iMyanmarHouse.com - Best Property Website for Myanmar
×

ေဒါသႀကီးတတ္တဲ့သူတစ္ေယာက္လား။ မိန္းကေလးတစ္ေယာက္အေနနဲ႔ ေဒါသႀကီးတာဟာမေကာင္းဘူးဆုိေပမဲ့လည္း လူပုစိတ္တုိ၊ လူေကာင္ေသးသေလာက္ ေဒါသႀကီးတတ္တဲ့ ေကာင္မေလးေတြဟာ ခ်စ္ဖုိ႔ေကာင္းၾကပါတယ္။ သူတုိ႔ဟာ စိတ္ကတုိလြယ္တတ္တယ္ဆုိေပမဲ့ ေကာင္းတဲ့အခ်က္ေလးေတြလည္းရွိပါတယ္ေနာ္။

၁) ပြင့္လင္းတယ္။

စိတ္ဆတ္တဲ့သူ အမ်ားစုက ပြင့္လင္းၾကပါတယ္။ ေျပာစရာရွိရင္လည္း တဲ့တုိးေျပာတတ္ၾကသလုိ စကားကုိေကြ႔ဝိုက္ေျပာတာမ်ိဳး သေဘာမက်ၾကပါဘူး။ တစ္ခါတေလ စကားကုိ တုတ္ထိုးအိုးေပါက္ ေျပာတတ္ၾကတာမို႔ သူတို႔အေၾကာင္း မသိသူေတြကေတာ့ ဘယ္လိုလဲဆုိၿပီးထင္ျမင္တတ္ၾကပါတယ္။

၂) မာယာမမ်ားဘူး။

ေဒါသႀကီးတယ္ဆုိတာ မဟုတ္မမွန္ရင္ ေခါင္းငံု႔သည္းခံဖို႔ကုိ မလုပ္ခ်င္လုိ႕ပါ။ ကိုယ့္ကုိ မမွန္တာစြပ္စြဲေျပာဆုိလာတာကို ျပန္လည္ေခ်ပေျပာဆုိဖုိ႔ ႀကိဳးစားတာမ်ားၿပီး လူအျမင္မွာ ေဒါသႀကီးတယ္ ျဖစ္လာတာပါ။ တစ္နည္းအားျဖင့္ သူတုိ႔က သူမ်ားထက္စာရင္ ခ်က္က်လက္က်ေျပာဖုိ႔ကုိ အာရံုမရဘဲ ေဟာေဟာဒိုင္းဒုိင္းေတြေျပာတဲ့အတြက္ ျပႆနာတစ္ခုျဖစ္ရင္ သူ႔ျဖဴစင္မႈကို တစ္ဖက္သားကို အျပည့္အဝမျပႏုိင္ပါဘူး။ ဒါေပမဲ့ သင့္အေပၚကုိ ျပံဳးျပံဳးေလးဆက္ဆံၿပီး ေနာက္ကြယ္က်မွ အရိႈက္ထိေအာင္လုပ္မဲ့ လုပ္ရပ္မ်ိဳး သူတုိ႔မလုပ္ပါဘူး။

၃) မရွက္ဘူး။

တစ္နည္းအားျဖင့္ ပဲမမ်ားဘူးေပါ့။ သာမန္အခ်ိန္သာ ေအးေဆးေနရင္ေနေပမဲ့ စိတ္တုိလာတဲ့အခါ လူၾကားထဲေအာ္ရမွာလည္း မရွက္တတ္ပါဘူး။ ဒါဟာ သူတုိ႔ေဒါသထြက္ရတဲ့အခ်ိန္မွာ က်န္တာဘာမွအာရံုမရေတာ့လုိ႔ပါ။ ျပႆနာျဖစ္ၿပီးတဲ့အခ်ိန္ဆုိ သူတုိ႔စိတ္ထဲ ဘာအညိဳးအေတးမွ က်န္မွာမဟုတ္ပါဘူး။

၄) ေပါ့ပါးတဲ့စိတ္ရွိတယ္။

အခ်ိဳ႕မိန္းကေလးေတြက ျပႆနာတစ္ခုျဖစ္ရင္ ကိုယ့္ကိုယ္ကုိခ်ဳပ္တည္းၿပီး စိတ္ထဲမွာပဲ သိမ္းထားၾကပါတယ္။ ၾကာလာတဲ့အခါ စိတ္ဒဏ္ရာေတြျဖစ္လာတာေပါ့။ စိတ္ဆတ္တဲ့သူေတြကေတာ့ ျပႆနာတစ္ခုျဖစ္လာတဲ့အခါ ပြင့္ပြင့္လင္းလင္းရင္ဆုိင္တာေၾကာင့္ ဘယ္အရာမဆုိရင္ထဲမွာပဲ ၿမိဳသိပ္ထားတဲ့အမ်ိဳးသမီးေတြထက္ လြတ္လပ္ေပါ့ပါးတဲ့ ကိုယ္ရည္ကိုယ္ေသြးရွိပါတယ္။

ေဒါသႀကီးတာဟာ တစ္ခါတစ္ရံမွာ ဆံုးျဖတ္ခ်က္တစ္ခုကို ျမန္ျမန္ဆန္ဆန္လုပ္တတ္တာမို႔ ေနာင္တရမဲ့ျဖစ္ရပ္မ်ိဳး မလုပ္မိဖုိ႔ အေရးႀကီးပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ မဟုတ္မခံစိတ္ရွိတဲ့ ဆတ္ဆတ္ႀကဲေယာင္းတုိ႔ဟာ တစ္ဘက္ကၾကည့္ရင္ ခ်စ္ဖုိ႔ေတာ့ေကာင္းေနဦးမွာပါပဲ။ အဲလို ဆတ္ဆတ္ႀကဲ ေဒါသအိုးေလးေတြကို မန္းရွင္းေခၚသြားဖို႔ မေမ့နဲ႔ဦးေနာ္.. 😉

Credit : Miko ( For Her Myanmar )
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒေါသကြီးတတ်တဲ့သူတစ်ယောက်လား။ မိန်းကလေးတစ်ယောက်အနေနဲ့ ဒေါသကြီးတာဟာမကောင်းဘူးဆိုပေမဲ့လည်း လူပုစိတ်တို၊ လူကောင်သေးသလောက် ဒေါသကြီးတတ်တဲ့ ကောင်မလေးတွေဟာ ချစ်ဖို့ကောင်းကြပါတယ်။ သူတို့ဟာ စိတ်ကတိုလွယ်တတ်တယ်ဆိုပေမဲ့ ကောင်းတဲ့အချက်လေးတွေလည်းရှိပါတယ်နော်။

၁) ပွင့်လင်းတယ်။

စိတ်ဆတ်တဲ့သူ အများစုက ပွင့်လင်းကြပါတယ်။ ပြောစရာရှိရင်လည်း တဲ့တိုးပြောတတ်ကြသလို စကားကိုကွေ့ဝိုက်ပြောတာမျိုး သဘောမကျကြပါဘူး။ တစ်ခါတလေ စကားကို တုတ်ထိုးအိုးပေါက် ပြောတတ်ကြတာမို့ သူတို့အကြောင်း မသိသူတွေကတော့ ဘယ်လိုလဲဆိုပြီးထင်မြင်တတ်ကြပါတယ်။

၂) မာယာမများဘူး။

ဒေါသကြီးတယ်ဆိုတာ မဟုတ်မမှန်ရင် ခေါင်းငုံ့သည်းခံဖို့ကို မလုပ်ချင်လို့ပါ။ ကိုယ့်ကို မမှန်တာစွပ်စွဲပြောဆိုလာတာကို ပြန်လည်ချေပပြောဆိုဖို့ ကြိုးစားတာများပြီး လူအမြင်မှာ ဒေါသကြီးတယ် ဖြစ်လာတာပါ။ တစ်နည်းအားဖြင့် သူတို့က သူများထက်စာရင် ချက်ကျလက်ကျပြောဖို့ကို အာရုံမရဘဲ ဟောဟောဒိုင်းဒိုင်းတွေပြောတဲ့အတွက် ပြဿနာတစ်ခုဖြစ်ရင် သူ့ဖြူစင်မှုကို တစ်ဖက်သားကို အပြည့်အဝမပြနိုင်ပါဘူး။ ဒါပေမဲ့ သင့်အပေါ်ကို ပြုံးပြုံးလေးဆက်ဆံပြီး နောက်ကွယ်ကျမှ အရှိုက်ထိအောင်လုပ်မဲ့ လုပ်ရပ်မျိုး သူတို့မလုပ်ပါဘူး။

၃) မရှက်ဘူး။

တစ်နည်းအားဖြင့် ပဲမများဘူးပေါ့။ သာမန်အချိန်သာ အေးဆေးနေရင်နေပေမဲ့ စိတ်တိုလာတဲ့အခါ လူကြားထဲအော်ရမှာလည်း မရှက်တတ်ပါဘူး။ ဒါဟာ သူတို့ဒေါသထွက်ရတဲ့အချိန်မှာ ကျန်တာဘာမှအာရုံမရတော့လို့ပါ။ ပြဿနာဖြစ်ပြီးတဲ့အချိန်ဆို သူတို့စိတ်ထဲ ဘာအညိုးအတေးမှ ကျန်မှာမဟုတ်ပါဘူး။

၄) ပေါ့ပါးတဲ့စိတ်ရှိတယ်။

အချို့မိန်းကလေးတွေက ပြဿနာတစ်ခုဖြစ်ရင် ကိုယ့်ကိုယ်ကိုချုပ်တည်းပြီး စိတ်ထဲမှာပဲ သိမ်းထားကြပါတယ်။ ကြာလာတဲ့အခါ စိတ်ဒဏ်ရာတွေဖြစ်လာတာပေါ့။ စိတ်ဆတ်တဲ့သူတွေကတော့ ပြဿနာတစ်ခုဖြစ်လာတဲ့အခါ ပွင့်ပွင့်လင်းလင်းရင်ဆိုင်တာကြောင့် ဘယ်အရာမဆိုရင်ထဲမှာပဲ မြိုသိပ်ထားတဲ့အမျိုးသမီးတွေထက် လွတ်လပ်ပေါ့ပါးတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။

ဒေါသကြီးတာဟာ တစ်ခါတစ်ရံမှာ ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ဆန်ဆန်လုပ်တတ်တာမို့ နောင်တရမဲ့ဖြစ်ရပ်မျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲယောင်းတို့ဟာ တစ်ဘက်ကကြည့်ရင် ချစ်ဖို့တော့ကောင်းနေဦးမှာပါပဲ။ အဲလို ဆတ်ဆတ်ကြဲ ဒေါသအိုးလေးတွေကို မန်းရှင်းခေါ်သွားဖို့ မမေ့နဲ့ဦးနော်.. 😉

Credit : Miko ( For Her Myanmar )

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top