iMyanmarHouse.com - Best Property Website for Myanmar
×
၃။ Pita Bread
၎။ သစ်ကြားပေါင်မုန့်
၅။ Baguette ပေါင်မုန့်
Credit : My Food
မနက်စာလို့ပြောလိုက်တာနဲ့ အတွေးထဲကိုရောက်လာတာက ပေါင်မုန့်မီးကင်တစ်ချပ်နဲ့ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ပူပူလေးတစ်ခွက်ဖြစ်နိုင်ပါတယ်။ မနက်စာပုံစံမျိုးစုံတိုင်းမှာ ပေါင်မုန့်ပါလေ့ရှိပြီး အသွင်အမျိုးမျိုးနဲ့ စားသုံးလျက်ရှိနေပါတယ်။
ပေါင်မုန့်တွေက ဂျုံ၊ ပြောင်းတို့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်လို့ ယခုတခါမှာ ဈေးကွက်ထဲမှာ အတွေ့အများဆုံး ပေါင်မုန့်အမျိုးအစားငါးမျိုးနဲ့ သူတို့ရဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ ပျားရည်နှင့်အုတ်ဂျုံပေါင်မုန့်
ပေါင်မုန့်တွေထဲမှာမှ ကျန်းမာရေးနဲ့အညီညွတ်ဆုံးဖြစ်ပြီး ဗီတာမင်ဒီနှင့်ဖော့စဖောရပ်စ်ဓာတ်တို့ကို ထောက်ပံ့ပေးပါတယ်။ အစာခြေဖျက်အားလည်းကောင်းစေတဲ့အတွက် စားသုံးကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
၂။ ရိုင်းဂျုံပေါင်မုန့်
ရိုင်းဂျုံမှုန့်ကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့ ပေါင်မုန့်အမျိုးအစားဖြစ်လို့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ Secalin ဟုခေါ်သည့် ပရိုတင်းဓာတ်တစ်မျိုးလည်းပါဝင်လို့ အစာစားချင်စိတ်ကို ဖိနှိပ်ပေးကာ အချိန်အကြာကြီးပြည့်အင့်နေစေပါတယ်။
၃။ Pita Bread
စိုစိုကလေးနဲ့ စားရတာပေါ့ပေါ့ပါးပါးရှိတဲ့ Pita Bread ဟာဆိုရင် လုံးတီးဂျုံမှုန့်နှင့်ပြုလုပ်ထားတာပါ။ ကယ်လိုရီပါဝင်မှုနည်းပါးရုံသာမက ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် ဗီတာမင်ဘီ၊ Manganese တို့ပါပေါင်းစပ်ပါဝင်ပြီး အရသာလည်းအလွန်ရှိပါတယ။
၄။ သစ်ကြားပေါင်မုန့်
အိုမီဂါသရီးဖက်တီးအက်စစ် အလွန်ကြွယ်ဝသော သစ်ကြားပေါင်မုန့်ဟာ ကိုယ်ခံအားကို သိသိသာသာ မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။
၅။ Baguette ပေါင်မုန့်
ရှည်မျောမျောနှင့် ပြင်သစ်ပေါင်မုန့်တစ်မျိုးဖြစ်သည့် Baguette ပေါင်မုန့်ဟာ အဆီနှင့်သကြားပါဝင်မှုနည်းပါးသည့် မုန့်နှစ်နှင့်ပြုလုပ်ထားပါတယ်။ အပြင်ဖက်ကြွပ်ရွရွနှင့် အတွင်းသားနူးအိသည့် Baguette ပေါင်မုန့်တွင် ဗီတာမင်ဘီနှင် သံဓာတ်တို့ အပြည့်ပါဝင်ပါတယ်။
Credit : My Food
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top