iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Lwinpyin

နေ့စဉ်စားသောက်နေသည့် အစားအစာများထဲတွင် မိမိခန္ဓာကိုယ်ကျန်းမာရေး အတွက် အားအင်နဲ့ အကျိုးများဖြစ်စေသလို ရေရှည်တွက် ကောင်းကျိုးနည်းပြီး ဆိုးကျိုးဖက်ဖြစ်ပေါ်တက်သည့်ကို လူများစွာ အစားအစာနဲ့ လူနေထိုင်မှု့ပုံစံလေးများ သတိမထားမိကြတာလည်း ပါပါလိမ့်မည် ။ အစားအစာများတွင် အဆီများခြင်းသည့် လူကို အကောင်းဖြစ်ခြင်းထက် မကောင်းတာပိုများနေတယ်ဆိုတာ သိကြပါလိမ့်မည် ။ Cholesterol ကိုလက်စထော နည်းလွန်ရင်လည်း မကောင်းသလို များလွန်ရင်လည်း မကောင်းပါဘူး ။ နည်းသည့်အတွက်ကြောင့် အားအင်တွေလျော့နည်းခြင်း ၊ အရေပြားခြောက်ကပ်ခြင်း နှင့် စိတ်ပိုင်းဆိုင် ရာဖြစ်သည့် စိတ်ကျခြင်း ဖြစ်တက်ပါတယ် ။

အဆီများအစားများပြန်ရင်လည်း သွေးလွှတ်ကြောနံရံတွေမှာ လာစုပြီး များလာသည့် အခါ နှလုံးသွေးကြော ကျဉ်းလာခြင်း နှင့် ဆိုးဝါးစွာ ဖြစ်ပေါ်စေသည့် ဟတ်အတက်ခ်မျိုး ဖြစ်ပေါ်စေတက်ပါသည် ။
ဒီ ကိုလက်စထော နည်းနေသလား များနေသလားဆိုတာ သိရှိုနိုင်ဖို့အတွက် စစ်ဆေးသင့်ပါတယ် ။ လူလတ်ပိုင်းအသက်အသက်အရွယ်တွင် စစ်ဆေးခြင်းခံယူသင့်ပါတယ် ။ အမျိုးသားများလည်း စစ်ဆေးသင့် သလို အမျိုးသမီးများလည်း စစ်ဆေးသင့်ပါတယ် ။ မစစ်ဆေးဘဲ ကိုလက်စထောကျဆေးတွေ သောက်သုံး ခြင်း မပြု့သင့်ပါ ။ ကိုလက်စထောတွေများနေလို့ဆိုပြီး စိတ်ပျက်ဖွယ် မဖြစ်ပါနှင့် လူအများပြားတွင် စစ်ဆေးချက်Total ကိုလက်စထော 200 mg/dL အထက်တွင်ရှိနေသည့် လူများ အများအပြား ရှိနေခြင်းကြောင့် ဖြစ်ပါသည် ။
ကိုလက်စထောလျော့နည်းခြင်းနှင့် ကျဆင်းစေခြင်းကို ဖြစ်ပေါ်စေသည့် အစားအစာများ ပါဝင် စားသောက်စေခြင်းသည့် အကောင်းဆုံးဖြစ်ပါတယ် ။

စားသောက်သင့်သည့်များမှာ အသီးအနှံနှင့် သစ်သီးများကို စားပေးပါ ။ ကြက်သွန်ဖြူ ၊ ပဲနီလေး အပါ ပဲအမျိုးမျိုး ၊ သစ်ကြားသီး ဌက်ပျောသီး နှင့် ဖိုက်ဘာများသော အစားအစာများကို ပိုမို စားသင့်ပါသည် ။

အဲလို အကောင်းဆုံးဖြစ်စေသည့် အစားအစာများကို စားသောက်ပြီး အဆီဓာတ်များသော အသား နှင့် နို့ထွက် ပစ္စည်း များ ၊ အရန်သင့် စားသုံးနိုင်သည့် အစားအစာများ နှင့် အရက်ဘီယာ သောက်သုံးခြင်း ရှောင်ရှားပါ ။ ကြက်အရေခွံ ၊ ဆီကြော်ထားသော အသားများ ၊ ထပ်ခါကြော်ထားသည့် ပဲကြော ်အသားကြော်များနှင့် ကလိစာအသားများ စားခြင်းကို ရှောင်ပါ ။ ဆီဖြင့် ကြော်ထားသောအသားများစားသုံးခြင်းထက် အသားလုံး အသားပြား ပြုတ်ချို ဟင်းရည်အဖြစ် စားသောက်ပါက ပိုမိုကောင်းမွန်ပါသည် ။

နေ့ထိုင်မှု့စနစ်ကြောင့် ဌင်း ကိုလက်စထောကျဆင်း လျော့နည်းစေခြင်းသည့် ကိုယ်လက် လှုပ်ရှားခြင်းဖြစ်ပါသည် ။ လမ်းလျှောက်ခြင်း ၊ ပြေးခြင်း နှင့် မိမိနှင့်အဆင်ပြေသည့် ကိုယ်လက်လှုပ်ရှား အားကစားပင် ဖြစ်ပါတော့သည် ။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top