iMyanmarHouse.com - Best Property Website for Myanmar
×

(၁) မ်က္ေစ့အျမင္အာ႐ံုကို တိုးေစ ျခင္း
လူတို႔၏ ေျခဖ၀ါးတြင္ reflexogy zones က မ်က္လံုးမ်ား ကဲ့သို႔ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားႏွင့္ ဆက္သြယ္လ်က္႐ွိသည္။ ဖိနပ္မပါပဲ ျမက္ခင္းေပၚ ေလွ်ာက္လိုက္သည့္ အခါ ေျခဖ၀ါး႐ွိ အေၾကာစံုမ်ားမွ မ်က္ေစ့ဆီကို ေရာက္႐ွိေစေသာ အဓိကေနရာကို ႏွိပ္သကဲ့သို႔ ျဖစ္ေစ သည္။ ေျခမ၊ ေျခညိႇဳး၊ ေျခခလယ္ တို႔သည္လည္း ဤမ်က္ေစ့ႏွင့္ ဆိုင္ ေသာ အေၾကာဇံု႐ွိသည့္ေနရာျဖစ္ သျဖင့္ အျမင္အာ႐ံုကို ၾကည္လင္ေစ သည္။ ထို႔မွ်မက ျမက္ခင္းစိမ္း၏ အေရာင္ကို ၾကည့္ျခင္းျဖင့္ မိမိ၏ မ်က္လံုးမ်ားအား ၾကည္လင္လန္း ဆန္းေစသည္။ ျမက္ခင္းေပၚ႐ွိ ႏွင္း ေပါက္ကေလးမ်ားသည္လည္း နံနက္ အခ်ိန္ မ်က္စဥ္းကဲ့သို႔ မ်က္လံုး အတြက္ အက်ိဳးျဖစ္ေစသည္။

(၂) စိတ္ဖိစီးမႈကို ေလ်ာ့က်ေစျခင္း
အထူးသျဖင့္ နံနက္အခ်ိန္တြင္ ဖိနပ္မစီးပဲ ျမက္ခင္းေပၚ လမ္း ေလွ်ာက္ျခင္းက မိမိ၏ အာ႐ံုကို လန္းဆန္းေစသည့္အျပင္ စိတ္ကို လည္း တည္ၿငိမ္ေစသည္။ လတ္ဆတ္ ေသာေလ၊ ေႏြးေထြးေသာေနေရာင္ ျခည္၊ စိမ္းလန္းေသာ ပတ္၀န္းက်င္ႏွင့္ နံနက္ခင္း၏ ေအးျမၿငိမ္းခ်မ္းေသာ ေလထုက ခႏၶာကိုယ္၏ က်န္းမာျခင္း အစုံကို ေပးစြမ္းသည္။ ေနေရာင္မွ ဗီတာမင္ D ႏွင့္ ေလထု၏ သန္႔စင္ မႈက စိတ္ခြန္အားကို ျဖစ္ေစသည္။ သို႔ျဖစ္၍ မိမိ၏ တစ္ေန႔တာကို ျမက္ခင္းေပၚတြင္ ဖိနပ္မစီးပဲ မိနစ္ (၃၀) ခန္႔ လမ္းေလွ်ာက္ျခင္းျဖင့္ အစျပဳေပးလိုက္ပါ။

(၃) ေျခေထာက္မ်ား၏ က်န္းမာမႈကို ရ႐ွိေစျခင္း
ေျခေထာက္မ်ား၏ ႀကြက္စြန္း ႐ြတ္မ်ား၊ ႀကြက္သားမ်ား၊ ႐ိုးဆက္႐ြတ္ မ်ား၊ ေျခဖ၀ါး၊ ေျခခ်င္တိုင္၊ ေျခသလံုး တို႔၏ အားဆန္႔ထုတ္သလို ျဖစ္ေစ သည္။ အနာတရျဖစ္လြယ္ျခင္း၊ ဒူး မ်ားကိုက္ခဲျခင္း၊ ေနာက္ေၾကာဖက္ ျပႆနာမ်ား မျဖစ္ေစျခင္းတို႔ကို အေထာက္အကူေပးသည္။ ေျခဖ၀ါး ျပားေသာ လူမ်ားအတြက္ flexor ေခၚ ကိုယ္အဂၤါအစိတ္အပိုင္းမ်ားကို ေကြးေစႏိုင္ေသာ ၾကြက္သားမ်ားအား သန္မာေစသည္။ ထို႔အျပင္ အေရျပား အသားမာျဖစ္ျခင္း၊ ကိုက္ခဲေတာင့္ တင္းျခင္း၊ နာက်င္ျခင္းတို႔ ေျခဖ၀ါး တြင္ မျဖစ္ေစရန္ အေထာက္အကူ ေပးသည္။

Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
(၁) မျက်စေ့အမြင်အာရုံကို တိုးစေ ခြင်း
လူတို့၏ ခြေဖဝါးတွင် reflexogy zones က မျက်လုံးများ ကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဆက်သွယ်လျက်ရှိသည်။ ဖိနပ်မပါပဲ မြက်ခင်းပေါ် လျှောက်လိုက်သည့် အခါ ခြေဖဝါးရှိ အကြောစုံများမှ မျက်စေ့ဆီကို ရောက်ရှိစေသော အဓိကနေရာကို နှိပ်သကဲ့သို့ ဖြစ်စေ သည်။ ခြေမ၊ ခြေညှိုး၊ ခြေခလယ် တို့သည်လည်း ဤမျက်စေ့နှင့် ဆိုင် သော အကြောဇုံရှိသည့်နေရာဖြစ် သဖြင့် အမြင်အာရုံကို ကြည်လင်စေ သည်။ ထို့မျှမက မြက်ခင်းစိမ်း၏ အရောင်ကို ကြည့်ခြင်းဖြင့် မိမိ၏ မျက်လုံးများအား ကြည်လင်လန်း ဆန်းစေသည်။ မြက်ခင်းပေါ်ရှိ နှင်း ပေါက်ကလေးများသည်လည်း နံနက် အချိန် မျက်စဉ်းကဲ့သို့ မျက်လုံး အတွက် အကျိုးဖြစ်စေသည်။

(၂) စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
အထူးသဖြင့် နံနက်အချိန်တွင် ဖိနပ်မစီးပဲ မြက်ခင်းပေါ် လမ်း လျှောက်ခြင်းက မိမိ၏ အာရုံကို လန်းဆန်းစေသည့်အပြင် စိတ်ကို လည်း တည်ငြိမ်စေသည်။ လတ်ဆတ် သောလေ၊ နွေးထွေးသောနေရောင် ခြည်၊ စိမ်းလန်းသော ပတ်ဝန်းကျင်နှင့် နံနက်ခင်း၏ အေးမြငြိမ်းချမ်းသော လေထုက ခန္ဓာကိုယ်၏ ကျန်းမာခြင်း အစုံကို ပေးစွမ်းသည်။ နေရောင်မှ ဗီတာမင် D နှင့် လေထု၏ သန့်စင် မှုက စိတ်ခွန်အားကို ဖြစ်စေသည်။ သို့ဖြစ်၍ မိမိ၏ တစ်နေ့တာကို မြက်ခင်းပေါ်တွင် ဖိနပ်မစီးပဲ မိနစ် (၃၀) ခန့် လမ်းလျှောက်ခြင်းဖြင့် အစပြုပေးလိုက်ပါ။

(၃) ခြေထောက်များ၏ ကျန်းမာမှုကို ရရှိစေခြင်း
ခြေထောက်များ၏ ကြွက်စွန်း ရွတ်များ၊ ကြွက်သားများ၊ ရိုးဆက်ရွတ် များ၊ ခြေဖဝါး၊ ခြေချင်တိုင်၊ ခြေသလုံး တို့၏ အားဆန့်ထုတ်သလို ဖြစ်စေ သည်။ အနာတရဖြစ်လွယ်ခြင်း၊ ဒူး များကိုက်ခဲခြင်း၊ နောက်ကြောဖက် ပြဿနာများ မဖြစ်စေခြင်းတို့ကို အထောက်အကူပေးသည်။ ခြေဖဝါး ပြားသော လူများအတွက် flexor ခေါ် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ကွေးစေနိုင်သော ကြွက်သားများအား သန်မာစေသည်။ ထို့အပြင် အရေပြား အသားမာဖြစ်ခြင်း၊ ကိုက်ခဲတောင့် တင်းခြင်း၊ နာကျင်ခြင်းတို့ ခြေဖဝါး တွင် မဖြစ်စေရန် အထောက်အကူ ပေးသည်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top