iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြ ဆုိရင္ေတာင္ ဒီလိုလူမ်ဳိးေတြကို အိမ္ေထာင္ျပဳဖို႔အတြက္ သင္ မေရြးခ်ယ္သင့္ပါဘူး။

၁။ သူ႔ဘာသာ မရပ္တည္ႏုိင္တဲ့သူ

အလုပ္မရွိ အကိုင္မရွိ။ အသက္ ၃၀ ဝန္းက်င္ျဖစ္ေနတာေတာင္ မိဘအေပၚ မွီခိုမႈ မလြတ္ကင္းေသးသူ။  ဒီလုိလူမ်ဳိးဟာ သူ႔ဘာသာ မရပ္တည္ႏုိင္တာ ရွင္းေနပါတယ္။ အဲဒီလုိလူမ်ဳိးကိုသာ ေရြးခ်ယ္မိရင္ သင္ကပဲ အစစအရာရာ တာဝန္ယူရပါလိမ့္မယ္။

၂။ အိမ္ေထာင္ျပဳဖုိ႔ စိတ္မဝင္စားသူ

သူ အိမ္ေထာင္မျပဳခ်င္ဘူးလို႔ ေျပာရင္ ယံုလုိက္ပါ။ လက္ထပ္ဖို႔ သူ႔ကို ဇြတ္အတင္း မတုိက္တြန္းပါနဲ႔။ စိတ္မပါဘဲနဲ႔ လုပ္တဲ့အလုပ္က ဘယ္လိုမွ အဆင္မေျပႏုိင္သလို သူက အိမ္ေထာင္တစ္ခု ထူေထာင္ဖုိ႔ သတၱိမရွိသူဆုိတာ သိသာလွပါတယ္။

၃။ သင္ႀကိဳးစားတာေတာင္ တည္ၾကည္ေလးနက္မလာသူ

ညတုိင္း ကလပ္မွာပဲ အခ်ိန္ကုန္၊ ေပ်ာ္ပါးေသာက္စားေနသူမ်ဳိးနဲ႔ ဘဝတစ္ခုကို တည္ေဆာက္ဖုိ႔ဆုိတာ အေတာ္ရင္ေလးစရာပါ။ သူက အိမ္ေထာင္ျပဳခ်င္တယ္လို႔ ေျပာလာခဲ့ရင္ေတာင္ သူ အဆင္သင့္မျဖစ္ေသးပါဘူး။

၄။ သင့္ဆီ မၾကာခဏ ဖုန္းေခၚ မက္ေဆ့ပို႔တာေတြမလုပ္သူ

ဖုန္းေခၚဖုိ႔ မက္ေဆ့ပို႔ဖို႔ မလုိဘူးလို႔ သူထင္ေနရင္ သူဟာ သင့္အေပၚ တကယ္အေလးအနက္မရွိလုိ႔ပါ။

၅။ အေသးအဖြဲကိစၥေလးေတြကိုေတာင္ ပြင့္လင္းမႈမရွိသူ

သင့္အေပၚ အရာရာသိုဝွက္လြန္းသူဟာ သင့္အတြက္ ယံုၾကည္ႏုိင္ေလာက္သူ မဟုတ္ပါဘူး။ သင့္ကြယ္ရာမွာ ဘာေတြလုပ္ေနမွန္းမသိသူ၊ မိသားစုအေျခအေနကို မေျပာျပသူတစ္ေယာက္ကို မေရြးခ်ယ္သင့္ပါဘူး။

၆။ သင့္အေပၚ ကပ္ေစးနဲသူ

အနည္းဆံုးေတာ့ အတူစားေသာက္တဲ့အခါ ေယာက္်ားတစ္ေယာက္အေနနဲ႔ အျမဲမဟုတ္ေတာင္ အမ်ားအားျဖင့္ ကုန္က်စရိတ္ကို သူထုတ္ေပးသင့္ပါတယ္။ အဲဒီလို မဟုတ္ဘဲ သင္ကခ်ည္း အျမဲအကုန္အက်ခံ ေနရတယ္ဆုိရင္ အဲဒီလို လူမ်ဳိးဟာ သင့္အိမ္ေထာင္ဖက္ ျဖစ္သင့္ပါမလားဆုိတာ စဥ္းစားၾကည့္ပါ။

၇။ သင္နဲ႔ အရာရာမွာ ဆန္႔က်င္ဘက္ ျဖစ္ေနသူ

လူတစ္ေယာက္နဲ႔ တစ္ေယာက္ ေပါင္းစပ္ဖုိ႔ဆုိတာ အက်င့္တူ၊ ဝါသနာတူ၊ ရည္မွန္းခ်က္တူမွ ေပ်ာ္ရႊင္စရာေကာင္းတဲ့ အိမ္ေထာင္ေရး ျဖစ္မွာပါ။ သင္နဲ႔ တူညီတာမရွိဘဲ အရာရာ ဆန္႔က်င္ဘက္ေတြခ်ည္း ျဖစ္ေနရင္ ရန္ပြဲေတြခ်ည္း အျမဲျဖစ္ေနရမွာျဖစ္ပါတယ္။ အဲဒီျပႆနာေတြေၾကာင့္ ခ်စ္သူဘဝမွာေတာင္ အျမဲ တက်က္က်က္ ျဖစ္ေနတာ၊ အိမ္ေထာင္ျပဳလုိက္ရင္ အားလံုး တည္ၿငိမ္သြားမယ္လို႔ မေတြးလိုက္ပါနဲ႔။ အမွားႀကီး မွားသြားပါလိမ့္မယ္။

၈။ တစ္စံုတစ္ေယာက္အေပၚ တြယ္ၿငိေနသူ

သင့္ကို ဒုတိယေရြးခ်ယ္စရာအျဖစ္ ျမင္ေနတဲ့ ေယာက္်ားတစ္ေယာက္ကို သင့္ကို ေရြးခ်ယ္လာေစဖို႔ ႀကိဳးစားစရာ အေၾကာင္းမရွိပါဘူး။

၉။ ျပႆနာေတြနဲ႔ခ်ည္း လံုးခ်ာလည္လိုက္ေနသူ

လူတုိင္းမွာ ျပႆနာဆုိတာ ရွိတတ္ၾကတာပါပဲ။ ဒါေပမဲ့ သူဟာ အဲဒီျပႆနာေတြကို ေျဖရွင္းႏုိင္တဲ့ စြမ္းရည္မရွိသလို ၾကံ့ၾကံ့ခိုင္ႏိုင္တဲ့ အင္အားမ်ဳိးမရွိဘူးဆုိရင္ အဲဒီလိုု ေပ်ာ့ညံ့တဲ့ေယာက္်ားမ်ဳိးကို သင္ဘယ္လို ေရြးခ်ယ္မလဲ။ အိမ္ေထာင္သည္ဘဝက တစ္ကိုယ္တည္းဘဝထက္ ရင္ဆုိင္ေက်ာ္လႊားစရာ ကိစၥရပ္ေတြ ပိုမ်ားျပားပါတယ္။ အဲဒီအခါ သူလိုလူမ်ဳိးက ဘယ္လိုလုပ္ ကိုင္တြယ္ေျဖရွင္းႏုိင္ပါ့မလဲ။

Source & Photos :Life

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူတွေ ဆိုရင်တောင် ဒီလိုလူမျိုးတွေကို အိမ်ထောင်ပြုဖို့အတွက် သင် မရွေးချယ်သင့်ပါဘူး။

၁။ သူ့ဘာသာ မရပ်တည်နိုင်တဲ့သူ

အလုပ်မရှိ အကိုင်မရှိ။ အသက် ၃၀ ဝန်းကျင်ဖြစ်နေတာတောင် မိဘအပေါ် မှီခိုမှု မလွတ်ကင်းသေးသူ။  ဒီလိုလူမျိုးဟာ သူ့ဘာသာ မရပ်တည်နိုင်တာ ရှင်းနေပါတယ်။ အဲဒီလိုလူမျိုးကိုသာ ရွေးချယ်မိရင် သင်ကပဲ အစစအရာရာ တာဝန်ယူရပါလိမ့်မယ်။

၂။ အိမ်ထောင်ပြုဖို့ စိတ်မဝင်စားသူ

သူ အိမ်ထောင်မပြုချင်ဘူးလို့ ပြောရင် ယုံလိုက်ပါ။ လက်ထပ်ဖို့ သူ့ကို ဇွတ်အတင်း မတိုက်တွန်းပါနဲ့။ စိတ်မပါဘဲနဲ့ လုပ်တဲ့အလုပ်က ဘယ်လိုမှ အဆင်မပြေနိုင်သလို သူက အိမ်ထောင်တစ်ခု ထူထောင်ဖို့ သတ္တိမရှိသူဆိုတာ သိသာလှပါတယ်။

၃။ သင်ကြိုးစားတာတောင် တည်ကြည်လေးနက်မလာသူ

ညတိုင်း ကလပ်မှာပဲ အချိန်ကုန်၊ ပျော်ပါးသောက်စားနေသူမျိုးနဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုတာ အတော်ရင်လေးစရာပါ။ သူက အိမ်ထောင်ပြုချင်တယ်လို့ ပြောလာခဲ့ရင်တောင် သူ အဆင်သင့်မဖြစ်သေးပါဘူး။

၄။ သင့်ဆီ မကြာခဏ ဖုန်းခေါ် မက်ဆေ့ပို့တာတွေမလုပ်သူ

ဖုန်းခေါ်ဖို့ မက်ဆေ့ပို့ဖို့ မလိုဘူးလို့ သူထင်နေရင် သူဟာ သင့်အပေါ် တကယ်အလေးအနက်မရှိလို့ပါ။

၅။ အသေးအဖွဲကိစ္စလေးတွေကိုတောင် ပွင့်လင်းမှုမရှိသူ

သင့်အပေါ် အရာရာသိုဝှက်လွန်းသူဟာ သင့်အတွက် ယုံကြည်နိုင်လောက်သူ မဟုတ်ပါဘူး။ သင့်ကွယ်ရာမှာ ဘာတွေလုပ်နေမှန်းမသိသူ၊ မိသားစုအခြေအနေကို မပြောပြသူတစ်ယောက်ကို မရွေးချယ်သင့်ပါဘူး။

၆။ သင့်အပေါ် ကပ်စေးနဲသူ

အနည်းဆုံးတော့ အတူစားသောက်တဲ့အခါ ယောက်ျားတစ်ယောက်အနေနဲ့ အမြဲမဟုတ်တောင် အများအားဖြင့် ကုန်ကျစရိတ်ကို သူထုတ်ပေးသင့်ပါတယ်။ အဲဒီလို မဟုတ်ဘဲ သင်ကချည်း အမြဲအကုန်အကျခံ နေရတယ်ဆိုရင် အဲဒီလို လူမျိုးဟာ သင့်အိမ်ထောင်ဖက် ဖြစ်သင့်ပါမလားဆိုတာ စဉ်းစားကြည့်ပါ။

၇။ သင်နဲ့ အရာရာမှာ ဆန့်ကျင်ဘက် ဖြစ်နေသူ

လူတစ်ယောက်နဲ့ တစ်ယောက် ပေါင်းစပ်ဖို့ဆိုတာ အကျင့်တူ၊ ဝါသနာတူ၊ ရည်မှန်းချက်တူမှ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်မှာပါ။ သင်နဲ့ တူညီတာမရှိဘဲ အရာရာ ဆန့်ကျင်ဘက်တွေချည်း ဖြစ်နေရင် ရန်ပွဲတွေချည်း အမြဲဖြစ်နေရမှာဖြစ်ပါတယ်။ အဲဒီပြဿနာတွေကြောင့် ချစ်သူဘဝမှာတောင် အမြဲ တကျက်ကျက် ဖြစ်နေတာ၊ အိမ်ထောင်ပြုလိုက်ရင် အားလုံး တည်ငြိမ်သွားမယ်လို့ မတွေးလိုက်ပါနဲ့။ အမှားကြီး မှားသွားပါလိမ့်မယ်။

၈။ တစ်စုံတစ်ယောက်အပေါ် တွယ်ငြိနေသူ

သင့်ကို ဒုတိယရွေးချယ်စရာအဖြစ် မြင်နေတဲ့ ယောက်ျားတစ်ယောက်ကို သင့်ကို ရွေးချယ်လာစေဖို့ ကြိုးစားစရာ အကြောင်းမရှိပါဘူး။

၉။ ပြဿနာတွေနဲ့ချည်း လုံးချာလည်လိုက်နေသူ

လူတိုင်းမှာ ပြဿနာဆိုတာ ရှိတတ်ကြတာပါပဲ။ ဒါပေမဲ့ သူဟာ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်မရှိသလို ကြံ့ကြံ့ခိုင်နိုင်တဲ့ အင်အားမျိုးမရှိဘူးဆိုရင် အဲဒီလိုု ပျော့ညံ့တဲ့ယောက်ျားမျိုးကို သင်ဘယ်လို ရွေးချယ်မလဲ။ အိမ်ထောင်သည်ဘဝက တစ်ကိုယ်တည်းဘဝထက် ရင်ဆိုင်ကျော်လွှားစရာ ကိစ္စရပ်တွေ ပိုများပြားပါတယ်။ အဲဒီအခါ သူလိုလူမျိုးက ဘယ်လိုလုပ် ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလဲ။

Source & Photos :Life

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top