iMyanmarHouse.com - Best Property Website for Myanmar
×

ေစ်းသက္သက္သာသာနဲ့ ဝယ္စားႏိုင္တဲ့ စားဖိုေဆာင္သီးႏွံေဂၚရခါးသီးနဲ႔ ပတ္သက္ျပီး က်န္းမာေရးေကာင္းက်ိဳးဘာေတြရွိသလဲ ေလ့လာၾကည့္ရေအာင္ပါ။

ေဂၚရခါးသီးက ႏွလံုးေရာဂါသမားေတြအတြက္ ေကာင္းက်ိဳးျပဳျပီး ကင္ဆာေရာဂါေတြမျဖစ္ပြားေအာင္ ကာကြယ္ႏိုင္စြမ္းရွိပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့စြမ္းအင္ထုတ္လုပ္ဖို့အတြက္လည္း ကူညီေပးပါတယ္။

အမွ်င္ဓာတ္လည္း ၾကြယ္ဝတာေၾကာင့္ ဝမ္းခ်ဳပ္တာေတြကိုလည္း ကာကြယ္ႏိုင္တဲ့အျပင္ သိုင္းရိြဳက္အက်ိတ္ၾကီး က်န္းမာသန္စြမ္းေစဖို႔ေထာက္ကူေပးပါတယ္။ ေနာက္ျပီး အေရျပားမွာအဖုအပိမ့္ျဖစ္တာေတြ၊ ဝက္ျခံေပါက္တာေတြကိုလည္း ကာကြယ္ေပးျပီး အရိုးေတြသန္မာဖို႔အတြက္လည္း ကူညီေပးပါတယ္။

ေဂၚရခါးသီးမွာပါတဲ့ သတၱဳဓာတ္ကေသြးဖိအားကို ပံုမွန္ျဖစ္ေစျပီး ဦးေႏွာက္ဖြံ႕ျဖိဳးမႈအတြက္လည္း ေကာင္းက်ိဳးျပဳပါတယ္။ မဂၢနီဆီယမ္ပါဝင္တာေၾကာင့္ ၾကြက္တက္တာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့အျပင္ ကယ္လိုရီပမာဏလည္းနည္းတဲ့အတြက္ ပံုမွန္စားေပးႏိုင္ပါတယ္။

ေဂၚရခါးရြက္၊ အညႊန္႔၊ အသီး၊ အျမစ္အကုန္လံုးအသံုးဝင္ျပီး ဓာတ္တိုးဆန္႔က်င္ဂုဏ္သတိၱပါဝင္တာေၾကာင့္ ခႏၶာကိုယ္အတြက္ သက္ေတာ္ေစာင့္သဖြယ္အက်ိဳးျပဳပါတယ္။

Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဈေးသက်သက်သာသာနဲ့ ဝယ်စားနိုင်တဲ့ စားဖိုဆောင်သီးနှံဂေါ်ရခါးသီးနဲ့ ပတ်သက်ပြီး ကျန်းမာရေးကောင်းကျိုးဘာတွေရှိသလဲ လေ့လာကြည့်ရအောင်ပါ။

ဂေါ်ရခါးသီးက နှလုံးရောဂါသမားတွေအတွက် ကောင်းကျိုးပြုပြီး ကင်ဆာရောဂါတွေမဖြစ်ပွားအောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ထုတ်လုပ်ဖို့အတွက်လည်း ကူညီပေးပါတယ်။

အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် ဝမ်းချုပ်တာတွေကိုလည်း ကာကွယ်နိုင်တဲ့အပြင် သိုင်းရွိုက်အကျိတ်ကြီး ကျန်းမာသန်စွမ်းစေဖို့ထောက်ကူပေးပါတယ်။ နောက်ပြီး အရေပြားမှာအဖုအပိမ့်ဖြစ်တာတွေ၊ ဝက်ခြံပေါက်တာတွေကိုလည်း ကာကွယ်ပေးပြီး အရိုးတွေသန်မာဖို့အတွက်လည်း ကူညီပေးပါတယ်။

ဂေါ်ရခါးသီးမှာပါတဲ့ သတ္တုဓာတ်ကသွေးဖိအားကို ပုံမှန်ဖြစ်စေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း ကောင်းကျိုးပြုပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ကယ်လိုရီပမာဏလည်းနည်းတဲ့အတွက် ပုံမှန်စားပေးနိုင်ပါတယ်။

ဂေါ်ရခါးရွက်၊ အညွှန့်၊ အသီး၊ အမြစ်အကုန်လုံးအသုံးဝင်ပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် သက်တော်စောင့်သဖွယ်အကျိုးပြုပါတယ်။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top