iMyanmarHouse.com - Best Property Website for Myanmar
×

ပန္းေဂၚဖီစိမ္းရဲ႕ က်န္းမာေရး အက်ိဳးအာနိသင္မ်ား

ခုေနာက္ပိုင္းမွာ ပန္းေဂၚဖီစိမ္းကို ေတာ္ေတာ္မ်ားမ်ားေလး စားသံုးလာၾကသလုိ ေဈးထဲမွာလည္း ခပ္မ်ားမ်ား ေတြ႔ရႏိုင္ပါတယ္။ အစိမ္းေရာင္ ပန္းေဂၚဖီဟာ အျဖဴေရာင္ ပန္းေဂၚဖီလိုပဲ ပံုသ႑ာန္ဆင္တူၿပီး အစိမ္းေရာင္ ပန္းေဂၚဖီကေတာ့ နည္းနည္းေလး ပိုေသးပါတယ္။ အစားအစာေတာ္ေတာ္မ်ားမ်ားဟာ ပန္းေဂၚဖီစိမ္းကို ထည့္ခ်က္ၾကၿပီး က်န္းမာေရးအတြက္လည္း အထူးသင့္ေတာ္ပါတယ္။ ခႏၶာကိုယ္က်န္းမာေရးအတြက္ ပန္းေဂၚဖီစိမ္းက ေပးစြမ္းႏုိင္တဲ့ က်န္းမာေရး အက်ိဳးအာနိသင္ေတြကို ေဖာ္ျပလိုက္ပါတယ္။

ကင္ဆာေရာဂါ

ပန္းေဂၚဖီစိမ္းဟာ ကင္ဆာေရာဂါေတြကို သက္သာေစပါတယ္။ ပန္းေဂၚဖီစိမ္းမွာ estrogen ပါဝင္ၿပီး ကင္ဆာျဖစ္ေစႏိုင္တဲ့ အရာေတြကို တိုက္ထုတ္ေပးပါတယ္။ သုေတသီေတြက ပန္းေဂၚဖီစိမ္းဟာ ရင္သားကင္ဆာနဲ႔ သားအိမ္ကင္ဆာ ျဖစ္ေစႏိုင္မႈကို ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ ဆိုထားပါတယ္။

ကိုလက္စထေရာ

ပန္းေဂၚဖီစိမ္းဟာ တျခားအစားအစာေတြလုိပဲ ေပ်ာ္ဝင္ႏုိင္တဲ့ အမွ်င္ဓါတ္ပါဝင္တာေၾကာင့္ ကိုလက္စထေရာေတြကို ေလွ်ာ့က်ေစပါတယ္။ အမွ်င္ဓါတ္ေတြေၾကာင့္ အစာေျခလမ္းေၾကာင္း ေကာင္းမြန္ဖို႔ကိုလည္း စြမ္းေဆာင္ေပးႏုိင္ပါတယ္။ Institute of Food Research ကေတာ့ ပန္းေဂၚဖီစိမ္းဟာ မေကာင္းတဲ့ကိုလက္စထေရာေတြကို (၆) ရာခိုင္ႏႈန္း ေလွ်ာ့က်ေစတယ္လို႔ ဆိုထားပါတယ္။

ေရာင္ရမ္းျခင္းကို သက္သာေစျခင္း

ပန္းေဂၚဖီစိမ္းမွာ အိုမီဂါ ၃ ပါဝင္တာေၾကာင့္ ေရာင္ရမ္းျခင္းေတြကို သက္သာေစပါတယ္။ ဒါ့အျပင္ အဆစ္ေရာဂါ ရွိသူေတြခံစားေနရတဲ့ အဆစ္ကိုက္ခဲျခင္းကိုလည္း ေလွ်ာ့နည္းေစပါတယ္။

အရိုးက်န္းမာေရး

ပန္းေဂၚဖီစိမ္းမွာ ကယ္လ္စီယမ္နဲ႔ ဗီတာမင္ ေက ႏွစ္မ်ိဳးလံုး လံုလံုေလာက္ေလာက္ ပါဝင္တာေၾကာင့္ အရိုးပြေရာဂါေတြ မျဖစ္ေစဘဲ အရိုးက်န္းမာေရးေကာင္းဖို႔ ထိန္းသိမ္းေပးပါတယ္။ ပန္းေဂၚဖီစိမ္းကို ေန႔တိုင္းခ်က္စားတဲ့ ဟင္းလ်ာေတြထဲမွာ ထည့္စားေပးပါ။

ႏွလံုးက်န္းမာေရး

ႏွလံုးေရာဂါအခံရွိသူေတြအေနနဲ႔ ပန္းေဂၚဖီစိမ္း စားေပးဖို႔ လိုပါတယ္။ ပန္းေဂၚဖီစိမ္းထဲမွာ ITCs ထဲက တစ္ခုျဖစ္တဲ့ Sulforaphane ပါဝင္တာမို႔ ေသြးတြင္းသၾကားဓါတ္ေၾကာင့္ ေသြးေၾကာအနားသတ္ေတြ ပ်က္စီးျခင္းကေန ကာကြယ္ေပးပါတယ္။ ပန္းေဂၚဖီစိမ္းမွာ အမွ်င္ဓါတ္၊ fatty acid နဲ႔ ဗီတာမင္ေတြလည္း ပါဝင္ေသးတာေၾကာင့္ ခႏၶာကိုယ္အတြင္း ေသြးဖိအားကိုလည္း ထိန္းထားေပးပါတယ္။ ဒါ့အျပင္ က်န္းမာေရးအတြက္ မသင့္ေတာ္တဲ့ ကိုလက္စထေရာေတြကို ေလွ်ာ့က်ေစတာေၾကာင့္ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

အသားအေရ

အသားအေရ ေကာင္းမြန္ျခင္းဆိုတာကလည္း က်န္းမာေရးနဲ႔ သက္ဆိုင္ပါတယ္ေနာ္။ ပန္းေဂၚဖီစိမ္းမွာ ဗီတာမင္စီ၊ ဇင့္လုိမ်ိဳးပဲ ဓါတ္တိုးဆန္႔က်င္မႈေတြ မ်ားမ်ား ပါဝင္တာေၾကာင့္ အသားအေရ ၾကည္လင္ေတာက္ပေစပါတယ္။ အသားအေရ နီျမန္းျခင္းေတြ မျဖစ္ဖို႔အတြက္လည္း ပန္းေဂၚဖီစိမ္းမွာ ပါဝင္တဲ့ အမိုင္ႏိုအက္ဆစ္က စြမ္းေဆာင္ေပးႏိုင္ပါေသးတယ္။

ပန္းေဂၚဖီစိမ္းရဲ႕ အက်ိဳးေက်းဇူးေတြ သိရၿပီဆုိေတာ့ မ်ားမ်ားစားေပးေနာ္။ ဒါမွ က်န္းမာေရး ေကာင္းမြန္လာမွာျဖစ္ၿပီး စိတ္သြားတိုင္း ကိုယ္ပါႏုိင္မွာေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ

ခုနောက်ပိုင်းမှာ ပန်းဂေါ်ဖီစိမ်းကို တော်တော်များများလေး စားသုံးလာကြသလို ဈေးထဲမှာလည်း ခပ်များများ တွေ့ရနိုင်ပါတယ်။ အစိမ်းရောင် ပန်းဂေါ်ဖီဟာ အဖြူရောင် ပန်းဂေါ်ဖီလိုပဲ ပုံသဏ္ဍာန်ဆင်တူပြီး အစိမ်းရောင် ပန်းဂေါ်ဖီကတော့ နည်းနည်းလေး ပိုသေးပါတယ်။ အစားအစာတော်တော်များများဟာ ပန်းဂေါ်ဖီစိမ်းကို ထည့်ချက်ကြပြီး ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပန်းဂေါ်ဖီစိမ်းက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးအာနိသင်တွေကို ဖော်ပြလိုက်ပါတယ်။

ကင်ဆာရောဂါ

ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာရောဂါတွေကို သက်သာစေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ estrogen ပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပါတယ်။ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းဟာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်စေနိုင်မှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ကိုလက်စထရော

ပန်းဂေါ်ဖီစိမ်းဟာ တခြားအစားအစာတွေလိုပဲ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် ကိုလက်စထရောတွေကို လျှော့ကျစေပါတယ်။ အမျှင်ဓါတ်တွေကြောင့် အစာခြေလမ်းကြောင်း ကောင်းမွန်ဖို့ကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ Institute of Food Research ကတော့ ပန်းဂေါ်ဖီစိမ်းဟာ မကောင်းတဲ့ကိုလက်စထရောတွေကို (၆) ရာခိုင်နှုန်း လျှော့ကျစေတယ်လို့ ဆိုထားပါတယ်။

ရောင်ရမ်းခြင်းကို သက်သာစေခြင်း

ပန်းဂေါ်ဖီစိမ်းမှာ အိုမီဂါ ၃ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အဆစ်ရောဂါ ရှိသူတွေခံစားနေရတဲ့ အဆစ်ကိုက်ခဲခြင်းကိုလည်း လျှော့နည်းစေပါတယ်။

အရိုးကျန်းမာရေး

ပန်းဂေါ်ဖီစိမ်းမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ကေ နှစ်မျိုးလုံး လုံလုံလောက်လောက် ပါဝင်တာကြောင့် အရိုးပွရောဂါတွေ မဖြစ်စေဘဲ အရိုးကျန်းမာရေးကောင်းဖို့ ထိန်းသိမ်းပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းကို နေ့တိုင်းချက်စားတဲ့ ဟင်းလျာတွေထဲမှာ ထည့်စားပေးပါ။

နှလုံးကျန်းမာရေး

နှလုံးရောဂါအခံရှိသူတွေအနေနဲ့ ပန်းဂေါ်ဖီစိမ်း စားပေးဖို့ လိုပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲမှာ ITCs ထဲက တစ်ခုဖြစ်တဲ့ Sulforaphane ပါဝင်တာမို့ သွေးတွင်းသကြားဓါတ်ကြောင့် သွေးကြောအနားသတ်တွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ အမျှင်ဓါတ်၊ fatty acid နဲ့ ဗီတာမင်တွေလည်း ပါဝင်သေးတာကြောင့် ခန္ဓာကိုယ်အတွင်း သွေးဖိအားကိုလည်း ထိန်းထားပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် မသင့်တော်တဲ့ ကိုလက်စထရောတွေကို လျှော့ကျစေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အသားအရေ

အသားအရေ ကောင်းမွန်ခြင်းဆိုတာကလည်း ကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်နော်။ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီ၊ ဇင့်လိုမျိုးပဲ ဓါတ်တိုးဆန့်ကျင်မှုတွေ များများ ပါဝင်တာကြောင့် အသားအရေ ကြည်လင်တောက်ပစေပါတယ်။ အသားအရေ နီမြန်းခြင်းတွေ မဖြစ်ဖို့အတွက်လည်း ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က စွမ်းဆောင်ပေးနိုင်ပါသေးတယ်။

ပန်းဂေါ်ဖီစိမ်းရဲ့ အကျိုးကျေးဇူးတွေ သိရပြီဆိုတော့ များများစားပေးနော်။ ဒါမှ ကျန်းမာရေး ကောင်းမွန်လာမှာဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာနော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top