iMyanmarHouse.com - Best Property Website for Myanmar
×

အပူခ်ိန္ေတြအလြန္ျမင့္ၿပီး ေခၽြးတအိုက္အိုက္ျဖစ္ေနတဲ့ တစ္ႏွစ္တာရဲ႕အပူဆံုးရာသီကို ျပန္လည္ေရာက္ရွိလာျပန္ပါၿပီ။ ဒီလိုမ်ိဳးအလြန္႕အလြန္ ပူအိုက္တဲ့ရာသီမ်ိဳးမွာ ကိုယ့္ကိုယ္ကို ေသခ်ာဂရုတစိုက္မရွိဘူးဆိုရင္ေတာ့ လြန္ကဲတဲ့အပူက သင့္ကိုေနထိုင္မေကာင္းျဖစ္လာေစႏုိင္ပါတယ္။

ဒါေပမယ့္လည္း ဒီလိုမ်ိဳး ေႏြရာသီမွာ ေခၽြးထြက္လြန္တာေတြကို သံပယိုသီးေတြကို အသံုးျပဳၿပီး တိုက္ဖ်က္ႏိုင္ပါတယ္။ ဒါေႀကာင့္ သံပုယိုသီးကို ဘယ္လိုနည္းလမ္းေတြနဲ႕ အသံုးျပဳႏုိင္သလဲ သိရွိႏိုင္ေစဖို႕ အခုပဲေဖာ္ျပေပးလိုက္ရပါတယ္။

၁။ သံပယိုရည္

အစာစားၿပီးေနာက္ သံပယိုရည္ကို ေသာက္ေပးျခင္းက အစာမေႀကတဲ့ျပႆနာေတြကို သက္သာေစႏုိင္ပါတယ္။ ခႏၶာကိုယ္အတြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏုိင္လုိ႕ သံပုယိုရည္ထဲကို ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ၿပီး ေသာက္သံုးေပးႏုိင္ပါတယ္။

၂။ သံပုယိုသီးရဲ႕ ေမႊးရနံ႕

ဒီလိုမ်ိဳး ေႏြရာသီ ပူအိုက္တဲ့အခ်ိန္မွာ ေခၽြးထြက္လြန္တာကေတာ့ သဘာ၀ပါ။ ေခၽြးကေနၿပီး ထြက္လာတဲ့ကိုယ္သင္းနံ႕ဟာ တခါတေလမွာ အလြန္အရွက္ရစရာကို ျဖစ္ေစႏုိင္ပါတယ္။ ဒီလိုမ်ိဳးဆိုးရြားတဲ့ ေခၽြးနံ႕ကိုဖယ္ရွားဖို႕အတြက္ သံပုယိုရည္အနည္းငယ္ႏွင့္ ေရကိုေရာၿပီး ခ်ိဳင္းႏွင့္ အျခားေခၽြးထြက္တဲ့ေနရာေတြမွာ သုတ္လိမ္းၿပီး ၁၅ မိနစ္ထားေပးပါ။ အခ်ိန္ျပည့္သြားလွ်င္ ေရေအးႏွင့္ေဆးေႀကာႏုိင္ပါတယ္။

ေန႕စဥ္မွန္မွန္လုပ္ေဆာင္ေပးမယ္ဆိုရင္ ေခၽြးနံ႕ဆိုးရြားမႈကို သက္သာေစႏုိင္ပါတယ္။

၃။ ေနေလာင္တာေတြအတြက္ သံပုယိုသီး

ကိုယ့္ရဲ႕မ်က္ႏွာကို ေနေလာင္သည့္ဒဏ္မွ ကာကြယ္ရန္အတြက္ သံပုယိုရည္အနည္းငယ္ကို မ်က္ႏွာျပင္ေပၚသုတ္လိမ္းေပးပါ။ ၁၀ မိနစ္ႀကာ ေျခာက္ေအာင္ထားၿပီးသြားရင္ ေရေအးႏွင့္ မ်က္ႏွာသစ္ပါ။ ထိေရာက္တဲ့ရလဒ္ေတြကို ရရွိလိုပါက တစ္ေန႕လွ်င္ တစ္ႀကိမ္ ေန႕စဥ္မွန္မွန္လုပ္ေဆာင္ေပးပါ။

၄။ ခံတြင္းနံ႕သင္းပ်ံ႕ဖို႕အတြက္

အကယ္၍ ကိုယ့္ရဲ႕ခံတြင္းနံ႕ဆိုးရြားေနတယ္ဆိုရင္ေတာ့ သံပုယိုသီးကို အသံုးျပဳေပးႏုိင္ပါတယ္။ ပ်ားရည္၊ သံပုယိုရည္၊ သစ္ႀကံပိုးေခါက္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစီတုိ႕ကို ေရေႏြးေႏြးေလးခြက္တစ္၀က္ခန္႕ထဲ ေရာေမႊပါ။ ၿပီးသြားလွ်င္ ပါးစပ္ထဲထည့္၊ ပလုပ္က်င္းၿပီးပါက ပါးစပ္ထဲမွာ လန္းဆန္းမႈကို ခံစားမိမွာပါ။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အပူချိန်တွေအလွန်မြင့်ပြီး ချွေးတအိုက်အိုက်ဖြစ်နေတဲ့ တစ်နှစ်တာရဲ့အပူဆုံးရာသီကို ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ ဒီလိုမျိုးအလွန့်အလွန် ပူအိုက်တဲ့ရာသီမျိုးမှာ ကိုယ့်ကိုယ်ကို သေချာဂရုတစိုက်မရှိဘူးဆိုရင်တော့ လွန်ကဲတဲ့အပူက သင့်ကိုနေထိုင်မကောင်းဖြစ်လာစေနိုင်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုမျိုး နွေရာသီမှာ ချွေးထွက်လွန်တာတွေကို သံပယိုသီးတွေကို အသုံးပြုပြီး တိုက်ဖျက်နိုင်ပါတယ်။ ဒါကြောင့် သံပုယိုသီးကို ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုနိုင်သလဲ သိရှိနိုင်စေဖို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ သံပယိုရည်

အစာစားပြီးနောက် သံပယိုရည်ကို သောက်ပေးခြင်းက အစာမကြေတဲ့ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လို့ သံပုယိုရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၂။ သံပုယိုသီးရဲ့ မွှေးရနံ့

ဒီလိုမျိုး နွေရာသီ ပူအိုက်တဲ့အချိန်မှာ ချွေးထွက်လွန်တာကတော့ သဘာဝပါ။ ချွေးကနေပြီး ထွက်လာတဲ့ကိုယ်သင်းနံ့ဟာ တခါတလေမှာ အလွန်အရှက်ရစရာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးဆိုးရွားတဲ့ ချွေးနံ့ကိုဖယ်ရှားဖို့အတွက် သံပုယိုရည်အနည်းငယ်နှင့် ရေကိုရောပြီး ချိုင်းနှင့် အခြားချွေးထွက်တဲ့နေရာတွေမှာ သုတ်လိမ်းပြီး ၁၅ မိနစ်ထားပေးပါ။ အချိန်ပြည့်သွားလျှင် ရေအေးနှင့်ဆေးကြောနိုင်ပါတယ်။

နေ့စဉ်မှန်မှန်လုပ်ဆောင်ပေးမယ်ဆိုရင် ချွေးနံ့ဆိုးရွားမှုကို သက်သာစေနိုင်ပါတယ်။

၃။ နေလောင်တာတွေအတွက် သံပုယိုသီး

ကိုယ့်ရဲ့မျက်နှာကို နေလောင်သည့်ဒဏ်မှ ကာကွယ်ရန်အတွက် သံပုယိုရည်အနည်းငယ်ကို မျက်နှာပြင်ပေါ်သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ကြာ ခြောက်အောင်ထားပြီးသွားရင် ရေအေးနှင့် မျက်နှာသစ်ပါ။ ထိရောက်တဲ့ရလဒ်တွေကို ရရှိလိုပါက တစ်နေ့လျှင် တစ်ကြိမ် နေ့စဉ်မှန်မှန်လုပ်ဆောင်ပေးပါ။

၄။ ခံတွင်းနံ့သင်းပျံ့ဖို့အတွက်

အကယ်၍ ကိုယ့်ရဲ့ခံတွင်းနံ့ဆိုးရွားနေတယ်ဆိုရင်တော့ သံပုယိုသီးကို အသုံးပြုပေးနိုင်ပါတယ်။ ပျားရည်၊ သံပုယိုရည်၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီတို့ကို ရေနွေးနွေးလေးခွက်တစ်ဝက်ခန့်ထဲ ရောမွှေပါ။ ပြီးသွားလျှင် ပါးစပ်ထဲထည့်၊ ပလုပ်ကျင်းပြီးပါက ပါးစပ်ထဲမှာ လန်းဆန်းမှုကို ခံစားမိမှာပါ။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top