iMyanmarHouse.com - Best Property Website for Myanmar
×
Source & Photoos : Life
Credit : Duwun
ယောက်ျားတစ်ယောက်က အောက်ပါအချက်တွေအတိုင်း သင့်အပေါ် ပြုလုပ်လာပြီဆိုရင်တော့ သူဟာ တစ်သက်လုံး သင့်ဘေးနားမှာ နေပေးမယ့်သူလို့ ဆိုနိုင်ပါတယ်။ သူစိတ်ပျက်အောင် သင်မလုပ်မိဖို့တော့ လိုတာပေါ့။
၁။ သင့်အပေါ်မှာ၊ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအပေါ်မှာ အပြည့်အဝနှစ်မြှုပ်ထားတယ်
ပျော်ရွှင်စရာအချိန်တွေကို အတူကုန်ဆုံးဖို့ဆိုတာ လွယ်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ၊ ပြဿ     နာတွေဖြစ်တဲ့အခါ အနားက ထွက်ပြေးသူများတယ်။ ယောက်ျားကောင်းဆိုတာ ရန်လေး နည်းနည်းဖြစ်ရုံနဲ့ ထွက်ပြေးတတ်သူ မဟုတ်ဘူး။ သူတို့ ဒေါသထွက်နေရင်တောင် သူများကို မရမ်းတတ်ဘူး။ သူနဲ့ သင့်ရဲ့ အချစ်ရေးက ဘယ်လောက်အရေးပါသလဲဆိုတာ သူသိတယ်။ သင်တို့ဆက်ဆံရေး မပျက်စီးစေဖို့ နည်းမျိုးစုံနဲ့ ကြိုးစားမယ့်သူ။
၂။ ပြဿ     နာတွေကို မရှောင်ဘူး
ခုနက ပြောသလိုပဲ ယောက်ျားကောင်းဆိုတာ အခက်အခဲကြုံတာနဲ့ ထွက်ပြေးတတ်သူမဟုတ်ဘူး။ သင်တို့ အချစ်ရေးမှာ သူစိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံလာရင် ဂရုတစိုက်၊ တလေးတစားနဲ့ ဖြေရှင်းတယ်။ ပြဿ     နာကို သေချာရှင်းပြပြီး ဖြေရှင်းနိုင်အောင် အစွမ်းကုန်ကြိုးစားမယ်။ ဖြစ်လာတဲ့ပြဿ      နာက အဓိကမဟုတ်ဘူး။ သင်တို့နှစ်ဦး အတူတကွ ဖြေရှင်းနိုင်ဖို့က အဓိကဆိုတာ သူကောင်းကောင်းသိတယ်။
၃။ အသေးအဖွဲလေးတွေကအစ ဂရုစိုက်တယ်
သူတစ်ကိုယ်တည်း နေချိန်တုန်းက ပန်းကန်တွေ မဆေးရသေးတာတို့၊ အမှိုက်တွေ ပုံနေတာတို့ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သင်က အဲဒီလိုမနေနိုင်တာ သူသိတဲ့အတွက် အိမ်ကိုသန့်ရှင်းအောင် သူဂရုတစိုက်လုပ်လိမ့်မယ်။  နှစ်ယောက်စလုံး ကြိုက်တဲ့ ရုပ်ရှင်ကို သူတစ်ယောက်တည်း ကြည့်မှာမဟုတ်ဘူး။
၄။ သူက ထက်မြက်ပြီး ဉာဏ်ရှိတယ်
ယောက်ျားတစ်ယောက်ရဲ့ ဉာဏ်ရည်ကို သူဘယ်လောက် ထက်မြက်တယ်ဆိုတာနဲ့ မတိုင်းပါဘူး။ သူဘယ်လောက် ဉာဏ်ရှိရှိ ပြုလုပ်နိုင်တယ်ဆိုတာနဲ့ တိုင်းတာပါတယ်။ သူက အရာရာကို ရှုထောင့်အမျိုးမျိုးကနေ ကြည်နိုင်ပြီး သင်ကြုံနေရတဲ့ အခြေအနေပေါ် ကောင်းမွန်တဲ့ အကြံဉာဏ်ပေးနိုင်တယ်။ သင့်နေရာမှာ အမြဲဝင်ခံစားကြည့်ပေးသူ ဖြစ်တဲ့အတွက် သင်ခံစားတွေ့ကြုံနေရတာတွေကို နားလည်တယ်။ စိတ်ညစ်ညူးစွာနဲ့ သင့်ကို အော်ထုတ်မယ့်သူ မဟုတ်ဘူး။ သူဟာ မွေးဖွားလာမယ့် သင့်ကလေးတွေကို ကောင်းကောင်း သွန်သင်ညွှန်ကြားနိုင်မယ့်သူလို့ သင်သိတယ်။
၅။ သူက သင့်ကိုယ်သင် ယုံကြည်မှုရှိစေချင်တယ်
ဘယ်လိုပုံစံပဲ သင်နေနေ သူက သင့်ကို လှပတယ်လို့ထင်တယ်။ ဒါတင်မကဘူး၊ သင့်ကိုယ်သင် ယုံကြည်မှုရှိအောင်လည်း သူပြောပေးလိမ့်မယ်။ သင့်ဆံပင်က အရမ်းဆိုးရွားတယ်လို့ သင်ထင်နေတဲ့အချိန်မှာ သင် စိတ်ချမ်းသာအောင် သူပြောပေးလိမ့်မယ်။
၆။ သင့်ပြဿ     နာတွေကို သူ့ပြဿ     နာလို့ သဘောထားတယ်
တစ်ခုခုကြောင့် သင်စိတ်ညစ်နေရင် သူလည်း စိတ်ညစ်တယ်။ သူ့ပြဿ     နာလို့ သဘောထားပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြိုးစားအဖြေရှာတယ်။ သင့်ပြဿ     နာတွေကြောင့် သူ ညမအိပ်နိုင်ဘူး။ ဒါပေမဲ့ အဲဒါကို သူစိတ်မညစ်ဘူး။ သူစိတ်ညစ်တာက သူမကူညီနိုင်တဲ့ ပြဿ     နာတစ်ခုကို သင်ရင်ဆိုင်နေရတာကိုပဲ။ ဘယ်လောက်ခက်ခဲတဲ့ အခြေအနေပဲဖြစ်ဖြစ် သင့်ဘက်က ရပ်တည်ပြီး အကောင်းဆုံးကို သူလုပ်ပေးတယ်။
၇။ သင့်အမှားတွေကို သူရယ်မောတယ်
အမှားနဲ့ ကင်းနိုင်သူမရှိဘူးဆိုတာ သူသိတယ်။ သင့်အမှားကို လွယ်လွယ်နဲ့ သူ ခွင့်လွှတ်နိုင်တယ်။ သင် သူ့ကို ထိခိုက်စေတဲ့ စကားကို ပြောမိတဲ့အခါ တကယ်ရည်ရွယ်တာမဟုတ်ဘူးဆိုတာ သူသိတယ်။ စိတ်တိုသွားရင်တောင် သူရယ်မောလိမ့်မယ်။ သူစိတ်ပျက်စေမယ့် အရာတစ်ခုခုကို (မရည်ရွယ်ဘဲ) လုပ်မိရင်တောင် သူ သင့်ကို အဲဒီအတွက် ခဏခဏ မကျေမနပ်ပြောနေမှာ မဟုတ်ဘူး။ သူက သင့်ကို အရမ်းဂရုစိုက်ပြီး စိတ်ဆတ်ကောင်း ဆတ်မယ်။ ဒါပေမဲ့ မရည်ရွယ်ဘဲ သူ့ခံစားချက်ကို နာကျင်အောင် လုပ်မိတဲ့အတွက် သင့်ကို ဝမ်းနည်းစေမှာ မဟုတ်ဘူး။
Source & Photoos : Life
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top