iMyanmarHouse.com - Best Property Website for Myanmar
×

ေစ်းကြက္အတြင္းမွာ အလြယ္တကူ၀ယ္လုိ႔ရႏိုင္တဲ့ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ေတြကို ခဏေမ့ထားလိုက္ပါ။ သဘာဝနည္းလမ္းေတြကို အသံုးျပဳၿပီး ေဗာက္ေတြကို ဖယ္ရွားႏိုင္ပါတယ္။ ေဗာက္ျပႆနာကို ေျဖရွင္းႏိုင္မဲ့ နည္းလမ္းေကာင္းေလးေတြကို မွ်ေ၀ေပးသြားမွာျဖစ္လို႔ မိမိအဆင္ေျပတဲ့နည္းကို အသံုးျပဳႏိုင္မွာပါ။

၁။ လက္ဖက္ဆီ

မိမိေလွ်ာ္ေနက် ေခါင္းေလွ်ာ္ရည္ထဲကို လက္ဖက္ဆီ ၅ % ေလာက္ေရာၿပီး ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ေဗာက္ထတာကို သိသိသာသာ ေလွ်ာ့ခ်ေပးႏိုင္လိမ့္မယ္လို႔ ေလ့လာေတြ႔ရွိခ်က္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

၂။ မုန္႔ဖုတ္ ဆိုဒါ

ဦးေခါင္းကို စိုစြတ္အာင္ျပဳလုပ္ၿပီး မုန္႔ဖုတ္ဆိုဒါ လက္တစ္ဆုပ္စာကို ယူကာ ဦးေရျပားေပၚ လိမ္းႏွယ္ေပးပါ။ ေခါင္းေလွ်ာ္ရည္မသံုးဘဲ ဒီအတိုင္းေရနဲ႔ ေဆးေၾကာေပးပါ။ မုန္႔ဖုတ္ဆိုဒါဟာ ေဗာက္ျဖစ္ေစႏိုင္တဲ့ မိႈျဖစ္ေပၚမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အစပိုင္းမွာေတာ့ သင့္ရဲ့ ဆံႏြယ္ေလးေတြ ေျခာက္ေသြ႕သြားႏိုင္ပါတယ္။ ဒါေပမဲ့ ရက္သတၱပတ္အနည္းငယ္ၾကာရင္ေတာ့ ဆံႏြယ္ေလးေတြ ပိုမိုေပ်ာ့ေျပာင္းလာၿပီး ေဗာက္ကင္းစင္လာမွာပါ။

၃။ ပန္းသီးရွလကာရည္

စပေရးဘူးထဲကို ပန္းသီးရွလကာရည္ (ခြက္တခြက္ရဲ့ ၄ပံု၁ပံု ပမာဏ) နဲ႔ ေရ (ခြက္တစ္ခြက္ရဲ့ ၄ပံု၁ပံုပမာဏ) ထည့္ၿပီး ေရာေႏွာေအာင္ လႈပ္ခါလိုက္ကာ သင့္ဦးေခါင္းေပၚ ျဖန္းေပးပါ။ အဲဒီေနာက္ ဦးေခါင္းကို သဘက္နဲ႔ ၁၅ မိနစ္ကေန ၁ နာရီၾကား အုပ္ထားေပးၿပီး ေခါင္းေလွ်ာ္ခ်ေပးပါ။ ( မွတ္ခ်က္။ ။ တစ္ပတ္ (၂) ႀကိမ္ျပဳလုပ္ေပးပါ။)

၄။ Mouthwash (ပလုတ္က်င္းရည္)

ေဗာက္ေတြကို ဖယ္ရွားႏိုင္မဲ့ ေနာက္တစ္နည္းကေတာ့ Mouthwash (ပလုတ္က်င္းရည္) ပါ။ သင္ပံုမွန္ေလွ်ာ္ေနက် ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ပါ။ အဲဒီေခါင္းေလွ်ာ္ရည္ကို ပလုတ္က်င္းရည္နဲ႔ ေလွ်ာ္ခ်ပါ။ ထို႔ေနာက္ သင္ပံုမွန္သံုးေနတဲ့ ဆံပင္ေပ်ာ့ေဆးကို သံုးပါ။

၅။ အုန္းဆီ

ေခါင္းမေလွ်ာ္ခင္မွာ အုန္းဆီကို စားပြဲတင္ဇြန္း ၃ ကေန ၅ ဇြန္းထိကို သင့္ဦးေရျပားေပၚ ပြတ္လိမ္းေပးၿပီး တစ္နာရီခန္႔ ထားပါ။ အဲဒီေနာက္ ေခါင္းေလွ်ာ္ခ်လိုက္ပါတယ္။

၆။ သံပယိုသီး

သံပယိုသီး အရည္ စားပြဲတင္ဇြန္း ၂ ဇြန္းကို ဦးေရျပားေပၚ လိမ္းေပးၿပီး ေရနဲ႔ ေလွ်ာ္ခ်ပါ။ အဲဒီေနာက္ သံပယိုရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို ေရတစ္ခြက္ထဲ ထည့္ၿပီး အဲဒီေရနဲ႔ ေခါင္းေလွ်ာ္ခ်ေပးပါ။ အဲဒီနည္းလမ္းအတိုင္း  ေဗာက္မေပ်ာက္မခ်င္း ေန႔စဥ္ျပဳလုပ္ေပးႏိုင္ပါတယ္။

၇။ ဆား

ေခါင္းမေလွ်ာ္ခင္ ဆားကို သင့္ရဲ့ ေျခာက္ေသြ႕တဲ့ ဦးေရျပားေပၚမွာ ပြတ္လိမ္းေပးၿပီး ဦးေခါင္းတစ္ခုလံုးကို လိမ္းေပးပါ။ အဲဒီေနာက္ ေခါင္းေလွ်ာ္ခ်ပါ။

၈။ ရွားေစာင္းလက္ပက္

ေဗာက္ယားလြန္းလို႔ ကုပ္ေနရတဲ့ ျပႆနာကို ရွားေစာင္းလက္ပက္သံုးၿပီး ေျဖရွင္းလိုက္ၾကရေအာင္ေနာ္။ ရွားေစာင္းလက္ပက္ကို ေခါင္းမေလွ်ာ္ခင္ လိမ္းေပးလိုက္တာနဲ႔ ေဗာက္ျပႆနာကို ထိေရာက္တဲ့ ေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။

၉။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴကိုခြဲၿပီး သင့့္ဦးေရျပားေပၚ လိမ္းေပးပါ။ ၾကက္သြန္ကေန ထြက္တဲ့ အနံ႔ကို ေပ်ာက္ခ်င္ရင္ေတာ့ ပ်ားရည္နဲ႔ ေရာၿပီး ဦးေရျပားေပၚလိမ္းေပးကာ ေခါင္းေလွ်ာ္ခ်လိုက္ပါ။

၁၀။ သံလြင္ဆီ

သံလြင္ဆီ ၁၀ စက္ေလာက္ကို ထည့္ကာ ဦးေရျပားေပၚ လိမ္းေပးၿပီး ေရခ်ိဳးခန္းသံုး ေခါင္းစြပ္ကို တညလံုး စြပ္ၿပီး အိပ္ပါ။ မနက္ပိုင္းမွာ ေခါင္းေလွ်ာ္ခ်လိုက္ပါ။ သံလြင္ဆီပါ၀င္တဲ့ ေခါင္းေလွ်ာ္ရည္ကိုလည္း ရွာ၀ယ္လို႔ရပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဈေးကွက်အတွင်းမှာ အလွယ်တကူဝယ်လို့ရနိုင်တဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်တွေကို ခဏမေ့ထားလိုက်ပါ။ သဘာဝနည်းလမ်းတွေကို အသုံးပြုပြီး ဗောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဗောက်ပြဿနာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားမှာဖြစ်လို့ မိမိအဆင်ပြေတဲ့နည်းကို အသုံးပြုနိုင်မှာပါ။

၁။ လက်ဖက်ဆီ

မိမိလျှော်နေကျ ခေါင်းလျှော်ရည်ထဲကို လက်ဖက်ဆီ ၅ % လောက်ရောပြီး ခေါင်းလျှော်ပေးလိုက်ပါ။ ဗောက်ထတာကို သိသိသာသာ လျှော့ချပေးနိုင်လိမ့်မယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

၂။ မုန့်ဖုတ် ဆိုဒါ

ဦးခေါင်းကို စိုစွတ်အာင်ပြုလုပ်ပြီး မုန့်ဖုတ်ဆိုဒါ လက်တစ်ဆုပ်စာကို ယူကာ ဦးရေပြားပေါ် လိမ်းနှယ်ပေးပါ။ ခေါင်းလျှော်ရည်မသုံးဘဲ ဒီအတိုင်းရေနဲ့ ဆေးကြောပေးပါ။ မုန့်ဖုတ်ဆိုဒါဟာ ဗောက်ဖြစ်စေနိုင်တဲ့ မှိုဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။ အစပိုင်းမှာတော့ သင့်ရဲ့ ဆံနွယ်လေးတွေ ခြောက်သွေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ်အနည်းငယ်ကြာရင်တော့ ဆံနွယ်လေးတွေ ပိုမိုပျော့ပြောင်းလာပြီး ဗောက်ကင်းစင်လာမှာပါ။

၃။ ပန်းသီးရှလကာရည်

စပရေးဘူးထဲကို ပန်းသီးရှလကာရည် (ခွက်တခွက်ရဲ့ ၄ပုံ၁ပုံ ပမာဏ) နဲ့ ရေ (ခွက်တစ်ခွက်ရဲ့ ၄ပုံ၁ပုံပမာဏ) ထည့်ပြီး ရောနှောအောင် လှုပ်ခါလိုက်ကာ သင့်ဦးခေါင်းပေါ် ဖြန်းပေးပါ။ အဲဒီနောက် ဦးခေါင်းကို သဘက်နဲ့ ၁၅ မိနစ်ကနေ ၁ နာရီကြား အုပ်ထားပေးပြီး ခေါင်းလျှော်ချပေးပါ။ ( မှတ်ချက်။ ။ တစ်ပတ် (၂) ကြိမ်ပြုလုပ်ပေးပါ။)

၄။ Mouthwash (ပလုတ်ကျင်းရည်)

ဗောက်တွေကို ဖယ်ရှားနိုင်မဲ့ နောက်တစ်နည်းကတော့ Mouthwash (ပလုတ်ကျင်းရည်) ပါ။ သင်ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပါ။ အဲဒီခေါင်းလျှော်ရည်ကို ပလုတ်ကျင်းရည်နဲ့ လျှော်ချပါ။ ထို့နောက် သင်ပုံမှန်သုံးနေတဲ့ ဆံပင်ပျော့ဆေးကို သုံးပါ။

၅။ အုန်းဆီ

ခေါင်းမလျှော်ခင်မှာ အုန်းဆီကို စားပွဲတင်ဇွန်း ၃ ကနေ ၅ ဇွန်းထိကို သင့်ဦးရေပြားပေါ် ပွတ်လိမ်းပေးပြီး တစ်နာရီခန့် ထားပါ။ အဲဒီနောက် ခေါင်းလျှော်ချလိုက်ပါတယ်။

၆။ သံပယိုသီး

သံပယိုသီး အရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ဦးရေပြားပေါ် လိမ်းပေးပြီး ရေနဲ့ လျှော်ချပါ။ အဲဒီနောက် သံပယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေတစ်ခွက်ထဲ ထည့်ပြီး အဲဒီရေနဲ့ ခေါင်းလျှော်ချပေးပါ။ အဲဒီနည်းလမ်းအတိုင်း  ဗောက်မပျောက်မချင်း နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

၇။ ဆား

ခေါင်းမလျှော်ခင် ဆားကို သင့်ရဲ့ ခြောက်သွေ့တဲ့ ဦးရေပြားပေါ်မှာ ပွတ်လိမ်းပေးပြီး ဦးခေါင်းတစ်ခုလုံးကို လိမ်းပေးပါ။ အဲဒီနောက် ခေါင်းလျှော်ချပါ။

၈။ ရှားစောင်းလက်ပက်

ဗောက်ယားလွန်းလို့ ကုပ်နေရတဲ့ ပြဿနာကို ရှားစောင်းလက်ပက်သုံးပြီး ဖြေရှင်းလိုက်ကြရအောင်နော်။ ရှားစောင်းလက်ပက်ကို ခေါင်းမလျှော်ခင် လိမ်းပေးလိုက်တာနဲ့ ဗောက်ပြဿနာကို ထိရောက်တဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

၉။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကိုခွဲပြီး သင့်ဦးရေပြားပေါ် လိမ်းပေးပါ။ ကြက်သွန်ကနေ ထွက်တဲ့ အနံ့ကို ပျောက်ချင်ရင်တော့ ပျားရည်နဲ့ ရောပြီး ဦးရေပြားပေါ်လိမ်းပေးကာ ခေါင်းလျှော်ချလိုက်ပါ။

၁၀။ သံလွင်ဆီ

သံလွင်ဆီ ၁၀ စက်လောက်ကို ထည့်ကာ ဦးရေပြားပေါ် လိမ်းပေးပြီး ရေချိုးခန်းသုံး ခေါင်းစွပ်ကို တညလုံး စွပ်ပြီး အိပ်ပါ။ မနက်ပိုင်းမှာ ခေါင်းလျှော်ချလိုက်ပါ။ သံလွင်ဆီပါဝင်တဲ့ ခေါင်းလျှော်ရည်ကိုလည်း ရှာဝယ်လို့ရပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top