iMyanmarHouse.com - Best Property Website for Myanmar
×











Credit : My Food

အာလူးတွေဟာ အဆီပါဝင်မှုမရှိဘဲ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ သရေစာဖြစ်လို့ သင့်ကိုပြည့်အင့်စေပါတယ်။ အာလူးမီးဖုတ်တွေက အပြုတ်ထက်ကယ်လိုရီအနည်းငယ် ပိုပါပေမယ့်လည်း မီးဖုတ်တွင်ပါဝင်တဲ့ ကစီဓာတ်က အူမကြီးကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ကိုလက်စထရောလျှော့ချပေးပါတယ်။

ပူပူလေးနဲ့ အရသာအလွန်တွေ့တဲ့ အာလူးမီးဖုတ်ကို မကြိုက်တဲ့လူ ရှာမှရှားလှပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး အာလူးမီးဖုတ်က ကိုယ့်အတွက် တကယ်ကောင်းမကောင်းကို သိရှိနိုင်စေဖို့ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် ဖိုက်ဘာတို့ အများအပြားပါဝင်ခြင်း

အာလူးကို အခွံမခွာဘဲ မီးဖုတ်မယ်ဆိုရင် အာဟာရဓာတ်တွေ မပျောက်ပျက်သွားနိုင်ဘဲ အရသာလည်းအလွန်ရှိလှပါတယ်။ အာလူးမီးဖုတ်ကိုအသုံးပြုပြီး ဟင်းတစ်ပွဲပြုလုပ်မယ်ဆိုရင် ဗီတာမင်စီ၊အေ၊ကေ၊ ဖောလစ်နှင့် အခြားဗီတာမင်ဘီများ၊ ကယ်လ်စီယမ်နှင်ပိုတက်စီယမ်တို့ အကုန်လုံးကို ရရှိနိုင်မှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် အကောင်းဆုံးသရေစာ

ဝိတ်လျော့ဖို့ကြိုးစားနေတယ်ဆိုရင် အာလူးမီးဖုတ်ကိုရှောင်စရာမလိုပါဘူး။ အာလူးမီးဖုတ်ကို အခွံပါစားသုံးမယ်ဆိုရင် အသားပဲစားတာထက် ဖိုက်ဘာဓာတ်ကို ပို၍ရရှိနိုင်ပါတယ်။

နှလုံးကျန်းမာရေးနှင့်သွေးပေါင်ချိန်အတွက် ကောင်းမွန်တဲ့ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တို့ပါဝင်ခြင်း

အာလူးမီးဖုတ်ကိုစားပြီး ပိုတက်ဆီယမ်ကို သင့်တင့်မျှတစွာ ရရှိထားခြင်းက ဆား သို့မဟုတ် ဆိုဒီယမ်သုံးစွဲမှုကနေ မကောင်းတဲ့သက်ရောက်မှုတွေကို ချိန်ညှိပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကို လျော့ချပေးနိုင်ရုံသာမက မဂ္ဂနီဆီယမ်ကလည်း နှလုံးရောဂါ၊ အမောဖောက်တာဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ပါတယ်။

နေ့စဉ်စားသုံးပေးရမယ့် ဗီတာမင် B6 နှုန်းကို ရရှိနိုင်ခြင်း

ဗီတာမင် B6 ကို နေ့စဉ်စားသုံးပေးရန်လိုအပ်တဲ့ ပမာဏမှာ 1.3 mg ဖြစ်ပြီး အာလူးမီးဖုတ်တစ်လုံးက ထိုပမာဏရဲ့ တစ်ဝက်ခန့်ကို ပေးစွမ်းနိုင်ပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top