iMyanmarHouse.com - Best Property Website for Myanmar
×
၁။ မပြောခင်စဉ်းစားပါ။
Source : Simple
Credit : Duwun
ဒေါသထွက်ခြင်းက မကောင်းဘူးဆိုတ အားလုံးသိကြတဲ့ အရာပါ။ စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေထဲမှာ ဖိစီးမှုနဲ့ ဒေါသထွက်ခြင်းတွေ ပါဝင်ပါတယ်။ ဒေါသလွယ်သူတွေ အတွက်တော့ နေ့တိုင်းဟာ ဒေါသထွက်ချင်စရာတွေချည်းပါပဲ။
ကားပိတ်လို့၊ အလုပ်အဆင်မပြေလို့၊ အိမ်မှာ အဆင်မပြေလို့ စသဖြင့် အကြောင်းအရာကတော့ မျိုးစုံပါ။ ဒေါသထွက်လွယ်သူတွေအတွက် မပင်ပန်းပဲ လေ့ကျင့်ယူလို့ရတဲ့ ဒေါသထိန်းနည်း (၁၀) မျိုးကိုဖော်ပြပေးထားပါတယ်။
၁။ မပြောခင်စဉ်းစားပါ။
၂။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ ကိုယ့်လက်လှုပ်ရှားမှုက ဖိအားကင်းပြီး ဒေါသလျော့စေပါတယ်။
၃။ နားချိန်ရအောင်ယူပါ။ အမြဲပဲ အလုပ်ချည်း လုပ်မနေပါနဲ့။
၄။ ဒေါသဖြစ်စရာ တွေ့လာရင် ဖြေရှင်းရမယ့် အဖြေကို ရှာကြည့်ပါ။ သင့်ကလေးတွေ အခန်းထဲမှာ ဆူညံနေလို့ သွားမဟောက်လိုက်ပါနဲ့။ အခန်းတံခါး အရင်ပိတ်ကြည့်လိုက်ပါ။
၅။ စကားပြောရင် “ငါ” ဆိုတာကြီးကို မပါအောင် ဂရုစိုက်ကြည့်ပါ။ “နင့်လုပ်ရပ်ကို ငါအရမ်း အံ့သြတယ်” ဆိုတဲ့ စကားအစား “နင့်လုပ်ရပ်က အံ့သြဖို့ကောင်းပါလား” ဆိုတာမျိုး ပြောကြည့်ပါ။
၆။ အာဃာတာတွေ အငြိုးအတေးတွေမထားပါနဲ့။ ခွင့်လွှတ်ခြင်းက ကိုယ့်ရဲ့စိတ် ငြိမ်းချမ်းဖို့ အကောင်းဆုံး နည်းလမ်းပါ။
၇။ ဟာသများများပြောပါ။ ဟာသကားတွေ မကြာမကြာကြည့်ပါ။ ရယ်မောခြင်းက စိုးရိမ်ပူပန်မှုတွေ ကင်းဝေးစေပါတယ်။
၈။ အလုပ်ရှုပ်နေရင်တောင် ခဏတဖြုတ်အနားယူလို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ငါးမိနစ်လောက် မျက်လုံးမှိတ်ထားပြီး အသက်ရှုတာကို မှတ်နေတာလည်း အနားယူတာပါပဲ။
၉။ ထွက်လာတဲ့ ဒေါသကိုချိုးနှိမ်ပါ။ ချက်ခြင်း ထွက်လာတဲ့ ဒေါသကို ချိုးနှိမ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အလေ့အကျင့်ပါပဲ။ များများလုပ်ရင် နောက်ဆိုအကျင့်ဖြစ်သွားမှာပါ။
၁၀။ အကောင်းမြင်ပါ။ အကောင်းမြင်စိတ်ကိုလည်း မွေးမြူလို့ရပါတယ်။ အကောင်းမြင်စိတ်များရင် ဒေါသထွက်စရာ သိပ်ရှိတော့မှာ မဟုတ်ပါဘူး။
Source : Simple
Credit : Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top