iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ မျပဳခင္ သင့္ ခ်စ္သူ နဲ႔အတူ ျပဳလုပ္ထားဖူးသင့္တဲ့ အရာမ်ား

ကိုယ့္ ခ်စ္သူ နဲ႔အတူ အိမ္ေထာင္ တစ္ခု တည္ေထာင္ဖုိ႔ ဆံုးျဖတ္ခ်က္မခ်ခင္မွာ အရင္ဆံုး သူနဲ႔အတူ ျပဳလုပ္ဖူးသင့္တဲ့အရာေတြ ရွိေနပါတယ္။ တစ္ေယာက္အေၾကာင္း တစ္ေယာက္ဘာမွ ဂဃနဏ မသိပဲ တြဲတာ လပိုင္းေလာက္နဲ႔ မဂၤလာခန္းမ ထဲ ၀င္လိုက္မိတယ္ဆုိရင္ေတာ့ ဒီ အိမ္ေထာင္ ဟာ နားလည္မႈပိုင္း အားနည္းႏိုင္သလို၊ အိမ္ေထာင္ေရး ျပသနာ ေတြလည္း ရႈပ္ေထြးႏိုင္ပါတယ္။ ခုလို ေျပာလို႔ အရင္က လူႀကီးမိဘေတြ ေပးစားတဲ့အတုိင္း ေတြ႕ၾကည့္ၿပီး ယူလိုက္တာမ်ိဳးေတြ ရွိေနတာပဲ၊ တစ္သက္လုံး ေအးေအးခ်မ္းခ်မ္း ေနသြားႏိုင္ၾကတာပဲလုိ႔ ဆိုစရာ ရွိပါတယ္။ ဒါကို ျပန္ေမးစရာရွိတာက ခုလို အိမ္က ဒီလူနဲ႔သင့္ေတာ္တယ္ဆုိလုိ႔ အိမ္ေထာင္ ျပဳရာက အဆင္မေျပတာ၊ ေဖာက္ျပန္တာ၊ နားမလည္တာေတြ ရွိၾကရင္ေတာင္ အရင္ေခတ္ကလူေတြဟာ ကြဲဖုိ႔၊ ကြာဖုိ႔ လြန္စြာရွက္ရြံတတ္ၾကတဲ့ လူမ်ိဳးေတြပါ။ ကြဲလိုက္မယ္ဟဲ့ ဆိုတဲ့စိတ္ကို မ်ိဳသိပ္၊ နာၾကည္းမႈေတြနဲ႔သာ တစ္သက္လံုး ေနသြားရတာမ်ိဳးေတြ ရွိတာမို႔ ဒါမ်ိဳးေတြ မျဖစ္ရေအာင္ အိမ္ေထာင္မျပဳခင္ လုပ္ဖူးထားသင့္တဲ့ အရာေတြကို ခုလို အႀကံေလးေတြ ေပးခ်င္ပါတယ္။

၁။တစ္ဦးနဲ႔ တစ္ဦး ရန္ျဖစ္ ကို ျဖစ္ဖူးထားရပါမယ္။

ကိုယ္ အိမ္ေထာင္ ျပဳမယ့္ သူနဲ႔ တစ္ခါဆိုတစ္ခါမွ ရန္ျဖစ္ တာမ်ိဳး မရွိဘူးလား။ ဒါဆို တစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာမတူညီတဲ့ ကိစၥရပ္ေတြ၊ ႏွစ္သားၾကားက ျဇစ္လာႏိုင္တဲ့ ျပသနာ ေတြကို ဘယ္လိုကိုင္တြယ္ေျဖရွင္းဖုိ႔ စဥ္းစားထားပါ သလဲ။ သဘာ၀က်က်ပဲ ဆုိရမယ္ဆုိရင္ အတြဲ တိုင္းဟာ အနည္းဆံုး ျပသနာ တစ္ခါ၊ ႏွစ္ခါ၊ ဒီ့ထက္မက တက္ဖူးၾကပါတယ္။ ဒီလိုအခ်ိန္မွာ တစ္ဦးနဲ႔တစ္ဦး နားလည္မႈပိုရွိသြားတာမ်ိဳး ႀကံဳရမွာ ျဖစ္သလို သူမႀကိဳက္တာ၊ ကိုယ္မၾကိဳက္တာေတြလည္း ပိုသိသြားမွာပါ။ ဒီလိုမ်ိဳး ျပသနာ တစ္ခါမွမတက္ဖူး၊ ရန္တစ္ခါမွမျဖစ္ဖူးတဲ့သူႏွစ္ဦး အိမ္ေထာင္ က်တဲ့အခါ စိတ္သေဘာထား မတုိက္ဆုိင္တာေတြ ႀကံဳလာရရင္ သူတုိ႔ဘယ္လိုကိုင္တြယ္ေျဖရွင္းရမယ္ဆုိတာ မသိႏိုင္ပါဘူး။

၂။ႏွစ္ဦးစလံုးနဲ႔ မရင္းနွီးတဲ့ ေနရာေဒသ ေတြကို ခရီး အတူထြက္ဖူးထားရပါမယ္။

အိမ္ေထာင္ျပဳျခင္း ဟာ စြန္႔စားခန္းႀကီးလို႔ေတာ့ မဆုိခ်င္ပါဘူး။ ဒါေပမယ့္ ထူးဆန္းတာေတြကို ျမင္ေတြ႕ ႀကံဳေတြ႕ရမယ့္ ခရီးရွည္ႀကီး တစ္ခုလို႔ေတာ့ ေျပာပါရေစ။ ဒီေတာ့ ဒီ ခရီး ကို အတူသြားမယ့္ လူႏွစ္ေယာက္မွာ မႀကံဳေတြ႕ဖူးတဲ့ အရာေတြနဲ႔ ႀကံဳလာရတဲ့အခါ၊ သူစိမ္း ေတြနဲ႔ ေတြ႕ဆံုဆက္ဆံတဲ့အခါ ဘယ္လိုတုံျပန္မလဲ၊ ဘယ္လိုေရွ႕ဆက္ၾကမလဲဆုိတာမ်ိဳးဟာ သင္တုိ႔ႏွစ္ေယာက္အတူ ခရီး သြားဖူးတဲ့အခါ သိသြားမယ့္အရာပါပဲ။ သင္တုိ႔ႏွစ္ဦးမွာ အစီအစဥ္က်က် စဥ္းစားထားတာမ်ိဳးေတြ ႀကံဳဖူးသြားမယ္။ ကိုယ္စီစဥ္ထားသလို ျဖစ္မလာတဲ့အခါ ဘယ္လိုျပန္စဥ္းစားဆံုးျဖတ္ၾကမယ္ဆုိတဲ့ အေတြ႕အႀကံဳေတြ၊ စိတ္လႈပ္ရွားစရာ အသစ္အသစ္ေသာ အရာေတြ အားလံုးဟာ သင္တုိ႔အတူ ခရီးသြားဖူးထားပါမွ ပိုအဆင္ေျပလိမ့္မယ္လို႔ အႀကံေပးခ်င္ပါတယ္။

၃။ႏွစ္ဦးႏွစ္ဖက္က မိသားစု၀င္ ေတြနဲ႔ ရင္ႏွီးၿပီးသား ျဖစ္ရပါမယ္။

အိမ္ေထာင္ ျပဳတဲ့အခ်ိန္ေရာက္မွ ကိုယ့္ ခ်စ္သူ ရဲ႕ မိဘ ေတြ၊ ေမာင္ႏွမ ေတြကို ျမင္ေတြ႕ဖူးတာမ်ိဳး ဘယ္လိုမွ မျဖစ္သင့္ပါဘူး။ ရည္းစားဘ၀မွာကတည္း တစ္အိမ္ကို တစ္အိမ္ ၀င္ထြက္ႏိုင္ရင္ေတာ့ ပိုေကာင္းပါတယ္။ ဒီလိုဆုိရင္ ကိုယ့္ ခ်စ္သူ ရဲ႕ မိသားစု၀င္ေတြအေၾကာင္း၊ သူတုိ႔ရဲ႕ စိတ္ေနစိတ္ထား၊ ေနပံုထုိင္ပံုစတာေတြကို အကဲခတ္ႏိုင္မွာ ျဖစ္သလို ကိုယ့္ ခ်စ္သူအေၾကာင္းလည္း ပိုနားလည္လာပါလိမ့္မယ္။

၄။တစ္ဦးနဲ႕တစ္ဦး အျပန္အလွန္ ေလ့လာသံုးသပ္ဖူးရပါမယ္။

ခ်စ္သူ နွစ္ဦးမွာ တစ္ဦးက အလုပ္ ေတြ မ်ားလြန္းလုိ႔ ကုိယ့္ကို အခ်ိန္ မေပးႏိုင္တာေၾကာင့္ သိပ္မေတြ႕ျဖစ္ၾကဘူးဆုိတဲ့ စကားဟာ တကယ္ေတာ့ စိတ္ကုန္ဖုိ႔ ေကာင္းလြန္းပါတယ္။ ဘယ္သူမဆို ကိုယ္ခ်စ္ရတဲ့သူအတြက္ေတာ့ မရရေအာင္ အခ်ိန္ဖဲ့ေပးတတ္ၾကပါတယ္။ ဒါမွလည္း တစ္ဦးရဲ႕အႀကိဳက္၊ တစ္ဦးရဲ႕သေဘာထားေတြကို နားလည္ႏိုင္မွာျဖစ္ၿပီး နားလည္မႈဆိုတာလည္း ပိုရွိႏို္င္မွာပါ။ ဒီလိုအခ်ိန္က်မွ တစ္ဦးနဲ႔တစ္ဦး သံုးသပ္ဆံုးျဖတ္ရင္း ငါသူနဲ႔ ဘ၀ တစ္ေလွ်ာက္နဲ႔ အတူေနဖို႔ အဆင္ေျပမလားဆိုတာ ေတြးရမွာပါ။

Credit : May Thaw
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိမ်ထောင် မပြုခင် သင့် ချစ်သူ နဲ့အတူ ပြုလုပ်ထားဖူးသင့်တဲ့ အရာများ

ကိုယ့် ချစ်သူ နဲ့အတူ အိမ်ထောင် တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ အရင်ဆုံး သူနဲ့အတူ ပြုလုပ်ဖူးသင့်တဲ့အရာတွေ ရှိနေပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ဘာမှ ဂဃနဏ မသိပဲ တွဲတာ လပိုင်းလောက်နဲ့ မင်္ဂလာခန်းမ ထဲ ဝင်လိုက်မိတယ်ဆိုရင်တော့ ဒီ အိမ်ထောင် ဟာ နားလည်မှုပိုင်း အားနည်းနိုင်သလို၊ အိမ်ထောင်ရေး ပြသနာ တွေလည်း ရှုပ်ထွေးနိုင်ပါတယ်။ ခုလို ပြောလို့ အရင်က လူကြီးမိဘတွေ ပေးစားတဲ့အတိုင်း တွေ့ကြည့်ပြီး ယူလိုက်တာမျိုးတွေ ရှိနေတာပဲ၊ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားနိုင်ကြတာပဲလို့ ဆိုစရာ ရှိပါတယ်။ ဒါကို ပြန်မေးစရာရှိတာက ခုလို အိမ်က ဒီလူနဲ့သင့်တော်တယ်ဆိုလို့ အိမ်ထောင် ပြုရာက အဆင်မပြေတာ၊ ဖောက်ပြန်တာ၊ နားမလည်တာတွေ ရှိကြရင်တောင် အရင်ခေတ်ကလူတွေဟာ ကွဲဖို့၊ ကွာဖို့ လွန်စွာရှက်ရွံတတ်ကြတဲ့ လူမျိုးတွေပါ။ ကွဲလိုက်မယ်ဟဲ့ ဆိုတဲ့စိတ်ကို မျိုသိပ်၊ နာကြည်းမှုတွေနဲ့သာ တစ်သက်လုံး နေသွားရတာမျိုးတွေ ရှိတာမို့ ဒါမျိုးတွေ မဖြစ်ရအောင် အိမ်ထောင်မပြုခင် လုပ်ဖူးထားသင့်တဲ့ အရာတွေကို ခုလို အကြံလေးတွေ ပေးချင်ပါတယ်။

၁။တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ် ကို ဖြစ်ဖူးထားရပါမယ်။

ကိုယ် အိမ်ထောင် ပြုမယ့် သူနဲ့ တစ်ခါဆိုတစ်ခါမှ ရန်ဖြစ် တာမျိုး မရှိဘူးလား။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက် သဘောမတူညီတဲ့ ကိစ္စရပ်တွေ၊ နှစ်သားကြားက ဇြစ်လာနိုင်တဲ့ ပြသနာ တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားထားပါ သလဲ။ သဘာဝကျကျပဲ ဆိုရမယ်ဆိုရင် အတွဲ တိုင်းဟာ အနည်းဆုံး ပြသနာ တစ်ခါ၊ နှစ်ခါ၊ ဒီ့ထက်မက တက်ဖူးကြပါတယ်။ ဒီလိုအချိန်မှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုပိုရှိသွားတာမျိုး ကြုံရမှာ ဖြစ်သလို သူမကြိုက်တာ၊ ကိုယ်မကြိုက်တာတွေလည်း ပိုသိသွားမှာပါ။ ဒီလိုမျိုး ပြသနာ တစ်ခါမှမတက်ဖူး၊ ရန်တစ်ခါမှမဖြစ်ဖူးတဲ့သူနှစ်ဦး အိမ်ထောင် ကျတဲ့အခါ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ကြုံလာရရင် သူတို့ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ မသိနိုင်ပါဘူး။

၂။နှစ်ဦးစလုံးနဲ့ မရင်းနှီးတဲ့ နေရာဒေသ တွေကို ခရီး အတူထွက်ဖူးထားရပါမယ်။

အိမ်ထောင်ပြုခြင်း ဟာ စွန့်စားခန်းကြီးလို့တော့ မဆိုချင်ပါဘူး။ ဒါပေမယ့် ထူးဆန်းတာတွေကို မြင်တွေ့ ကြုံတွေ့ရမယ့် ခရီးရှည်ကြီး တစ်ခုလို့တော့ ပြောပါရစေ။ ဒီတော့ ဒီ ခရီး ကို အတူသွားမယ့် လူနှစ်ယောက်မှာ မကြုံတွေ့ဖူးတဲ့ အရာတွေနဲ့ ကြုံလာရတဲ့အခါ၊ သူစိမ်း တွေနဲ့ တွေ့ဆုံဆက်ဆံတဲ့အခါ ဘယ်လိုတုံပြန်မလဲ၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာမျိုးဟာ သင်တို့နှစ်ယောက်အတူ ခရီး သွားဖူးတဲ့အခါ သိသွားမယ့်အရာပါပဲ။ သင်တို့နှစ်ဦးမှာ အစီအစဉ်ကျကျ စဉ်းစားထားတာမျိုးတွေ ကြုံဖူးသွားမယ်။ ကိုယ်စီစဉ်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်လိုပြန်စဉ်းစားဆုံးဖြတ်ကြမယ်ဆိုတဲ့ အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှားစရာ အသစ်အသစ်သော အရာတွေ အားလုံးဟာ သင်တို့အတူ ခရီးသွားဖူးထားပါမှ ပိုအဆင်ပြေလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။

၃။နှစ်ဦးနှစ်ဖက်က မိသားစုဝင် တွေနဲ့ ရင်နှီးပြီးသား ဖြစ်ရပါမယ်။

အိမ်ထောင် ပြုတဲ့အချိန်ရောက်မှ ကိုယ့် ချစ်သူ ရဲ့ မိဘ တွေ၊ မောင်နှမ တွေကို မြင်တွေ့ဖူးတာမျိုး ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ရည်းစားဘဝမှာကတည်း တစ်အိမ်ကို တစ်အိမ် ဝင်ထွက်နိုင်ရင်တော့ ပိုကောင်းပါတယ်။ ဒီလိုဆိုရင် ကိုယ့် ချစ်သူ ရဲ့ မိသားစုဝင်တွေအကြောင်း၊ သူတို့ရဲ့ စိတ်နေစိတ်ထား၊ နေပုံထိုင်ပုံစတာတွေကို အကဲခတ်နိုင်မှာ ဖြစ်သလို ကိုယ့် ချစ်သူအကြောင်းလည်း ပိုနားလည်လာပါလိမ့်မယ်။

၄။တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေ့လာသုံးသပ်ဖူးရပါမယ်။

ချစ်သူ နှစ်ဦးမှာ တစ်ဦးက အလုပ် တွေ များလွန်းလို့ ကိုယ့်ကို အချိန် မပေးနိုင်တာကြောင့် သိပ်မတွေ့ဖြစ်ကြဘူးဆိုတဲ့ စကားဟာ တကယ်တော့ စိတ်ကုန်ဖို့ ကောင်းလွန်းပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူအတွက်တော့ မရရအောင် အချိန်ဖဲ့ပေးတတ်ကြပါတယ်။ ဒါမှလည်း တစ်ဦးရဲ့အကြိုက်၊ တစ်ဦးရဲ့သဘောထားတွေကို နားလည်နိုင်မှာဖြစ်ပြီး နားလည်မှုဆိုတာလည်း ပိုရှိနိုင်မှာပါ။ ဒီလိုအချိန်ကျမှ တစ်ဦးနဲ့တစ်ဦး သုံးသပ်ဆုံးဖြတ်ရင်း ငါသူနဲ့ ဘ၀ တစ်လျှောက်နဲ့ အတူနေဖို့ အဆင်ပြေမလားဆိုတာ တွေးရမှာပါ။

Credit : May Thaw

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top