာ ဆံပင်သန်စွမ်းမှုအတွက် လိုအပ်တဲ့ ဗီတာမင် B,C,နဲ့ E ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊မဂ္ဂနီဆီယမ်နဲ့ အိုမီဂါ 3 ဖက်တီးအက်စစ်တို့ ပါဝင်တဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဒီလိုအစွမ်းသတ္တိတွေပါဝင်တဲ့ ဒေါက်ခွဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထူးစပါယ်ရှယ်အစားအစာတစ်ခုဖြစ်နေခဲ့တာပါ။
ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစိမ်းရောင်ရှိတဲ့တခြားဟင်းသီးဟင်းရွက်တွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ကိုက်လန် တို့ပါဝင်ပါတယ်။

(၆) မုန်လာဥနီ

မုန်လာဥနီဟာ မျက်စိအတွက်ကောင်းသလို ဆံပင်ကျွတ်ခြင်းအတွက် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။ မုန်လာဥနီမှာ ဆံပင်သန်စွမ်းဖို့အရေးပါတဲ့ အာဟာရ ဘီတာကယ်ရိုတင်းဓာတ် လုံလောက်စွာပါရှိပါတယ်။ သူ့မှာပါတဲ့ ဗီတာမင် A ကလည်း ဦးရေပြားအတွက် ကောင်းတဲ့ သဘာဝအဆီထုတ်လုပ်ပေးဖို့ အထောက်အကူပြုပါတယ်။

(၇) ဖရုံစေ့နဲ့ နေကြာစေ့

ဖရုံစေ့ကို ဆံပင်ကျွတ်ခြင်းအတွက် ကယ်တင်မယ့် အကောင်းဆုံးစူပါအစားအစာတွေထဲက တစ်ခုအဖြစ်လက်ခံထားကြပါတယ်။ ဒါ့ကြောင့် သန်စွမ်းလှပတဲ့ ဆံကေသာရရှိနိုင်ဖို့ဆိုရင် သူ့ကို နေ့စဉ်စားသောက်တဲံအာဟာရထဲ ထည့်သင့်ပါတယ်။ ဖရုံစေ့မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် E၊ ဗီတာမင် B တွေ၊ သံဓာတ်၊ ပိုတက်စီယမ်၊ ဘိုင်အိုတင်း၊ ဆီလီနီယမ်၊ ဇင့်နဲ့ ပရိုတင်း တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဖရုံစေ့တွေမှာ ဆံပင်သန်စွမ်း ထူထဲ၊နက်မှောင်တောက်ပလာစေနိုင် တဲ့ အိုမီဂါ 6 ဖက်တီးအက်စစ်တွေ အများအပြားပါရှိပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top